ရှာစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်း

ရှာစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်း

Hair mask ရှာစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်နော်။ (လုပ်နည်း မေးထားတဲ့သူတွေအတွက် ဒီpostမှာ အသေးစိတ်လေး ရေးပေးထားပါတယ်နော်)

ခေါင်းမလျော်ခင် ရှာစောင်းလပတ်နဲ့အုန်းဆီကြိုထားတဲ့ဆီကို ဦးရေပြားရော ဆံသားမှာပါ နှံ့နေအောင်လိမ်းပါ။

3 / 4 နာရီနဲ့အထက်ထားပြီး Shower cap နဲ့ ပေါင်းပြီး မှ လျှော်ပါ။

ကြာကြာမှတခါ လုပ်တာထက် ခေါင်းလျှော်ခါနီးတိုင်း လုပ်ပေးရင် ပိုကောင်းပါတယ် ပိုသိသာပါတယ်။ ဆံသားနက်ပြီး အကျွတ်သက်သာသလို ဆံသားမငြိတော့ဘူး အရှည်မြန်တယ်။

ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်းကို ပုံထဲမှာရေးပေးထားပါတယ်နော်။ (အမြဲတမ်းသုံးလို့ရအောင် တခါတည်း ကြိုထားလို့ရပါတယ်နော်။)

ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုထားတဲ့ဆီအပြင် လျှော်ခါနီး ဒါလေးတွေထပ်ရင် ပိုကောင်းပါတယ်။ (မအားတဲ့ အခါတွေဆို မထည့်လည်းရပါတယ်။ အ

ပေါ်က ရှားစောင်းလပတ်ဆီနဲ့တင်ကို တော်တော်လေး ဆံပင်ကိုကောင်စေပါတယ်)

သံလွင်ဆီ(ဆံသားကိုပျော့စေတယ်)

ကြက်သွန်နီ ထောင်းထားတဲ့ အရည် (ဆံသားကိုနက်မှောင်သန်စွမ်းစေတယ်၊ ကျွတ်တာသက်သက်စေတယ်၊အရှည်မြန်စေတယ်။)

Edited:အနံ့မခံနိုင်ရင် လျှော်ပြီးလည်း အနံ မပြောင်ဘဲအနံ့ဆွဲနေတယ်လို့ ထင်ရင် မထည့်ချင်လည်း ရပါတယ်။

အနံ့ မကျန်အောင် ရေနိုင်နိုင်ဆေးဖို့ လိုသလို အနံ့ကမဆိုစလောက်လေး ကျန်နေရင်လည်း အနံ့ခံနိုင်မှ ထည့်ပါနော်။ အနံ့ဆူးပေမယ့် ကြက်သွန်နီအာနိသင်က အံ့မခန်းပါ)

လက်ဖက်ခြောက်သို့ အချိုခြောက်မှုန့်ကြိုထားတဲ့အရည်(ဆံသားနက်မှောင်စေပြီး အရှည်မြန်တယ်)

Edited: လက်ဖက်ခြောက်နဲ့ အချိုခြောက်ကို မေးမေးနေကျလို့ Comment မှာ အသေးစိတ်လေး ရှင်းပြထားပါတယ်နော်။

ပျားရည် (ဆံသားကိုတောက်ပြောင်စေတယ်) အမြဲမဟုတ်တောင် တပတ်ခြားတခါလောက် လုပ်ပေးမယ်ဆိုရင်

ဆံပင်အကျွတ်သက်သာမယ်။ (ဆံပင်တိုတိုရှည်ရှည် မိန်းကလေးတွေအဓိကကြုံရတဲ့ ပြဿနာက ဆံပင်အရမ်းကျွတ်တာ…)

