အမွန်မြတ်ဆုံးသော် အရာလေးတစ်ခုကို ထပ်မံလှူဒါန်းမှုများပြုလုပ်လိုက်ပြန်တဲ့ စမိုင်းလ်

မင်းသမီးချော စမိုင်းလ်ကတော့ ချစ်ရတဲ့သမီးချောလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ဒါ့အပြင် စမိုင်းလ်က အလှူအတန်းနဲ့ပတ်သက်ရင်လည်း ရက်ရက်ရောရောရှိပြီး စေတနာထက်သန်စွာ မကြာခဏဆိုသလို လှူဒါန်းလေ့ရှိတာလည်းဖြစ်ပါတယ် ။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကိုလည်း ဖန်တီးတည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ လက်ရှိမှာဆိုရင်လည်း အလှူအတန်းတွေကို တတ်နိုင်သလောက်အများအပြားလုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါ့အပြင် ချစ်ခင်ပွန်းရဲ့မွေးနေ့အလှူအဖြစ်လည်း အလှူအတန်းများစွာ online birthday ဆိုတဲ့နာမည်လေးနဲ့ လှူဒါန်းခဲ့ပါသေးတယ်။အခုလည်း “မဟာပဌာန်းအလှူကုသိုလ် “ဆိုပြီး ပဌာန်းစာအုပ်များစွာကို လှူဒါန်းနေတာလည်းဖြစ်ပါတယ် ။ တကယ်ကိုလေးစားအားကျမိပြီး ကြည်နူးပီတိဖြစ်မိတာအမှန်ပဲဖြစ်တာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone

photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)





Yuan – Cele Zone

photo – Smile