ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်(၃) ယောက်ကို မွေးဖွားစရိတ်တာဝန်ယူပေးသွားမယ့် ဒိန်းဒေါင်

ပရိသတ်တွေရဲ့ အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ဒိန်းဒေါင်ကတော့ လတ်တလောကိုဗစ်ကာလမှာအလှူအတန်းတွေကို တတ်စွမ်းသလောက် နေ့တိုင်နီးပါး လုပ်ဆောင်နေခဲ့ပါတယ်။သူဦးဆောင်ဖွဲ့စည်းထားတဲ့ ချွန်တွန်းပရဟိတအဖွဲ့နဲ့လည်း ကိုဗစ်ကာလ အခက်အခဲဖြစ်နေတဲ့သူတွေကို လိုက်လံပြီးကူညီနေခဲ့တာပဲဖြစ်ပါတယ်။

ဒိန်းဒေါင်က အရင်ကတည်းက အလှူအတန်းတွေကို ရက်ရောစွာလှူဒါန်းလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိကိုဗစ်ကာလမှာ ပြည်သူတွေအခက်အခဲဖြစ်နေချိန်မှာတော့ ပိုလို့တောင်မှာ ကူညီလှူဒါန်းမှုတွေကို ပြုလုပ်နေခဲ့ပါတယ်။ လတ်တလောမှာလည်း ဒိန်ဒေါင်က အလှူသွားလုပ်ရင်း လှူတဲ့နေရာမှာ ကိုယ်ဝန်ကြီးနဲ့ ကိုဗစ်ကာလမို့ အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို မွေးဖွားဖို့အတွက် တာဝန်ယူပေးခဲ့ပါတယ်။

ဒီအမျိုးသမီးနဲ့ဆိုရင် ဒိန်းဒေါင်တစ်ယောက် မီးဖွားဖို့ စရိတ်ကူညီမယ့် ကိုယ်ဝန်ဆောင်က (၃)ယောက်အထိရှိနေခဲ့ပါပြီတဲ့။ CeleZone ပရိသတ်ကြီးရေ ကိုဗစ်ကာလ စားသောက်ရေးအခက်အခဲတွေအတွက် လိုက်လံလှူဒါန်းပေးနေတဲ့အပြင် အခုလို ကိုယ်ဝန်ဆောင်တွေရဲ့မွေးဖွားစရိတ်ကိုပါတာဝန်ယူပေးတဲ့ ဒိန်းဒေါင်ရဲ့ အလှူလေးက မွန်မြတ်လှပါပေတယ်။

Chilli – CeleZone
Source – Dain Daing