ခေါက်ဆွဲခြောက်က ဒီလောက်တောင်အန္တရာယ် ပေးနိုင် တာလား

အများစုကခေါက်ဆွဲခြောက်ကိုနှစ်ခြိုက်စွာစားသုံးလေ့ ရှိကျပါတယ် ရေးနွေးထဲအဆင်သင့်ထည့်စားရုံလွယ်ကူတဲ့ခေါက် ဆွဲခြောက် ထုပ်တွေကို နေ့စဉ်စားနေတာက ကျန်းမာရေး အတွက် အန္တရာယ်များစေပါတယ်။ ခေါက်ဆွဲခြောက်ကိုကြာခဏ

စားသုံးပေးခြင်းဖြင့် ဖော်ပြပါ အချက်တွေကို ဖြစ်စေနိုင်ပါတယ်။ နှလုံးကျန်းမာရေးကို ထိခိုက်စေတယ် နှလုံး သွေးကြော ဆိုင်ရာများ ဖြစ်စေတယ် သွေးချို၊ ဆီးချို ရောဂါများကို အလွယ်တကူ ဖြစ်စေတယ် ဟော်မုန်းဓာတ်ထိခိုက်စေတယ်အ

စာမကြေဖြစ်စေတယ် ကျောက်ကပ်ကို ထိခိုက်စေတယ်ကင်ဆာရောဂါဖြစ်နိုင်ခြေကိုအားပေးတယ် ဒါ့ကြောင့် ခေါက်ဆွဲခြောက်ထုပ်ကို ကျန်းမာရေး မထိခိုက်အောင် စားသုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

နည်းလမ်း (၁)

ပထမဆုံး ပြုတ်ထားတဲ့အရည်ကို သွန်ပစ် ပါ။ခေါက်ဆွဲထုပ်ရေအနည်းငယ်နှင့်ထည့်ပြုတ်ပြီးနောက် ထိုရေများကိုသွန်ပစ်ပါ။ ခေါက်ဆွဲတွေမကပ်အောင်ခေါက် ဆွဲခြောက်ထုပ်မှာပါတဲ့ ဖယောင်း (Wax) တွေကွာကျ သွားပါလိမ့် မယ်။ ခေါက်ဆွဲကို အရည်နဲ့စားချင်တယ် ဆိုရင်တော့ ရေနွေး ထပ်ထည့်ပါ။

ဆီချက်စားမယ်ဆိုရင်ခေါက်ဆွဲပြုတ်ရည်များကို သွန်ပစ်ပြီးခေါက်ဆွဲဖတ်များကိုရေအေးလောင်းပေးပါ။ ခေါက်ဆွဲကို သေချာကျက်မှ အရသာမှုန့်တွေကို ထည့်ပြီး သုံးဆောင်ပါ ဒီနည်းကလုံးဝ အန္တရာယ်ကင်းတာတော့ မဟုတ်ပေမယ် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို လျှော့ချပးနိုင် ပါတယ်။

နည်းလမ်း(၂)

ဟင်းသီးဟင်းရွက်များထည့်စားပါ။ နောက် တစ်ချက်ကခေါက်ဆွဲပြုတ်ထဲကို လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များ ထည့်စားသင့်ပါတယ်။ ခေါက်ဆွဲထုပ်မှာပါဝင် မှုနည်းတဲ့အမျှင်ဓာတ်၊ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ဟင်းသီးဟင်းရွက်များမှ ရရှိစေနိုင်တာကြောင့် ကျန်းမာရေးအတွက် သင့်တော်ပါတယ်။

ကျန်းမာရေးအတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံး နည်းလမ်းကတော့ တစ်ပတ်မှတစ်ထုပ်သာခေါက်ဆွဲပြုတ် ကိုစားသုံးသင့်ပါတယ်။ စားသုံးတဲ့အခါမှာလည်း ဖော်ပြပါ နည်းလမ်းအတိုင်း စားသုံးဖို့မမေ့ကြနဲ့နော်။ ကျန်းမာချမ်းသာပြီးပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးကိုပိုင်ဆိုင်နိုင် ကြပါစေခင်ဗျာ။