ဆံပင်ငြိတာသက်သာမယ်။

ဆံပင်အရှည်မြန်တယ်။

ဆံသားမခြောက်တော့ဘူး။

ဆံသားပျော့ပျောင်းတယ်။

ဆံသားတောက်တယ်။

ဆံပင်အကျွတ်သက်သာပြီးကျန်းမာလှပတဲ့ ဆံနွယ်တွေပိုင်ဆိုင်ကြပါစေ။

ဆံပင်မတိုအရှည် သုံးမယ်လူဦးရေပေါ်လိုက်ပြီး ရှားစောင်းလပတ် အပင်ရယ်၊ အုန်းဆီရယ်ကို အတိုးအလျော့ လုပ်လို့ရပါတယ်။ မိုးက ဆံပင်ရှည်တာရယ် နောက်ထပ်ဆံပင်အရှည် ၂ယောက်စာရယ် လုပ်တာမို့ ရှားစောင်းလပတ်

၃ပင် Parachute အုန်ဆီးသုံးရင် ဘူးကြီး 270 ml တဘူးဆို တပင်နှုန်းနဲ့ကြိုလို့ရပါတယ်။ ခုက 270 mlဘူး မရှိလို့ 180ml ဘူးနဲ့ ကြိုထားတာပါ..ဈေးထဲက အုန်းဆီ စစ်စစ်နဲ့လည်းရပါတယ်နော်။

ပြီးရင် ခုံးတဲ့ဘက်ကိုအခွံခွာမယ်။အခွံမခွာဘဲ အတုံလေးတွေ အပြား ပါးပါးလေးတွေ လုပ်ချင်လည်းရပါတယ်.. ဒါပေမယ့် အသိုရောင်သန်းလို့ိရလာတဲ့အခါကျရင် အဲ့ဒီအတွင်းထဲက ဂျယ်လီထဲ ဆီတွေ အများကြီး ဝင်နေတတ်လို့.. ဆီတွေညစ်ချတဲ့အခါကျ အပြင်ခွံက လက်ကို ဆူးတတ်လို့ပါ…

ခွာထားတဲ့နေရာက ဂျယ်လီကို ဇွန်းနဲ့ခြစ်မယ်။

ရှာစောင်းလပတ်ကို ဒီတိုင်းထည့်လို့မရဘူးလားလို့ မေးနေကြလို့…

အခွံမခွာဘဲ ထည့်လည်း ရပါတယ်။ အညိုရောင်သန်းလို့ ရသွားတဲ့အခါကျ အခွံကြားက ဂျယ်လီထဲမှာ ဆီတွေ ဝင်နေတတ်လို့ ဆီစစ်ပြီးတဲ့အခါ ပြန်ညစ်ရတာက အခွံမပါတာနဲ့က ပိုပြေပါတယ်။ ရှားစောင်းလပတ်က နည်းနည်းကြွပ်သွားရင် ညစ်တဲ့အခါ လက်ဆူးမှာစိုးလို့ပါ

ပြီးရင် ရှားစောင်းလပတ်ဂျယ်လီတွေနဲ့ အုန်းဆီကို ရောထည့်မယ်။

အပူပေးမယ်.. မီးမနည်းလွန်းမများလွန်း အနေတော်နဲ့ ကြိုမယ်… ကြာကြာတခါမွှေပေးလို့ လိုပါတယ်။ မမမွှေရင် အကျက်မညီလို့ပါ…ရှားစောင်းလပတ်ညိုတဲ့အထိ ကြာကြာ တည်ပေးရပါမည်။

ဒါက အိုအခံက မည်းနေတာရယ် မကြည့်လိုက်မိတာ အတည်လွန်ပြီး နည်းနည်းလေး အရောင်ရင့်သွားပါတယ်။ တကယ်က အညိုရောင်ကို သန်းရင် ရပြီနော်

ဆီထဲက ရှားစောင်းလပတ် အဖတ်တွေကိုစစ်ပြီး ဆီကိုဘဲ သိမ်းထားလိုက်ရုံပါဘဲ…

ဒါက မနှစ်က မေလမှာ ကြိုတဲ့ဆီ.. တခါလောက်အလုပ်ရှုပ်ခံပြီး ကြိုထားရင်အများကြီးရပြီး အကြာကြီး အသုံးခံပါတယ်နော်

