အရိုးကျိုးရင် ဒီအမြစ်ကို ထုထောင်ပြီး ကြပ်ထုပ်စီးပေးထားရုံဖြင့် အရိုးပြန်ဆက်တဲ့ ဆေးဖက်ဝင် (ဝံအူမြစ်)

အရိုးကျိုးရင် ဒီအမြစ်ကို ထုထောင်ပြီး ကြပ်ထုပ်စီးပေးထားရုံဖြင့် အရိုးပြန်ဆက်တဲ့ ဆေးဖက်ဝင် (ဝံအူမြစ်)

– ကျွန်တော်ကတော့ လက်ကျိုးတာ ဘယ်ဆေးခန်းမှလည်း မသွားပါဘူး။ ဝံအူအနီမြစ်နဲ့ပဲ ကြပ်စီးတာ အခုတော့ ကောင်းပါပဲ စည်းတဲ့အချိန် နည်းနည်းပေါ့လိုက်လို့  ဆက်တဲ့အချိန် အနိမ့်အမြင့်လေးတော့ ဖြစ်တာပေါ့။

– လက်တွေ့ပျောက်တာပါ။ ကျွန်တော်က ရွာကပါ ကောက်ရိုးလှည်းပေါ်က ၂ ပတ် ၃ ပတ် ဂျွန်းပြန်ကြပြီတော့ လှည်းဘိန်းအောက် လက်ခင်းကျပြီး နင်းသွားတာ ကျိုးတယ် တုတ်တယ် ကွဲတယ် သုံးမျိုးလုံးဟာ ဝန်အူမြစ်ပြုတ်ရေနဲ့ အမြစ်ပတ်တီးနဲ့ပဲ လုံးဝအကောင်း ဖြစ်သွားတာပါ။ အကျန်းဘလမ်း လုံးဝခန်ပါတယ်။ တကယ်ဆေးစွမ်းကောင်းဆိုတာ ကျနော်လက်တွေ့ပါဗျ အာမခံရဲတယ် ဖြစ်ချိန်ကတော့ ၁၄ နှစ်ကပါ အခုဆို ၃၄ ထဲရှိပါပြီ။ ဒီဆေးကို ဆေးဆရာကြီးများ သိစေချင်ပါတယ်။

– အရိုးကျိုး တာအတွက် ဆေးကောင်းတစ်လက်ဖြစ်သလို မန်းအားကြီးတဲ့ သူများအတွက် ဓါတ်ဗူးထဲမှာ ရေနွေးစိမ်ပြီး လ္ဘက်ခြောက် နဲ့ ဖောက်သောက်သလိုမျိုး အမြဲတမ်းစိမ်ပြီး သောက်ပေးနိုင်ရင် အလွန်ကောင်းတဲ့ ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်ဗျား။

– ဝံအူမြစ်က အရိုးကျိုး အရိုးအက် ပြန်ဆက်တာမှန်တယ်။ ဒါပေမဲ့ ဝေဒနာကိုကြည့်ပြီး ချင့်ချိန်လိမ်းရ စည်းရပါတယ်။ ပိုမိုပျောက်လိုဆောနဲ့ လိုသည်ထက်ပိုမို အသုံးပြုမိပါက အကြောသေတတ်တယ်။ သတိထားပြီး ဆင်ဆင်ခြင်ခြင် အသုံးပြုရပါမယ်။

– သွားကိုက် သွားနာလဲ ပျောက်ပါတယ်။ အမြစ်ကိုဝါးပြီး ကိုက်တဲ့သွားမှာ ဖိကပ်ထားပါ။ ကျွန်မအဖေသွားကိုက်ရင် သုံးနေကျပါ။

– ဝံအူအားကိုး အရိုးကျိုးလို့ အစဉ်အဆက် ပြောစကားရှိတယ်။ လက်တွေ့လဲသုံးလို့ အကျိုးရှိတာ အမှန်ပါ။

– လေးဘက်နာ ထုံကြင်ချင်းတွေလည်း အရမ်းကောင်းပါတယ်။ ဝံအူမြစ်က အဖြူလည်းကောင်း အနီလည်းကောင်း နှစ်မျိုး သုံးလို့ရပါတယ်

– ဝံအူက နှစ်မျိုးရှိသည်။ ဝံအူအဖြူ နှင့် ဝံအူသွေးထွက်ပါ။ ဝံအူသွေးထွက်က အပင်ကို ဓားနဲ့ခုတ်ရင် သွေးရောင်လို ရဲနေပါတယ်။

– တောင်ပေါ်ဒေသ တော်တော်များများမှာ အလေ့ကျပေါက်တာ များပါတယ်။ အရွက် ၃ ရွက်ပါပြီး နွယ်ပင် အမျိုးအစားပါ။ နွယ်နဲ့အမြစ်ကိုခုတ်လျှင် သွေးကဲ့သို့ အနီရောင် အစေးတွေ ထွက်ပါတယ်။

