ခြေ ထောက်တွေ ညောင်းညာ ကိုက်ခဲနေပါက ဒီနည်းအတိုင်း လုပ်ကြည့်ပါ

တစ်နေကုန် ပြေးလွှား နေရတဲ့ အခါ ( သို့ ) သက်သောင့် သက်သာ မရှိတဲ့ ဖိနပ် စီးမိတဲ့ အခါ ၊ လမ်းလျှောက် များတဲ့အခါ ၊ မတ်တပ်ရပ် ရတာ များတဲ့ အခါမှာ သင့်ခြေ ထောက် ကြွက် သားတွေက ညောင်းညာ ကိုက်ခဲနေတတ် ပါတယ် ။

ခြေ ထောက်တွေ ညောင်းညာ နေတယ် ဆိုရင် အ ညောင်းပြေ ဖို့ အတွက် ဘယ်လို နည်းလမ်းတွေ အသုံးပြု နိုင်သလဲ ဆိုတာကို ဝေမျှလိုက်ပါတယ် ။ အလွယ်တကူ မီးဖိုချောင်ထဲမှာ အဆင်သင့်ရှိပြီးသား ပစ္စည်းတွေနဲ့ အ ညောင်းဖြေ လိုက်ရုံပါပဲ ။

ရေ နွေးပူ

ရေ နွေးပူထဲသို့ တဘက် တစ်ထည် ထည့်ပြီးနောက် ထိုတဘက်ကို ရေစင်အောင် ညှစ်ပေးလိုက်ပါ ။ ထိုတဘက်ကို ညောင်းညာ ကိုက်ခဲနေတဲ့ ခြေ ထောက်ပေါ် အုပ်ထား ပေး လိုက် ပါ ။ နွေးနေတဲ့ တဘက်က သာမန် အပူချိန်အတိုင်း ဖြစ် သွားသည်အထိ ကပ်ထား ပေးရပါမယ် ။ တကယ်လို့ သင့်အိမ်မှာ ရေနွေးအိတ် ရှိရင်လည်း ထိုအိတ်ကို အသုံးပြု နိုင် ပါ တယ် ။ အကိုက်အခဲပြေ သွားတဲ့အထိ ကပ်ထား ပေးရမှာပဲ ဖြစ်ပါတယ် ။

ရှာလကာရည်

ပန်းသီး ရှာလကာရည် ၁၂၅ မီလီလီတာခန့်ကို ရေ နွေးပူနဲ့ ရောနှောလိုက်ပါ ။ ထို့ နောက် သင့်ခြေ ထောက်ကို ရေ နွေးပူထည့်ထားသော ဇလုံထဲမှာ ၁၅ မိနစ်ခန့် စိမ်ထား ရ ပါ မယ် ။ အချိန်ပြည့်မှ ပန်းသီးရှာလကာရည်များကို ရေ နဲ့ ဆေးချ လိုက် ပါ ။ မနက် မိုးလင်းချိန်မှာလည်း ပန်းသီးရှာလကာရည်ကို ရေနွေးနွေး နဲ့ သောက်သုံးပေး လိုက် ပါ ။ အရသာ ကောင်းကောင်းလေး သောက်ချင်တယ် ဆိုရင်တော့ ပျားရည် ထည့်သောက်နိုင်ပါတယ် ။

ရေခဲတုံးများ

ရေခဲတုံးများကို ပလပ်စတစ်အိတ် ( သို့မဟုတ် ) တဘက်ထဲ ထည့်ကာ လုံးလိုက်ပါ ။ ထိုရေခဲတဘက်ကို ညောင်းညာနေ သော ခြေ ထောက်ပေါ်တွင် စက်ဝိုင်း ပုံသဏ္ဍာန် နှိပ်နယ် ပေး ရ ပါ မယ် ။