ဝေဘာဂီဆေးရုံကြီးမှာ နေ့လယ်စာလှူဒါန်းခဲ့တဲ့ အက်စတာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မြန်မာအိုင်ဒေါ Season (4) Winner ဆုရှင် အက်စတာကတော့ ဒီနေ့မှာ သူ့ရဲ့ပရိသတ်တွေနဲ့အတူ အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ အက်စတာကတော့ ပြိုင်ပွဲကနေအနိုင်ရပြီးကတည်းက ရရှိလာတဲ့ ဆုငွေတွေကို လိုအပ်တဲ့ နေရာမှာ လှူဒါန်းနေခဲ့ပြီး အလှူအတန်းတွေကို ဆက်တိုက်ဆိုသလိုပြုလုပ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကလည်း သူ့ရဲ့ပရိသတ်တွေနဲကအတူ စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အစားတွေကို လှူဒါန်းပေးခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း အက်စတာက သူ့ရဲ့ပရိသတ်တွေနဲ့ ဝေဘာဂီဆေးရုံကြီးမှာ အာဟာရဒါနအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ ဝေဘာဂီဆေးရုံကြီးမှာ ကုသနေတဲ့ လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်း တွေအတွက်

နေ့လယ်စာ ထမင်းဟင်း ပွဲ(၂၅၀) (စုစုပေါင်းတန်ဖိုးငွေ ၄၅၀၀၀၀)ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ အက်စတာကတော့ သူ့နဲ့ ပရိသတ်တွေရဲ့အလှူလေးကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Chilli – CeleZone
Source – Esther DCS