လမ်းဘေးကနေ ကောက်ယူမွေးစားထားပြီး ကြီးလာမှ ဘာကောင်လဲဆိုတာ သိရ

ဇလော်ရီဒါပြည်နယ်မှာ Jeff ဆိုသူက လမ်းလျှောက်ထွက်ရင်း တိရိစ္ဆာသားပေါက်လေး တစ်ကောင်ကို မမှတ်မထင်တွေခဲ့ရပါတယ်။ အဆိုပါ သားပေါက်လေးဟာ ကြွက်သားပေါက်လေးနဲ့ တူလွန်းပါတယ်။

မိခင်နဲ့ကွဲပြီး လမ်းဘေးရောက်နေတဲ့အတွက် အခြားသူတွေ တက်နင်းမိမှာ အကောင်တစ်ကောင်ကောင်က အန္တရာယ်ပြုမှာဆိုတာကြောင့် Jeff တစ်ယောက် ဒီတိရိစ္ဆာပေါက်စလေးကို ကယ်တင်မယ်စိတ်ကူးပြီး အိမ်ကို ခေါ်ဆောင်လာခဲ့ပါတယ်။

အကောင်ပေါက်စလေးဖြစ်တာကြောင့် သူ့အတွက် နို့နဲ့ ဘီစကွတ်မုန့်ကို သေချာဂရုတစ်စိုက်ကျွေးမွေးရပြီး တစ်ဖြည်းဖြည်းနဲ့ အကောင်ကြီးလာတဲ့အခါမှာတော့ ထိုတိရိစ္ဆာန်လေးဟာ ရှူးပျံလို့ခေါ်တဲ့ ရှဉ့်အမျိုးအစားတစ်ကောင်ဆိုတာ သိခဲ့ရပါတယ်။

အကောင်ကြီးလာတော့ အရမ်းကို ချစ်ဖို့ကောင်းလာတယ်လို့ Jeff က ဆိုပါတယ်။ အဆိုပါ ရှဉ့်လေးဟာ အမ လေးဖြစ်ပြီး တစ်ခါတလေမှာ jeff နဲ့အတူ ပင်ပေါင်ဘောလုံးကစားတတ်ပါတယ်။

Jeff ရဲ့ ပြောပုံအရ ထိုရှဉ့်မလေးဟာ ကြီးကြီးမားမားရှိတဲ့ သစ်ပင်ပေါ်မှာ လှည့်ပတ်ပြေးရတာ ကြိုက်ပြီး ကျေးငှက်လေးတွရဲ့ အသံကို ကြားရတဲ့အချိန်မျိုး၊ စိတ်လှုပ်ရှားမှုရှိတဲ့အချိန်မျိုး၊ ရေချိုးသန့်စင်ပေးတဲ့ အချိန်မျိုးဆို အရာဝတ္ထုတွေအပေါ် ဟိုခုန် ဒီခုန် လုပ်နေတတ်ပါတယ်။

Jeff မှာ အိမ်မွေးခွေးလေးတစ်ကောင်ရှိပြီးJeff မရှိတဲ့အခါ ဒီခွေးကပဲ ရှဉ့်မလေးကို စောင့်ကြည့်ထားပေးရပါတယ်။

Jeff ရဲ့ စိတ်ထင် သဘာဝကျကျ တောထဲမှာ နေနေတဲ့ ဒီလိုတိရိစ္ဆာန်တွေဟာ မွေးနေကျ အိမ်မွေးတိရိစ္ဆာတွေလိုတော့ အိမ်မှာ ကြာကြာနေနိုင်မှာမဟုတ်လောက်ဘူးလို့ဆိုပါတယ်။

Unicode

Tags:news