အားလုံးသိချင်နေကြတဲ့ ပြေတီဦးရဲ့ ဘဝဇာတ်ကြောင်း

အစောပိုင်း ဘဝ

ပြေတီဦးကို ၁၉၇၈ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် ရန်ကုန်မြို့ ၌ အဖ ဦးတင်မောင်ဦး၊ အမိ ဒေါ်တီတီ တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း သုံးယောက်အနက် အလတ်ဖြစ်သည်။ ပြေတီဦး၏ အဖေမှာ အစိုးရဝန်ထမ်းဖြစ်နေသောကြောင့် ပြေတီဦး ၃နှစ်သား အရွယ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အနီးရှိ မုပ္ပလင်မြို့သို့ ပြောင်းရွှေ့သွားကြသည်။ ပြေတီဦး ခုနစ်နှစ်ခန့်တွင် ဟင်္သာတမြို့နယ်၊ ဧရာဝတီတိုင်းသို့ပြောင်းရွေ့သွားသည်။

ထိုမြို့တွင် ချင်းကုန်းဘော်ဒါဆောင်၌ နေခဲ့သေးသည်။ ပြေတီဦးသည် ပထမတန်း မှ စတုတ္ထတန်းအထိ ပထမဆု ရခဲ့သည်။ ဟင်္သာတတွင် ပြေတီဦးသည် ကျောင်းစာထက် အားကစားဘက်ကို ပိုသန်လာပြီး စားပွဲတင် တင်းနစ်၊ ကြက်တောင်ရိုက်ခြင်းတို့ဖြင့် ဆုများရရှိခဲ့သည်။ ပြေတီဦး အဋ္ဌမတန်းတွင် ရမည်းသင်းမြို့ သို့ပြောင်းရွေ့သွားပြန်သည်။ ဒသမတန်းနှစ်တွင် ပြေတီဦး၏ မိသားစုသည် ပြေတီဦး၏ မွေးရပ်မြေဖြစ်သော ရန်ကုန်မြို့သို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သည်။ ပြေတီဦးသည် ရန်ကုန်နည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာ ဘွဲ့ရခဲ့သည်။

အနုပညာ လမ်းကြောင်း

ပြေတီဦးသည် လက်ရှိတွင် ဇာတ်ကားပေါင်း ရာကျော်နှင့် ကြော်ငြာပေါင်း မရေတွက်နိုင်အောင် ရိုက်ကူပြီးဖြစ်သည်။ ပြေတီဦးသည် ကျောင်းသား ဘဝမှ စ၍ အနုပညာလောက အတွင်းသို့ဝင်ခဲ့သည်။ သူသည် ၁၉၉၉ ခုနှစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော မြန်မာစာ မြန်မာစကား ပညာပေး အစီအစဉ် တွင် စတင် သရုပ်ဆောင်ခွင့်ရခဲ့သည်။

သူ၏ ပထမဆုံးဇာတ်ကားမှာ ဇာတ်ပို့ အဖြစ်သာ သရုပ်ဆောင်ခဲ့ရတဲ့ ဒါရိုက်တာမောင်ပြည့်ဝ ရိုက်ကူးသည့်‘ရင်ရိပ်စွန့် လိပ်ပြာ’ ဖြစ်သည်။ ၁၉၉၉ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း ပြေတီဦး ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ခဲ့ရသော ကားမှာ မရှိသလောက်ရှားခဲ့သည်။ ဒုတိယမင်းသား သို့မဟုတ် ဇာတ်ပို့ နေရာမှ ရိုက်ကူးရသည်က များ၏။

၂၀၀၈ခုနှစ်တွင်မှ စိန်ဌေးဗီဒီယိုက ခေါင်းဆောင်မင်းသား တင်ရိုက်ရာမှ နာမည်ရလာသူဖြစ်သည်။ ၂၀၀၈ခုနှစ်အတွင်းတွင် ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားသာ ရိုက်ကူးခဲ့သည်။ သူ၏ ၂၀၀၉ ခုနှစ် အတွင်းထုတ်လုပ်ခဲ့သော ဇာတ်ကားများ အနက် အအောင်မြင်ဆုံးသော ရုပ်ရှင်ဇာတ်ကားများမှာ ချစ်ပန်းဝါဝါ၊ ချိုလိမ်၊ ရင်ဘတ်ချင်း အငြိ နှင့် ကျွန်မ ပုခုံးပေါ်မှာ လိပ်ပြာလေးတွေ နားခဲ့ဖူးတယ် တို့ဖြစ်ကြသည်။ ပြေတီဦးသည် ၂၀၀၉ ခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားကြီး ခြောက်ခု နှင့် များစွာသော တီဗွီ ကြော်ငြာများတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။ ပြေတီဦးသည် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့တွင် သူ၏ ၃၁ နှစ်ပြည့်မွေးနေ့ပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်ခဲ့ပြီး ဝင်ကြေး အခမဲ့ သတ်မှတ်ပေးခဲ့ရာ သူ၏ ပရိတ်သတ် ထောင်ကျော် လာရောက် ကြည့်ရှုခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားကြီး ၆ကားမှာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ရွေးချယ်သော စံကာတင် ၁၅ကား၌ပါဝင်ခဲ့သည်။

ထိုကားများမှာ အာဒမ်ရယ် ဧဝရယ် ဒဿရယ်၊ အမေ့ကျေးဇူးဆပ်ဖူးခြင်တယ်၊ ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်၊ ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်၊ နတ်ဖက်တဲ့စုံတွဲများ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်တို့ဖြစ်သည်။၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၇ရက်နေ့ တွင် နေပြည်တော်မြို့၌ ကျင်းပသော ၂၀၁၀ပြည့်နှစ် အတွက် အကယ်ဒမီပေးပွဲတွင် ပြေတီဦးသည်

ဆ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရခဲ့သည်။ ပြေတီဦးသည် သူ၏ ပထမဆုံးသော ထိုအကယ်ဒမီဆုကို အာဒမ်ရယ် ဧဝရယ် ဒဿရယ် ဇာတ်ကားမှ ဒဿ ဇာတ်ကောင် ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ခုနှစ်အတွက် နင်စေရင် ရုပ်ရှင်ဇာတ်ကား၊ တိုက်ဆိုင်မှု ရှိလျှင် ရုပ်ရှင်ဇာတ်ကား နှင့် မေခင်ကညာပျိုတို့ ရိုက်ကူးပြီးဖြစ်သည်။