အိမ်သုံး အောက်ဆီမီတာ တိုင်းတာရာတွင် သတိထားစရာ အချက်များ
ကိုဗစ် တတိယလှိုင်းကြောင့် ပြည်သူတွေခမျာ ပြင်းပြင်းထန်ထန် ခံစားနေကြရပါပြီ။ ခုဆိုရင် အရင်ကလို ကိုဗစ်စင်တာတွေလည်း မရှိတဲ့အတွက် ပြည်သူတွေအနေဖြင့် အချင်းချင်းကူညီဖေးမကာ ကိုဗစ် 19 ကို ကျော်ဖြတ်နေကြရပါတယ်။
ကိုဗစ် ဖြစ်တဲ့အခါ အောက်ဆီဂျင် မကျသွားဖို့ အရေးကြီးတဲ့အတွက် အိမ်မှာကုနေတဲ့သူတွေ အတွက်အိမ်သုံး အောက်ဆီမီတာဟာ မရှိမဖြစ်လိုအပ်လိုလာပါတယ်။ ဒါကြောင့် ဒီအောက်ဆီမီတာ သုံးတဲ့အခါ သတိပြုရမယ့်အချက်တွေကိုတော့ ပြည့်သူတစ်ယေက်က ခုလို ဝေမျှထားပါတယ်။
WHO ရဲ့စာတမ်းအရ
*လက်သည်းဆိုးဆေးဆိုးထားတဲ့လက်ချောင်းမှာ အဖြေမမှန်ပါ။
*တက်တူးထိုးထားတဲ့လက်ချောင်းထိပ်မှာ အဖြေမမှန်တတ်ပါ။
*လက်ချောင်းထိပ်မှာမှဲ့၊ မွေးရာပါအမှတ်၊ အသားမာ၊ အမာရွတ်ရှိနေရင် အဖြေမမှန်တတ်ပါ။
*အိန္ဒိယလူမျိုးတွေ လက်ချောင်းမှာဆေးဆိုးထားရင် အဖြေမမှန်တတ်ပါ။
*အရမ်းလင်းနေတဲ့နေရာမှာ အဖြေမမှန်တတ်ပါ။ (အမှောင်ခန်းမှာအဖြေပိုတိကျပါတယ်) ဒါကြောင့် အောက်ဆီမီတာကိုကြည့်ရင် အတွင်းဘက်နောက်မှာအမည်းရောင်ရာဘာလိုမျိုးခံထားတာတွေ့ရပါလိမ့်မယ်။
*SpO2 တိုင်းတာနေတဲ့လူနာလှုပ်ရှားနေရင် အဖြေမမှန်တတ်ပါ။
*ကာဘွန်မိုနော့ဆိုက်အဆိပ်မိနေတဲ့လူမှာ အဖြေမမှန်တတ်ပါ။ (မီးခိုးငွေ့တွေအများကြီးရှုထားတဲ့သူကို တိုင်းရင် အဖြေမမှန်တတ်ပါ)
*Poor perfusion သွေးကြောမျှင်လေးများထဲသွေးပြန့်နှုန်းမတူတဲ့သူမှာ အဖြေမမှန်တတ်ပါ။
(လက်ကိုဖျစ်ညှစ်ထားရင် အဖြေမမှန်တတ်ပါ။ ဥပမာ – လက်မောင်းမှာသွေးပေါင်ချိန်တိုင်းနေရင်)
*ဆေးလိပ်သောက်တာတအားများလို့ လက်ထိပ်မည်းနေသူများမှာ အဖြေမမှန်တတ်ပါ။
*အသားမည်းတဲ့သူတွေမှာထက် အသားဖြူတဲ့သူတွေမှာ အဖြေပိုတိကျပါတယ်။
*ဘက်ထရီအားအရမ်းနည်းနေရင်လည်း အဖြေမမှန်တတ်ပါ။
*အတွင်းမျက်နှာပြင်ညစ်ပေနေလျှင်မမှန်တတ်ပါ။ (လက်မှာဆီပေနေတာရှိရင် အောက်ဆီမီတာအတွင်းအပေါ်အောက်မျက်နှာပြင်ကို အဝတ်သန့်သန့်နှင့်သန့်စင်ပေးပါ။)
*အောက်ဆီမီတာ အမျိုးအစားမကောင်းရင် အဖြေမမှန်ပါ။
ဒီအချက်လေးကို သတိပြုပြီး ကိုယ့်ရဲ့ SPO2 levelကိုတိုင်းတာကြည့်လို့ရပါတယ်။ သာမန်လူတွေအနေနဲ့ SpO2 အောက်ဆီမီတာကိုသုံးစွဲရာမှာ 100 % မှ 95% သည် ပုံမှန်၊
94 % မှ 91% သည်အရေးပေါ်အခြေအနေ၊ 90% အောက်သည် အလွန်အမင်းအသက်အန္တရာယ်ကိုစိုးရိမ်ရသောအခြေအနေဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။