– လက်တွေ့လုပ်ဖူးပါတယ်။ အခေါက်ကို ထုလိုက်ရင် အဖြူရောင် အစေးထွက်ပါတယ်။ အရိုးပြန်ဆက်တယ်။ တကယ်လက်တွေ့ပါ။ မြန်မာဆေးက မမှားပါဘူး။ အထက်ပိုင်မှာ ရှိပါတယ်။ လွန်ခဲတဲ့ ကျွန်တော်တို့ တူလေး လက်ကြိုးတာ ၀ံအူမြစ်ကိုထုပြီ ပတ်တီနဲစီးပေးလိုက်တော့ ပျောက်သွားပြီ တပတ်လောက်တော့ လုပ်ပေးရတယ်။ ခုဆို တူလေး ၄ တန်းရောက်ပြီ မယုံမရှိပါနဲ့။

– ၀င်အူနွယ်ဖြစ်ပါတယ်။ ၀င်အူနွယ်က နှစ်မျိုးရှိပါတယ်။ ၀င်အူရိုးရိုးနဲ့ သွေးထွက်ဝင်အူပါ။ သွေးထွက်ဝင်အူက အနီရောင်။ အနီရောင်က အစွမ်း ပိုထက်ပါတယ်။

– အခေါက်ကိုခွာ နည်းနည်းပျော့အောင်ထုပြီး အရိုးကျိုးလူနာများ ကျောက်ပတ်တီး စည်းသလိုစည်း ၁၅ ရက်အတွင်း အရိုးဆက်တယ်။

– ဟုတ်တယ်ဗျ နော်နော်တို့ဆီမှာပေါ့ ပတောကိုထလို့ သုံးတက်ရင် ဆီးချိုအတွက်လဲ ကောင်းပါတယ်ဗျ။ ဝံအူမြစ်ကို ပါးပါးစင်းပြီး အခြောက်လှန်း ကျိုသောက်ရင် သိသိသာသာ သက်သာလာပါတယ်ဗျာ။

– ဝင်အူက အနီအဖြူ နှစ်မျိုးရှိပါတယ်၊ အနီက ဆေးစွမ်း ပိုထက်ပါတယ်၊ အရိုးကျိုးတာ အက်တာတွေ ကျောက်ပတ်တီး မလိုပါ၊ ဝင်အူနဲ့ ကြပ်စည်းတာနဲ့ ပျောက်ပါတယ်၊ မိမိမှာငယ်စဉ်က ဆော့လွန်း၍ လက်အရိုးများ မကြာခဏ အက်ခဲ့ဖူးသလို၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကလဲ ဆိုင်ကယ်မှောက်လို့ ညာဘက်ညှပ်ရိုးသွင်သွင် ကျိုးခဲ့ရပါတယ်၊ ဝင်အူမြစ်နဲ့သာ ကြပ်စည်းတာပါပဲ၊ ဝင်အူကို သွေးသောက်လို့လဲ ရပါတယ်၊ ဆရာဝန်တွေကိုယ်တိုင် လက်ခံအသုံးပြုကြတာ တွေ့ရပါတယ်၊ သောက်မယ်ဆိုရင်တော့ အင်္ဂလိပ်ဆေးတမျိုးမျိုးနဲ့ ၂၄ နာရီ အနည်းဆုံး ခြားစေပြီးမှ သောက်ဖို့ တိုက်တွန်းကြပါတယ်၊ အရိုးအဆစ်ဟာ ဝင်အူက အကောင်းဆုံးဖြစ်တယ်လို့ ပြောရမှာပါပဲ။

– ဆေးစွမ်းထက်တဲ့ ဝံအူမြစ် ခါးနာရင်သွေးလိမ်းပါ တင်တင်းလေးနဲ့ နေလို့ကောင်း၏ အမြန်ပျောက်ကင်း၏။ လက်ကျိုး ခြေကျိုး အရိုးကျိုးခြင်းများကို သွေးလိမ်းပြီး ကြပ်စီးပေးပါက လျှင်မြန်စွာ အရိုးပြန်ဆက်ပါသည်။ ထိခိုက်ဒဏ်ရာ အမျိုးမျိုးကို သွေးလိမ်းယုံဖြင့် လျှင်မြန်စွာ ပျောက်ကင်းပါသည်။ သွေးထွက်လွန်သော ထိခိုက်ဒဏ်ရာများ သွေးလိမ်းယုံဖြင့် ချက်ခြင်း သွေးတိတ်ပါသည်။ အချို့နေရာများတွင် သွေးတိပ်မြစ်ဟု ခေါ်ကြပါသည်။ အိမ်တိုင်းတွင် ဆောင်ထားသင့်သော ဆေးမြစ်ဖြစ်ပါသည်။

ကျေးဇူးတင်ပါတယ် ကျွန်တော် ဘဝခါးခါးပါ၊
#ဇီဝက