ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့အကြိုအလှူအဖြစ် အိမ်ထောင်စု (၁၀၀)ကို စာနပ်ရိက္ခာတွေလှူဒါန်းပေးလိုက်တဲ့ စမုင်းလ်

ပရိသတ်ကြီးရေ သရုပ်ဆောင် စမိုင်းလ်ကတော့ အလှူအတန်းတွေကို အခါအခွင့်သင့်တိုင်းလှူဒါန်းပေးနေခဲ့တာပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ ဒီအောက်တိုဘာလမှာဆိုရင်လည်း ခင်ပွန်းဖြစ်သူရဲ့မွေးလလေးဖြစ်တာကြောင့် အလှူတွေကို နေ့စဉ်ဆက်တိုက် မနားတမ်းကို လှူဒါန်းပေးနေခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း တိုက်ရိုက်လှူဒါန်းတာတွေရှိသလို အဖွဲ့အစည်တွေကနေလည်း တစ်ဆင့်လှူဒါန်းပေးတာတွေလည်း ရှိနေခဲ့ပါတယ်။

ဘာသာရေးတွေလုပ်ဆောင် နိုင်ဖို့တွေလည်း လှူဒါန်းနေခဲ့သလို ကိုဗစ်ကုသရေးအတွက ်လိုအပ်တာတွေကိုလည်း တောက်လျှောက်ဆိုသလို လှူဒါန်းပေးနေခဲ့တာပါ။လတ်တလောမှာလည်း စမိုင်းက ခင်ပွန်းဖြစ်သူရဲ့မွေးနေကအကြိုအလှူအနေနဲ့ ကိုဗစ်ကာလမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ဒလမြို့နယ်၊ အံ့ကြီးအနောက်ရှိ အခြေခံလူတန်းစားများအတွက် တစ်အိမ်ထောင်လျှင် (၁၅,၀၀၀) တန်ဖိုးရှိ စားနပ်ရိက္ခာတွေကို အိမ်ထောင်စု (၁၀၀) စာ (စုစုပေါင်း ၁၅သိန်း)ကို Clean Yangon အဖွဲ့ကနေ တစ်ဆင့်လှူဒါန်းပေးခဲ့ပါတယ်။

CeleZone ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ အလှူအတန်းတွေပြုလုပ်ဖို့ဆိုရင် အကြောင်းအမျိုးမျိုးနဲ့ကို လှူဒါန်းနေခဲ့တာပဲနော်။ အခုပြုလုပ်တဲ့ ခင်ပွန်းဖြစ်သူမွေးနေ့အကြို အိမ်ထောင်စု (၁၀၀)အတွက် စာနပ်ရိက္ခာအလှူကိုလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦး CeleZone ပရိသတ်ကြီးရေ။

Chilli – CeleZone
Source – Clean Yangon, စမိုင်းလ် Smile