ဆေးရုံလာတဲ့ လူနာ ၁၈ ဦးမှာ ၁၇ ဦး ပိုးတွေ့ခဲ့တဲ့ မန္တလေးနဲ့ ကြိတ်ကုသူများ သတိထားရမယ့် အခြေအနေ

မနေ့ကတစ်ရက်ထဲနဲ့ သေဆုံးသူ ၁၂ ဦးရှိခဲ့တဲ့ မန္တလေးဟာဒီနေ့မှာ ဆေးရုံကြီးကိုသယ်လာခဲ့တဲ့ အလောင်း ၄ခုမှာ ကိုဗစ်-၁၉ တွေ့ခဲ့ပါတယ်။အဲဒီထဲက ၁ ယောက်ဟာ Community Fever Clinic ရဲ့ ထိုင်ခုံပေါ်မှာ ထိုင်နေရင်းက လဲကျသေဆုံးခဲ့တာဖြစ်ပါသတဲ့။အသိ သမားတော် တစ်ဦးက ပြီးခဲ့တဲ့ ရက်ပိုင်းကဒီလိုပြောတယ်။

လူနာ တစ်ချို့ဟာ နေမကောင်းတာကို ဆရာဝန်မပြဘဲ အောက်ဆီဂျင်တိုင်းတဲ့ Pulse oximeter တွေ အောက်ဆီဂျင်အိုးတွေ Oxygen Concentrator တွေ ဝယ်ပြီး ဆေးကုနေကြတာတွေ ရှိပါသတဲ့။သူ့ကို တယ်လီဖုန်းနဲ့ ဆက်ပြီး အောက်ဆီဂျင် ၈၅% ထိကျသွားလို့ ဘာလုပ်ရမလဲ အကြံတောင်းတာတွေ ရှိလာပါသတဲ့။

တကယ်တော့ အောက်ဆီဂျင်အိုးတွေ Oxygen Concentrator တွေဟာ ပြင်းထန်တဲ့ကိုဗစ်-၁၉ မှာ အောက်ဆီဂျင်တက်လာအောင်မစွမ်းနိုင်ပါဘူး။ဒီထက် စွမ်းတဲ့ စက်တွေနည်းတွေနဲ့ကယ်တင်နိုင်မှာက ဆေးရုံတွေပါ။သူကလည်း ဆေးရုံသွားဖို့ တိုက်တွန်းပေမယ့်သွားမယ် မထင်ပါဘူးတဲ့။

ထူးခြားတာက အောက်ဆီဂျင်ဘယ်လောက်ကျကျလူနာက စကားတပြောပြောနဲ့ခံနိုင်ရည်ရှိနေသလိုထင်နေရပြီးမှ ရုတ်တရက် အောက်ဆီဂျင်ထိုးကျသွားပြီးအံ့သြစရာ သေသွားတတ်ပါတယ်။Happy hypoxemiaလို့ ခေါ်သတဲ့။ဒီအခါမျိုးမှာမိသားစုဝင်တွေက ဆေးပညာရှင်တွေကိုအထင်လွဲပါတော့တယ်။

လာတုန်းကစကားတွေ ပြောနေတာ၊ခုလေးတင်စကားတွေ ပြောနေတာ စသည်ဖြင့်မယုံနိုင်ကြဘူးလေ။ ဆေးရုံလာတာ နောက်ကျရင်တော့မကယ်နိုင်တာကများပါတယ်။ဖျားလို့ ချောင်းဆိုးလို့ ဆိုပြီးဒီနေ့မနက် ဆေးရုံကFever cornerကို လာပြတဲ့လူနာ၁၈ ယောက်ကိုစစ်ဆေးရာမှာပိုးတွေ့သူ၁၇ ယောက်ရှိပါတယ်။

နည်းတဲ့ပိုးတွေ့နှုန်းမဟုတ်ပါဘူး။ဒါကိုကြည့်ပြီး ဒီရက်ပိုင်းမှာ မန္တလေးမှာဖျားရင်ကိုဗစ်၁၉ ဖြစ်ဖို့ အခွင့်အလမ်း တော်တော်လေးကိုများပါတယ်။
အဓိကကတော့မလိုအပ်ပဲအပြင်မထွက်ဘဲ Stay home ပါ။ Maskကိုအမြဲ တပ်ပါ။လက်ဆေးပါ။ လူခြင်း ဝေးဝေးနေကြပါ။

