ခြိမ်းခြောက်၍ အသက်မပြည့်သည့် ကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့်အပြင် ၅၀၅ ဖြင့် တရားစွဲဆိုထားသည်ဟုပြောဆိုကာ ကလေးငယ်၏ မိသားစုထံမှ ထပ်မံငွေလိမ်လည်”

ညစ်ညမ်းပုံများပြုလုပ်ကာ လူမှုကွန်ယက်တွင်ဖြန့်ဝေမည်ဟု ခြိမ်းခြောက်၍ အသက်မပြည့်သည့် ကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့်အပြင် ၅၀၅ ဖြင့် တရားစွဲဆိုထားသည်ဟုပြောဆိုကာ ကလေးငယ်၏ မိသားစုထံမှ ထပ်မံငွေလိမ်လည်”

ရန်ကုန် ၊ ဇွန် ၁၈ ၊ ၂၀၂၁

အသက်မပြည်သေးသည့် ကလေးငယ်တစ်ဦးကို မူးယစ်ဆေးဝါးများတိုက်ကျွေးကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့်အပြင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည်ဟုဆိုကာ အမှုပိတ်သိမ်းပေးရန် ငွေ ၁၃ သိန်း လိမ်လည်တောင်းမှု ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်စဥ်မှာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တွင်နေထိုင်သူ မ(. ……) အနေဖြင့် ၎င်း၏ ဖခင်ရှိရာ တောင်ဥက္ကလာ ရွှေမန်းသူကားဝန်းသို့ သွားမည်ဟုဆိုကာ နေအိမ်မှ ထွက်ခွာသွားသော်လည်း နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသည့်အတွက်

မိခင်ကလူပျောက်တိုင်ချက်ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းသို့ တိုင်ကြားပြီး နောက်တစ်ရက်တွင် ပျောက်နေသူ မ(. …..) ၏ သူငယ်ချင်းထံသို့ ဖုန်းနံပါတ်တစ်ခုဖြင့် မ (. …..) ကို ၅၀၅ ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း၊ ငွေကျပ် ၁၃ သိန်းဖြင့် လာရောက်ရွေးထုတ်ရမည်ဖြစ်ကြောင်းကို အဓမ္မပြုကျင့်ခဲ့သူများက စာဖြင့် ရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းသို့ ပျောက်ဆုံးသူ မ (. …….) သည် မိခင်ဖြစ်ထံသို့ ဆက်သွယ်ကာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ ၉၄ ရပ်ကွက်၊ အေ ၁၄ လမ်း၊ တိုက် (….)၊ အခန်း(….) ၌ ၎င်းအား ကယ်ဆယ်ရန် ပြောဆိုခဲ့ကြောင်း ယင်းကဲ့သို့ ပြောဆိုခဲ့သည့် နေရာအား ရဲတပ်ဖွဲ့ နှင့်ဝင်ရောက်ရှာဖွေဖမ်းဆီးရာ အမျိုးသားနှစ်ဦး နှင့် သမီးဖြစ်သူကို တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

အသက်မပြည့်သေးသည့် ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူများသည် Online Shopping လုပ်ငန်းကို လုပ်ကိုင်ကြောင်း၊ ၎င်းကလေးငယ်ကိုင်သည့် ဖုန်းနံပါတ်အား ခေါ်ဆိုကာ

မ(. ……)ဖြစ်သူကို ပြစ်မှုကျူးလွန်သူများက ချိန်းဆိုခဲ့ပြီး မရောက်လာပါက ၎င်း၏ ပုံများကို ညစ်ညမ်းပုံများပြုလုပ်ကာ လူမှုကွန်ယက်တွင် ဖြန့်ဝေမည်ဟု ပြောဆိုခဲ့ကြောင်း၊ ချိန်းဆိုသည့် နေရာအား သွားရောက်ခဲ့ရာတွင် Hotel သို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အထက်ပါကဲ့သို့ ကလေးငယ်ကို အဓမ္မပြုကျင့်မှုအကြိမ်ကြိမ် ပြုလုပ်ခဲ့သည့်အပြင် ကျူးလွန်သူများက ၎င်း၏ နေအိမ်သို့ ထပ်မံခေါ်ဆောင်ကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ယင်းသို့ ပြုလုပ်ခဲ့သော်လည်း မ (. …….) ဖြစ်သူ ကို ပြန်လွှတ်ခြင်းမရှိပဲ ဖမ်းဆီးထားခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးထားသည့်

အခါတွင်လည်း သတ်ပစ်မည်ဟု ပြောဆိုခြင်း၊ ကိုယ်တွင်းရှိ အင်္ဂါများ ရောင်းစားမည် စသည်များကို ခြိမ်းခြောက်ပြောဆိုခြင်းများကို ပြုလုပ်ခဲ့သည့်အပြင် မူးယစ်ဆေးဝါးများတိုက်ကျွေးပြီး ဓမ္မတာ နှင့် ဆန့်ကျင်သည့် အဓမ္မပြုကျင့်မှုမျိုးကိုလည်း ကျူးလွန်ခဲ့ကြောင်း သိရသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရဲစခန်းအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ယင်းဖြစ်စဥ်သည် မှန်ကန်မှုရှိသော်လည်း ကျန်သည့် ကိစ္စများကို ဖြေကြား၍ မရကြောင်းပြန်လည်ဖြေကြားခဲ့သည်။

ယင်း ဖြစ်စဥ်တွင် အသက်မပြည့်သေးသည့်ကလေးငယ်ကို အဓမ္မပြုကျင့်မှုကို ကျူးလွန်ခဲ့သည့် လူပုဂ္ဂိုလ် နှစ်ဦးကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရဲစခန်း၌ (ပ) ၁၇၄/၂၀၂၁ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၇၇/၃၈၅/၁၄၄ တို့ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

(နိုင်နိုင်)

therivernews trn myanmar crime