ပျော်ရွှင်မှုတွေရနိုင်ဖို့ အမျိုးသား 300 ကျော်ကို သူမနဲ့ပတ်သက်ဖို့ သွေးဆောင်ဖြားယောင်းခဲ့တဲ့ အမျိုးသမီး

လူရာပေါင်း၊ထောင်ပေါင်းများစွာတို့ရဲ့ ငွေနဲ့အခြားအရာတွေကို လိမ်လည်လှည့်စားဖို့ ကိုယ်ရေးကိုယ်တာအချက်အလက်အတုတွေနဲ့ထောင်ချောက်ဆင်ခြင်းဟာ ကမ္ဘာကြီးအတွက် အသစ်အဆန်းမဟုတ်တော့ပါဘူး။ခင်ပွန်းကအလုပ်အရမ်းများနေတာကြောင့် ပျော်ရွှင်မှုတွေရနိုင်ဖို့ တခြားယောကျ်ားတွေကို လိမ်လည်လှည့်စားခဲ့တဲ့တရုတ်နိုင်ငံ ဘေဂျင်းမြို့က ဒီကလေးနှစ်ယောက်အမေရဲ့အဖြစ်လိုပေါ့။

အဆိုပါကလေးနှစ်ယောက်အမေZhang ဟာ ၂၀၁၇ ခုနှစ်လောက်တုန်းမှာ Zhang မှအခြားနာမည်Zhou Moအဖြစ် နာမည်အတုသုံးကာ ခင်ပွန်းမရှိတဲ့မိခင်တစ်ဦးအဖြစ်အယောင်ဆောင်ပြီး သံသယကင်းတဲ့အမျိုးသားတွေကို သူမနဲ့ပတ်သက်ဖို့ သွေးဆောင်ဖြားယောင်းခဲ့ပါတယ်။

သူမဟာ ပျော်ရွှင်တဲ့အချစ်ကိုရှာဖွေဖို့အပြင် ယွမ် ၄၀၀,၀၀၀ကို သူမကလေးနှစ်ယောက်ကို ပြုစုဖို့၊အိမ်ဌားခ၊ဆေးကုသမှုစရိတ်တွေအတွက် လိုအပ်တာကြောင့် ကူညီပေးဖို့ဟန်ဆောင်တောင်းခံခဲ့ပြီး သူမရဲ့အချစ်ကို အသုံးချခဲ့ပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လမှာ Zhangရဲ့အကြောင်းကိုနောက်ခံလိုက်စစ်ဆေးခဲ့တော့ လိမ်လည်မှုတွေခံရချေရှိတဲ့သားကောင်ဖြစ်သူတစ်ဦးက သူမရဲ့အကြောင်းစုံကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ အာဏာပိုင်တွေက Zhang ကိုဖမ်းဆီးခဲ့ပြီး Zhang ရဲ့မိသားစုဝင်တွေက အတိတ်ကနှစ်နှစ်တာကာလအတွင်းသူမဘာတွေလုပ်ခဲ့လဲဆိုတာကို မသိခဲ့ကြပါဘူး။

ဖမ်းဆီးပြီးတစ်လအကြာမှာမှ သူမရရှိတဲ့ငွေအားလုံးကို အွန်လိုင်းလောင်းကစားမှာသုံးစွဲခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ခင်ပွန်းဖြစ်သူဟာ တုန်လှုပ်သွားခဲ့ရပါတယ်။လက်ရှိမှာတော့ Zhang ကိုထောင်ဒဏ်ရှစ်နှစ်နှင့်ငါးလ ချမှတ်ထားပြီး တစ်ချိန်တည်းမှာဘဲ ယွမ် ၄၀,၀၀၀ ဒဏ်ရိုက်ခံရဖွယ်လည်းရှိနေပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Jasmine (Mckzone Daily)

Source: worldofbuzz

(ZAWGYI)

လူရာပေါင်း၊ထောင်ပေါင်းများစွာတို့ရဲ့ ငွေနဲ့အခြားအရာတွေကို လိမ်လည်လှည့်စားဖို့ ကိုယ်ရေးကိုယ်တာအချက်အလက်အတုတွေနဲ့ထောင်ချောက်ဆင်ခြင်းဟာ ကမ္ဘာကြီးအတွက် အသစ်အဆန်းမဟုတ်တော့ပါဘူး။ခင်ပွန်းကအလုပ်အရမ်းများနေတာကြောင့် ပျော်ရွှင်မှုတွေရနိုင်ဖို့ တခြားယောကျ်ားတွေကို လိမ်လည်လှည့်စားခဲ့တဲ့တရုတ်နိုင်ငံ ဘေဂျင်းမြို့က ဒီကလေးနှစ်ယောက်အမေရဲ့အဖြစ်လိုပေါ့။

အဆိုပါကလေးနှစ်ယောက်အမေZhang ဟာ ၂၀၁၇ ခုနှစ်လောက်တုန်းမှာ Zhang မှအခြားနာမည်Zhou Moအဖြစ် နာမည်အတုသုံးကာ ခင်ပွန်းမရှိတဲ့မိခင်တစ်ဦးအဖြစ်အယောင်ဆောင်ပြီး သံသယကင်းတဲ့အမျိုးသားတွေကို သူမနဲ့ပတ်သက်ဖို့ သွေးဆောင်ဖြားယောင်းခဲ့ပါတယ်။သူမဟာ ပျော်ရွှင်တဲ့အချစ်ကိုရှာဖွေဖို့အပြင် ယွမ် ၄၀၀,၀၀၀ကို သူမကလေးနှစ်ယောက်ကို ပြုစုဖို့၊အိမ်ဌားခ၊ဆေးကုသမှုစရိတ်တွေအတွက် လိုအပ်တာကြောင့် ကူညီပေးဖို့ဟန်ဆောင်တောင်းခံခဲ့ပြီး သူမရဲ့အချစ်ကို အသုံးချခဲ့ပါတယ်။