Maung Maung Oo

ယူနီကုတ်ဖြင့်ဖတ်ရန်

ဆေးရုံလာတဲ့လူနာ၁၈ ဦးမှာ၁၇ဦးပိုးတွေ့ခဲ့တဲ့မန္တလေးနဲ့ကြိတ်ကုသူများသတိထားရမယ့်အခြေအနေ

မနေ့ကတစ်ရက်ထဲနဲ့သေဆုံးသူ၁၂ဦးရှိခဲ့တဲ့မန္တလေးဟာဒီနေ့မှာဆေးရုံကြီးကိုသယ်လာခဲ့တဲ့အလောင်း၄ခုမှာကိုဗစ်-၁၉ တွေ့ခဲ့ပါတယ်။အဲဒီထဲက၁ယောက်ဟာ Community Fever Clinicရဲ့ထိုင်ခုံပေါ်မှာထိုင်နေရင်းကလဲကျသေဆုံးခဲ့တာဖြစ်ပါသတဲ့။အသိသမားတော်တစ်ဦးကပြီးခဲ့တဲ့ရက်ပိုင်းကဒီလိုပြောတယ်။

လူနာတစ်ချို့ဟာနေမကောင်းတာကိုဆရာဝန်မပြဘဲ အောက်ဆီဂျင်တိုင်းတဲ့Pulse oximeterတွေအောက်ဆီဂျင်အိုးတွေOxygen Concentratorတွေဝယ်ပြီးဆေးကုနေကြတာတွေရှိပါသတဲ့။သူ့ကိုတယ်လီဖုန်းနဲ့ဆက်ပြီးအောက်ဆီဂျင် ၈၅%ထိကျသွားလို့ဘာလုပ်ရမလဲအကြံတောင်းတာတွေရှိလာပါသတဲ့။

တကယ်တော့အောက်ဆီဂျင်အိုးတွေ Oxygen Concentratorတွေဟာပြင်းထန်တဲ့ကိုဗစ်-၁၉ မှာအောက်ဆီဂျင်တက်လာအောင်မစွမ်းနိုင်ပါဘူး။ဒီထက်စွမ်းတဲ့စက်တွေနည်းတွေနဲ့ကယ်တင်နိုင်မှာကဆေးရုံတွေပါ။သူကလည်း ဆေးရုံသွားဖို့တိုက်တွန်းပေမယ့်သွားမယ်မထင်ပါဘူးတဲ့။

ထူးခြားတာကအောက်ဆီဂျင်ဘယ်လောက်ကျကျလူနာက စကားတပြောပြောနဲ့ ခံနိုင်ရည်ရှိနေသလိုထင်နေရပြီးမှ ရုတ်တရက်အောက်ဆီဂျင်ထိုးကျသွားပြီးအံ့သြစရာသေသွားတတ်ပါတယ်။ Happy hypoxemiaလို့ခေါ်သတဲ့။ဒီအခါမျိုးမှာမိသားစုဝင်တွေဆေးပညာရှင်တွေကို

အထင်လွဲပါတော့တလာတုန်းကစကားတွေပြောနေတာ၊ခုလေးတင်စကားတပြစသည်ဖြင့်မယုံနိုင်ကြဘူးလေဆေးရုံလာတာနောက်တော့မကယ်နိုင်တာကများပါတယ်။ဖျားလို့ချောင်းဆိုးလို့ဆိုပြီးဒီနေ့ မနက်ဆေးရုံကFever cornerကိုလာပြတဲ့လူနာ ၁၈ ယောက်ကိုစစ်ဆေးရာမှာပိုးတွေ့သူ၁၇ယောက်ရှိပါတယ်။

နည်းတဲ့ပိုးတွေ့နှုန်းဟုတ်ပါဘူး။ဒါကိုကြည့်ပြီးဒီရက်ပိုင်းမှာ မန္တလေးမှာဖျားရင်ကိုဗစ်၁၉ဖြစ်ဖို့အခွင့်အလမ်းတော်တော်လေးကိုများပါတယ်။အဓိကကတော့မလိုအပ်ပဲအပြင်မထွက်ဘဲ Stay home ပါ။Maskကိုအမြဲတပ်ပါ။လက်ဆေးပါ။လူခြင်း ဝေးဝေးနေကြပါ။Maung Maung Oo