လက်ဆေး နှာခေါင်းစဉ်းတပ်ရုံနဲ့ မရတော့တဲ့ ကိုဗစ်ပြသနာ

လက်ဆေးနှာခေါင်းစဉ်းတပ်ရုံနဲ့ မရတော့တဲ့ ကိုဗစ်ပြသနာ

ကူးစက်မြန် သေဆုံးမြန် ကိုဗစ်ပိုးတွေဖြစ်တဲ့ UK Alpha, India Delta နဲ့ Kappaတွေ မြန်မာပြည်တွင် ကူးစက်ပြန့်နှံ့ နေပြီ!“လက်ဆေး/Maskတပ်ရုံမျှဖြင့်မလုံလောက် တောတဲ့New COVID-19 ကာကွယ်ရေး…”မူလ D Strain(Aspartic Acid)မှ G Strain (Glycine) သို့ပြောင်းလဲခဲ့ပြီဖြစ်သောမျိုးဗီဇပြောင်း COVID-19 ၏ အန္တရာယ်မှကာကွယ်ရန်အတွက်လက်ဆေးခြင်း/Mask တပ်ထားခြင်းလောက်ဖြင့်ပြီးပြည့်စုံမှုမရှိနိုင်တော့သည်ကိုသတိပြုကြရမည်ဖြစ်သည်…

COVID-19 ၏ မူလကူးစက်နိုင်စွမ်းကတစ်ဦးထံမှ ၃ ဦးကျော်အထိသာရှိခဲ့သော်လည်း၊မျိုးဗီဇပြောင်းလာသော COVID ကမူတစ်ဦး ထံမှ ၂၀ ဦးထံသို့အထိစွမ်းအားရှိနေပြီဖြစ်သည်…စနစ်တကျထိန်းချုပ်ခြင်းမပြုနိုင်ပါကရော ဂါပိုးရှိသူတစ်ဦးမှ ၂၀ ဦးဆီသို့၊ထို ၂၀ ဦးမှနောက်ထပ် ၂၀ ဦးစီထံသို့ထပ်ဆင့်ဆပွားကာကူးစက်ပြန့်ပွားသွားနိုင်သည်…

လက်ရှိအနေအထားတွင်စက္ကန့် ၂၀ ကြာလက်ဆေးခြင်းနှင့်Mask တပ်ခြင်းများအပြင်…မိမိနေအိမ်အတွင်း၌သာနေထိုင်ခြင်း၊နေအိမ်ပြင်ပသို့အချိန်ကြာမြင့်စွာသွားလာခြင်းမှအတတ်နိုင်ဆုံးရှောင်ရှားခြင်း၊နေအိမ်ပြင်ပသို့သွားရောက်ပါကမျက်နှာအကာအကွယ်အဖြစ် Face Shield ခေါ်Anti-Splash Mask ကိုပါတပ်ဆင်အသုံးပြုခြင်း၊အိမ်နီးချင်းများနှင့်ကူးလူးဆက်သွယ်မှုကိုရှောင်ရှားခြင်း၊

ဧည့်သည်ကိုလက်ခံခြင်းနှင့်မိမိကိုယ်တိုင်တစ်ပါးသူထံသို့သွားရောက်လည်ပတ်မှုမှ ရှာင်ရှားခြင်း၊အပြင်မှပြန်ရောက်ရောက်ခြင်းအဝတ်အစားများအားလုံးကိုဆပ်ပြာ ဖြင့်လျှော်ဖွတ်/ရေချိုးပြီးမှသာမိသားစုနှင့်ထိတွေ့ခြင်း၊ရုံး/စက်ရုံများ၌အ လုပ်ဆင်းရသူများအနေဖြင့်ရုံး/စက်ရုံသို့ရောက်ရောက်ခြင်းတံတောင်ဆစ်မှစ၍ဆပ်ပြာဖြင့်လက်ဆေးခြင်း၊

ဒူးခေါင်းမှစ၍ဆပ်ပြာဖြင့်ခြေဆေးခြင်း၊ညနေအိမ်ပြန်ရောက်လျှင်အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းလုပ်ဆောင်ပြီးမှသာမိသားစုနှင့်ထိတွေ့ခြင်း၊ထီးနှင့်ဖိနပ်များကိုနေအိမ်/တိုက်ခန်းအတွင်းသို့သွင်းခြင်းကိုရှောင်ရှားခြင်း၊ဟင်းသီးဟင်းရွက်များကိုဆားရည်ဖြင့်စိမ်ထားပြီးမှသာ…အသားငါးများကိုဆားဖြင့်နှံ့အောင်နယ်ပြီးမှသာ…ချက်ပြုတ်ခြင်း၊ဟင်းလျာများကိုစီမံသည့်အခါအစိမ်းသုပ်စားခြင်းကိုအထူးရှောင်ရှားပြီး၊

ကျက်အောင်ချက်ပြုတ်ပြီးမှသာစားသောက် ခြင်း၊မလွှဲမရှောင်သာသောအ ခြေအနေကြောင့်စားသောက်ဆိုင်များ၌စားသောက်ရသည့်အခါတစ်ဦးချင်းစီအတွက်ဟင်းပွဲငယ်တစ်ပွဲချင်းစီခွဲ၍လည်းကောင်း၊ရေပုလင်းတစ်ပုလင်းချင်းစီခွဲ၍လည်း ကောင်း၊ရေခွက်တစ်ခွက်ချင်းစီခွဲ၍လည်း ကောင်းစားသုံးခြင်း၊မည်သည့်အကြောင်းနှင့်မျှတစ်ဦးနှင့်တစ်ဦးထိတွေ့မပြု ခြင်း၊စ သည်တို့ကိုလိုက်နာကျင့်သုံးကြရန်လိုအပ်ပါသည်…

ရောဂါပိုးရှိနေသူကနှာချေ /ချောင်းဆိုးလျှင်ဗိုင်းရပ်ပိုးက ၅ ပေကျော်အကွာအဝေးအထိရောက်ရှိနိုင်သဖြင့်တစ်ဦးနှင့်တစ်ဦး၃ ပေအကွာအဝေးကလုံလောက်မှုမရှိသည်ကိုသတိပြုကြလျက်၊တစ်ဦးနှင့်တစ်ဦးအနည်းဆုံးနှစ်မီတာ(၆ ပေခွဲ)ခွာ၍နေကြရမည်သာဖြစ်ပါသည်.…

Zawgyi

မိဘပြည်သူများအားလုံးကပ်ရောဂါဆိုးကြီး၏အန္တရာယ်မှလွတ်မြောက်ရှင်သန်နိုင်ကြပါစေ








ရောဂါပိုးရှိနေသူကနှာချေ /ချောင်းဆိုးလျှင်ဗိုင်းရပ်ပိုးက ၅ ပေကျော်အကွာအဝေးအထိရောက်ရှိနိုင်သဖြင့်တစ်ဦးနှင့်တစ်ဦး၃ ပေအကွာအဝေးကလုံလောက်မှုမရှိသည်ကိုသတိပြုကြလျက်၊တစ်ဦးနှင့်တစ်ဦးအနည်းဆုံးနှစ်မီတာ(၆ ပေခွဲ)ခွာ၍နေကြရမည်သာဖြစ်ပါသည်.မိဘပြည်သူများအားလုံးကပ်ရောဂါဆိုးကြီး၏အန္တရာယ်မှလွတ်မြောက်ရှင်သန်နိုင်ကြပါစေ…