မိန်းမကြောက်ရတဲ့ ယောက်ျားတွေက မကြောက်ရတဲ့ ယောက်ျားတွေထက် အသက်ရှည်ကျန်းမာ

happy wife, happy life တွေကြောင့် အသက်ရှည်ကြတယ်လို့ သိထားကြပေမယ့် နောက်ထပ်လေ့လာမှုအရ ဇနီးမယားရဲ့ ထိန်းချုပ်မှုခံရတဲ့ ယောက်ျားတွေက အသက်ပိုရှည်ကြပါသတဲ့။ အဲ့ဒါကြောင့်မို့လို့ ကိုယ့်ဇနီးမယားက ကိုယ့်အပေါ်နေရာတကာ လိုက်ချုပ်ချယ်နေတာကို တန်ဖိုးထားကျေးဇူးတင်သင့်ပါတယ်လို့ပြောပါတယ်။ ဘာလို့အဲ့သလိုပြောပါလဲဆိုတာ အောက်မှာဖော်ပြမယ့်အချက်တွေကို ကြည့်ပြီး ဟုတ်မဟုတ် ပြောကြည့်ကြပါဦး။

နေရာတကာလိုက်ပြီး စိတ်မချဖြစ်တဲ့ ဇနီးမယားတွေက သူတို့ယောက်ျားတွေအတွက် ကောင်းကျိုးဖြစ်စေပါတယ်တဲ့

မီရှီဂန်ပြည်နယ်တက္ကသိုလ်က လူမှုဗေဒပညာရှင်တစ်ယောက်ရဲ့ လေ့လာချက်အရ အိမ်ထောင်ရှိတဲ့ယောက်ျားတွေက မရှိတဲ့ယောက်ျားတွေထက် ဆီးချိုရောဂါဖြစ်တာနည်းတယ်လို့ပြောပါတယ်။ ရှိခဲ့ရင်တောင် သူတို့ ဇနီးမယား တွေကြောင့် ကုသမှုအောင်မြင်ဖို့ အခွင့်အလမ်းပိုများတာ တွေ့ရှိရပါတယ်တဲ့။ ဦးဆောင်သုတသနပြုလုပ်ခဲ့တဲ့ ဟွိုင်လျူရဲ့ ပြောကြားချက်အရ ဆီးချိုရောဂါလို စောင့်ကြည့်ဂရုစိုက်ဖို့လိုတဲ့ရောဂါမျိုးရှိတဲ့အခါ ဇနီးသည်တွေက သူတို့ခင်ပွန်းရဲ့ ကျန်းမာရေးကိုအမြဲလိုစောင့်ကြည့်ဂရုစိုက်ကြတဲ့အတွက်လို့ပြောပါတယ်။ ဒါပေမယ့် ယောက်ျားတွေကတော့ အဲ့ဒီလိုစောင့်ကြည့်တာမျိုး မကြိုက်ကြဘဲ အကဲပိုတယ်လို့ ထင်တတ်ကြပါတယ်။ ယူနိုက်တက်စတိတ်မှာတော့ ဆီးချိုရောဂါကြောင့် သေဆုံးမှုဟာ နံပါတ် ၇ နေရာမှာတည်ရှိနေပါတယ်။

ဒါပေမယ့် ဇနီးမယားတွေကို ပြန်လေ့လာကြည့်လိုက်တဲ့အခါမှာတော့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးမျိုးကသာ သူတို့အတွက် ကျန်းမာအသက်ရှည်ဖို့ဖြစ်စေတာကို တွေ့ရတယ်လို့ပြောပါတယ်။ သူတို့ဟာ ယောက်ျားတွေထက် စိတ်ခံစားမှုပိုကြတဲ့အတွက် ကောင်းမွန်တဲ့စိတ်ခံစားချက်မျိုးကသာ သူတို့အတွက်ပိုပြီး ကျန်းမာပျော်ရွှင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့ ဂရုတစိုက်ရှိမှုတွေအပေါ် အကင်းပါးပါးနဲ့ လက်သင့်ခံလိုက်တာက နှစ်ဦးနှစ်ဖက် ကျန်းမာပျော်ရွှင်တဲ့ အိမ်ထောင်ရေးမျိုးကို ဖန်တီးတာမျိုးမို့ ပြုလုပ်သင့်ပါတယ်တဲ့။

ဒါပေမယ့်လည်း အလွန်အကျွံစောင့်ကြည့်/ စောင့်ရှောက်တာမျိုးကျ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုပြီးဖြစ်စေနိုင်ပါတယ်

ဒိန်းမတ်နိုင်ငံအတွင်း လူတစ်သောင်းလောက်ကို ၁၁ နှစ်လောက်လေ့လာကြည့်တဲ့အခါမှာတော့ အလွန်ကျွံထိန်းချုပ်ခံရတဲ့ အိမ်ထောင်ဖက်တွေဟာ စိတ်ဖိစီးမှုများလွန်းတာကြောင့် သာမာန်အေးဆေးတည်ငြိမ်တဲ့ အိမ်ထောင်ဖက်များထက် စောစီးစွာသေဆုံးမှုနှုန်းက နှစ်ဆလောက်တွေ့ရပါတယ်တဲ့။

ဒါကြောင်မို့ ကိုယ့်ရဲ့အိမ်ထောင်ဖက် ချစ်ယောက်ျားတွေကို အလွန်အကျွံထိန်းချုပ်တာမျိုးမပြုလုပ်ဘဲ သင့်တင့်သလောက်သာ ပြုလုပ်သင့်ပါကြောင်းနဲ့ ခင်ပွန်းယောက်ျားသည်များကလည်း စိတ်ဖိစီးမှုများလောက်အောင်ထိ မ.ယ.က ဖြစ်မနေစေဖို့ ကျန်းမာရေးအတွက်ရှေးရှုပြီး တင်ပြပေးလိုက်ပါတယ်။