စစ်ကိုင်းတိုင်း ကလေးခရိုင်မှာ ဆောက်လုပ်နေတဲ့ ဇီဝိတဒါနသံဃာ့ဆေးရုံအတွက် အလှူငွေတွေလှူဒါန်းပေးခဲ့တဲ့ Rဇာနည်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် Rဇာနည်တို့ မိသားစုကတော့ လတ်တလောမှာ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Rဇာနည်တို့ မိသားစုကတော့ အလှူအတန်းတွေကို အမြဲတမ်းလိုလိုပြုလုပ်နေခဲ့တာဖြစ်ပြီး အခုလို ကိုဗစ်ကာလမှာ ကိုဗစ်ကုသရေးအတွက် လိုအပ်တာတွေကို ပိုလို့တောင် လှူဒါန်းပေးနေခဲ့ပါတယ်။

အခုတစ်ခေါက်မှာလည်း Rဇာနည်တို့ မိသားစုကတော့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ကလေးဝမြို့နယ် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော်ကြီးဘဒ္ဒန္တဦးပညာဇောတ ဦးစီးတည်ဆောက်နေတဲ့ ဇီဝိတဒါန သံဃာ့ဆေးရုံအတွက် တတ်နိုင်သလောက်လှူဒါန်းပေးလိုက်တာပဲဖြစ်ပါတယ်။ဆေးရုံဆောက်လုပ်ရာတွင်လိုအပ်တာသုံစွဲဖို့အတွက် အလှူငွေ (၅)သိန်းကျပ်တိတိကို လှူဒါန်းပေးလိုက်တာပဲဖြစ်ပါတယ်။

အခုလို လှူဒါန်းရတဲ့ အကျိုးကြောင့် Rဇာနည်တို့ မိသားစုတွေအကုန်လုံး အသက်ရှည်ရောဂါကင်းပြီး ယခုကျရောက်နေသောရောဂါကပ်ဆိုးကြီးမှ ကင်းလွတ်ကြပါစေ နောက်နောင်မှာလည်း ဒီထက်မကလှူဒါန်းပေးနိုင်ပါစေလို့ CeleZone ကနေ ဆုမွန်ကောင်းတောင်းပေးထားပါတယ်။CeleZone ပရိသတ်ကြီးတွေလည်း Rဇာနည်တို့ မိသားစုရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦး။

Chilli – CeleZone
Source – Mar Lar Myint