အင်းစိန်မှ အသက်၁၀၀အရွယ်ရှိ အသက်အကြီးဆုံး ကိုဗစ်လူနာ အဘွား ရောဂါကင်းလို့ ဆေးရုံက ဆင်းပြီ

အင်းစိန်မှ အသက်၁၀၀အရွယ်ရှိ အသက်အကြီးဆုံးကိုဗစ်လူနာ အဘွား ရောဂါကင်းလို့ ဆေးရုံက ဆင်းပြီ

အင်းစိန်မြို့နယ် က အသက်၁၀၀ အရွယ်ရှိ မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံးကိုဗစ်လူနာ အဖွားဒေါ်သိန်းခင်ဆေးရုံကဆင်းခွင့်ရရှိပြီဖြစ်ကြောင်းကို အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က

ပြောကြားခဲ့တာပါ။ထိုလူနာကတော့ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ရဲဘော် ၁လမ်းတွင်နေထိုင်သူဖြစ်ပြီးတော့ မြေးဖြစ်သူ Positiveလူနာ၏ Contact Person အဖြစ် Covid-19 ရောဂါကူးစက်ခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အင်းစိန် GTI Quarantine Center 1သို့ Quarantineဝင်ရန်ရောက်ရှိ လာခဲ့ပြီးတော့ စက်တင်ဘာလ ၂၃ ရက်မှာ Covid-19 ရောဂါ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ပိုးတွေ့ပြီးအင်းစိန်ကနေ ရိုးမရိပ်သာကုသရေးစင်တာကို

လွှဲပြောင်းကုသမှုခံယူစေခဲ့တာပါ။ Negative ပြန်ဖြစ်ပြီး ကျန်းကျန်းမာမာနဲ့အောက်တိုဘာလ ၈ ရက်နေ့မှာအင်းစိန်ဖော့ကန် ရဲဘော် ၁လမ်း နေအိမ်ကိုပြန်လည်ရောက်ရှိလာနိုင်ခဲ့ပြီ ဟု ယင်းက ပြောကြားခဲ့ပါတယ်။

အဖွားဒေါ်သိန်းခင်ဟာ အသက် ၁၀၀ ဖြစ်ပြီး မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး Positive လူနာအဖြစ် မှတ်တမ်းဝင်ခဲ့သည့်အပြင် ကုသရေးစင်တာမှ ပိုးကင်းစင်သက်သာပြီး

အောင်မြင်စွာ ပြန်လည်ဆင်းလာနိုင်သည့် အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ကြောင်းလည်း ပြောကြားခဲ့တာဘဲ ဖြစ်ပါတယ်နော်။credit ;pyi myanmar

Unicode…အင်းစိန်မှ အသက်၁၀၀အရွယ်ရှိ အသက်အကြီးဆုံးကိုဗစ်လူနာ အဘွား ရောဂါကင်းလို့ ဆေးရုံက ဆင်းပြီ