ဒါက ရှာစောင်းလပတ်နဲ့အုန်းဆီကြိုထားတဲ့ဆီရယ်၊ ကြက်သွန်နီအရည်၊ လက်ဖက်ရည်၊ပျားရည်၊သံလွင်ဆီ ရောထားပြီး ဆံပင်နဲ့ ဦးရေမှာထည့်ပါတယ်။ တခြားအကျိုးရလဒ်ထက် ဆံပင်အကျွတ်သက်သာတာက အသက်ပါဘဲ..

Edited:အနံ့မခံနိုင်ရင် လျှော်ပြီးလည်း အနံ မပြောင်ဘဲအနံ့ဆွဲနေတယ်လို့ ထင်ရင် မထည့်ချင်လည်း ရပါတယ်။ အနံ့ မကျန်အောင် ရေနိုင်နိုင်ဆေးဖို့ လိုသလို အနံ့ကမဆိုစလောက်လေး ကျန်နေရင်လည်း အနံ့ခံနိုင်မှ ထည့်ပါနော်။ အနံ့ဆူးပေမယ့် ကြက်သွန်နီအာနိသင်က အံ့မခန်းပါ

Zawgyi

ရွာေစာင္းလပတ္နဲ႔ အုန္းဆီႀကိဳတဲ့နည္း

Hair mask ရွာေစာင္းလပတ္နဲ႔ အုန္းဆီႀကိဳတဲ့နည္းေလး မွ်ေဝေပးလိုက္ပါတယ္ေနာ္။ (လုပ္နည္း ေမးထားတဲ့သူေတြအတြက္ ဒီpostမွာ အေသးစိတ္ေလး ေရးေပးထားပါတယ္ေနာ္)ေခါင္းမေလ်ာ္ခင္ ရွာေစာင္းလပတ္နဲ႔အုန္းဆီႀကိဳထားတဲ့ဆီကို ဦးေရျပားေရာ ဆံသားမွာပါ ႏွံ႔ေနေအာင္လိမ္းပါ။

3 / 4 နာရီနဲ႔အထက္ထားၿပီး Shower cap နဲ႔ ေပါင္းၿပီး မွ ေလွ်ာ္ပါ။

ၾကာၾကာမွတခါ လုပ္တာထက္ ေခါင္းေလွ်ာ္ခါနီးတိုင္း လုပ္ေပးရင္ ပိုေကာင္းပါတယ္ ပိုသိသာပါတယ္။ ဆံသားနက္ၿပီး အကြၽတ္သက္သာသလို ဆံသားမၿငိေတာ့ဘူး အရွည္ျမန္တယ္။

ရွားေစာင္းလပတ္နဲ႔ အုန္းဆီႀကိဳတဲ့နည္းကို ပုံထဲမွာေရးေပးထားပါတယ္ေနာ္။ (အၿမဲတမ္းသုံးလို႔ရေအာင္ တခါတည္း ႀကိဳထားလို႔ရပါတယ္ေနာ္။)

ရွားေစာင္းလပတ္နဲ႔ အုန္းဆီႀကိဳထားတဲ့ဆီအျပင္ ေလွ်ာ္ခါနီး ဒါေလးေတြထပ္ရင္ ပိုေကာင္းပါတယ္။ (မအားတဲ့ အခါေတြဆို မထည့္လည္းရပါတယ္။ အ

ေပၚက ရွားေစာင္းလပတ္ဆီနဲ႔တင္ကို ေတာ္ေတာ္ေလး ဆံပင္ကိုေကာင္ေစပါတယ္)

သံလြင္ဆီ(ဆံသားကိုေပ်ာ့ေစတယ္)

ၾကက္သြန္နီ ေထာင္းထားတဲ့ အရည္ (ဆံသားကိုနက္ေမွာင္သန္စြမ္းေစတယ္၊ ကြၽတ္တာသက္သက္ေစတယ္၊အရွည္ျမန္ေစတယ္။)

Edited:အနံ႔မခံႏိုင္ရင္ ေလွ်ာ္ၿပီးလည္း အနံ မေျပာင္ဘဲအနံ႔ဆြဲေနတယ္လို႔ ထင္ရင္ မထည့္ခ်င္လည္း ရပါတယ္။

အနံ႔ မက်န္ေအာင္ ေရႏိုင္ႏိုင္ေဆးဖို႔ လိုသလို အနံ႔ကမဆိုစေလာက္ေလး က်န္ေနရင္လည္း အနံ႔ခံႏိုင္မွ ထည့္ပါေနာ္။ အနံ႔ဆူးေပမယ့္ ၾကက္သြန္နီအာနိသင္က အံ့မခန္းပါ)

လက္ဖက္ေျခာက္သို႔ အခ်ိဳေျခာက္မႈန႔္ႀကိဳထားတဲ့အရည္(ဆံသားနက္ေမွာင္ေစၿပီး အရွည္ျမန္တယ္)

Edited: လက္ဖက္ေျခာက္နဲ႔ အခ်ိဳေျခာက္ကို ေမးေမးေနက်လို႔ Comment မွာ အေသးစိတ္ေလး ရွင္းျပထားပါတယ္ေနာ္။

ပ်ားရည္ (ဆံသားကိုေတာက္ေျပာင္ေစတယ္) အၿမဲမဟုတ္ေတာင္ တပတ္ျခားတခါေလာက္ လုပ္ေပးမယ္ဆိုရင္

ဆံပင္အကြၽတ္သက္သာမယ္။ (ဆံပင္တိုတိုရွည္ရွည္ မိန္းကေလးေတြအဓိကႀကဳံရတဲ့ ျပႆနာက ဆံပင္အရမ္းကြၽတ္တာ…)

ဆံပင္ၿငိတာသက္သာမယ္။

ဆံပင္အရွည္ျမန္တယ္။

ဆံသားမေျခာက္ေတာ့ဘူး။

ဆံသားေပ်ာ့ေပ်ာင္းတယ္။

ဆံသားေတာက္တယ္။

ဆံပင္အကြၽတ္သက္သာၿပီးက်န္းမာလွပတဲ့ ဆံႏြယ္ေတြပိုင္ဆိုင္ၾကပါေစ။

ဆံပင္မတိုအရွည္ သုံးမယ္လူဦးေရေပၚလိုက္ၿပီး ရွားေစာင္းလပတ္ အပင္ရယ္၊ အုန္းဆီရယ္ကို အတိုးအေလ်ာ့ လုပ္လို႔ရပါတယ္။ မိုးက ဆံပင္ရွည္တာရယ္ ေနာက္ထပ္ဆံပင္အရွည္ ၂ေယာက္စာရယ္ လုပ္တာမို႔ ရွားေစာင္းလပတ္

၃ပင္ Parachute အုန္ဆီးသုံးရင္ ဘူးႀကီး 270 ml တဘူးဆို တပင္ႏႈန္းနဲ႔ႀကိဳလို႔ရပါတယ္။ ခုက 270 mlဘူး မရွိလို႔ 180ml ဘူးနဲ႔ ႀကိဳထားတာပါ..ေဈးထဲက အုန္းဆီ စစ္စစ္နဲ႔လည္းရပါတယ္ေနာ္။

ၿပီးရင္ ခုံးတဲ့ဘက္ကိုအခြံခြာမယ္။အခြံမခြာဘဲ အတုံေလးေတြ အျပား ပါးပါးေလးေတြ လုပ္ခ်င္လည္းရပါတယ္.. ဒါေပမယ့္ အသိုေရာင္သန္းလို႔ိရလာတဲ့အခါက်ရင္ အဲ့ဒီအတြင္းထဲက ဂ်ယ္လီထဲ ဆီေတြ အမ်ားႀကီး ဝင္ေနတတ္လို႔.. ဆီေတြညစ္ခ်တဲ့အခါက် အျပင္ခြံက လက္ကို ဆူးတတ္လို႔ပါ…

ခြာထားတဲ့ေနရာက ဂ်ယ္လီကို ဇြန္းနဲ႔ျခစ္မယ္။

ရွာေစာင္းလပတ္ကို ဒီတိုင္းထည့္လို႔မရဘူးလားလို႔ ေမးေနၾကလို႔…

အခြံမခြာဘဲ ထည့္လည္း ရပါတယ္။ အညိဳေရာင္သန္းလို႔ ရသြားတဲ့အခါက် အခြံၾကားက ဂ်ယ္လီထဲမွာ ဆီေတြ ဝင္ေနတတ္လို႔ ဆီစစ္ၿပီးတဲ့အခါ ျပန္ညစ္ရတာက အခြံမပါတာနဲ႔က ပိုေျပပါတယ္။ ရွားေစာင္းလပတ္က နည္းနည္းႂကြပ္သြားရင္ ညစ္တဲ့အခါ လက္ဆူးမွာစိုးလို႔ပါ

ၿပီးရင္ ရွားေစာင္းလပတ္ဂ်ယ္လီေတြနဲ႔ အုန္းဆီကို ေရာထည့္မယ္။

အပူေပးမယ္.. မီးမနည္းလြန္းမမ်ားလြန္း အေနေတာ္နဲ႔ ႀကိဳမယ္… ၾကာၾကာတခါေမႊေပးလို႔ လိုပါတယ္။ မမေမႊရင္ အက်က္မညီလို႔ပါ…ရွားေစာင္းလပတ္ညိဳတဲ့အထိ ၾကာၾကာ တည္ေပးရပါမည္။

ဒါက အိုအခံက မည္းေနတာရယ္ မၾကည့္လိုက္မိတာ အတည္လြန္ၿပီး နည္းနည္းေလး အေရာင္ရင့္သြားပါတယ္။ တကယ္က အညိဳေရာင္ကို သန္းရင္ ရၿပီေနာ္

ဆီထဲက ရွားေစာင္းလပတ္ အဖတ္ေတြကိုစစ္ၿပီး ဆီကိုဘဲ သိမ္းထားလိုက္႐ုံပါဘဲ…

ဒါက မႏွစ္က ေမလမွာ ႀကိဳတဲ့ဆီ.. တခါေလာက္အလုပ္ရႈပ္ခံၿပီး ႀကိဳထားရင္အမ်ားႀကီးရၿပီး အၾကာႀကီး အသုံးခံပါတယ္ေနာ္

ဒါက ရွာေစာင္းလပတ္နဲ႔အုန္းဆီႀကိဳထားတဲ့ဆီရယ္၊ ၾကက္သြန္နီအရည္၊ လက္ဖက္ရည္၊ပ်ားရည္၊သံလြင္ဆီ ေရာထားၿပီး ဆံပင္နဲ႔ ဦးေရမွာထည့္ပါတယ္။ တျခားအက်ိဳးရလဒ္ထက္ ဆံပင္အကြၽတ္သက္သာတာက အသက္ပါဘဲ..

Edited:အနံ႔မခံႏိုင္ရင္ ေလွ်ာ္ၿပီးလည္း အနံ မေျပာင္ဘဲအနံ႔ဆြဲေနတယ္လို႔ ထင္ရင္ မထည့္ခ်င္လည္း ရပါတယ္။ အနံ႔ မက်န္ေအာင္ ေရႏိုင္ႏိုင္ေဆးဖို႔ လိုသလို အနံ႔ကမဆိုစေလာက္ေလး က်န္ေနရင္လည္း အနံ႔ခံႏိုင္မွ ထည့္ပါေနာ္။ အနံ႔ဆူးေပမယ့္ ၾကက္သြန္နီအာနိသင္က အံ့မခန္းပါ