
အဆီပြန်တဲ့ အသားအရေပိုင်ရှင်ပျိုမေတို့အတွက် သဘာဝပေါင်းတင်နည်း (၈) မျိုး…

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက တခြားသူတွေထက် အရေပြား မှာ အဆီထုတ်လုပ်မှု ပိုများတာကြောင့် အဆီကြိတ်၊ ဆားဝက်ခြံ၊ ဝက်ခြံနဲ့ တခြား အရေပြားပြဿနာတွေ ပိုဖြစ်နိုင်ပါတယ် ……။

ဒါပေမယ့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက အရေးအကြောင်းတွေ လွယ်လွယ်နဲ့မဖြစ်တတ်ဘဲ အသက်ကြီးတဲ့အထိ အသားအရေတင်းရင်းနေနိုင်တာပါ။

အဆီပြန်တာက အရေပြားအပေါ်ယံလွှာမှာရှိတဲ့ အဆီဂလင်းတွေကနေ အဆီထုတ်လုပ်မှု များလွန်းတာကြောင့်ဖြစ်ပြီး ချွေးပေါက်ကျယယ်တွေကိုလည်းဖြစ်စေပါတယ်။

ဒီတော့ အဆီဂလင်းက အဆီထုတ်လုပ်မှုကို လျော့နည်းအောင် အဆီပြန်တာကို ပျောက်ကင်းအောင် လုပ်နိုင်မယ့် သဘာဝနည်းလမ်းလေးတွေကို ပျိုမေတို့ သိချင်ကြလိမ့်မယ်လို့ထင်ပါတယ်။

အခုပဲ ဖော်ပြပေးလိုက်ပြီမို့ ဖတ်ကြည့်ပြီး အခုပဲလုပ်လိုက်တော့နော် …..။

(၁) ကြက်ဥအကာ

ကြက်ဥအကာမှာ ပါဝင်တဲ့ ဗီတာမင် အေက အသားအရေအတွက် အထောက်အကူအများကြီးဖြစ်ပြီး အဆီဂလင်းကနေ အဆီတွေ အများကြီး မထုတ်လုပ်အောင် တားဆီးပေးနိုင်တာကြောင့်

ကြက်ဥအကာနဲ့ တစ်ပတ်နှစ်ကြိမ် မျက်နှာပေါင်းတင်ပေးမယ်ဆိုရင်

အဆီပြန်တာ တဖြည်းဖြည်း သက်သာလာပြီး ချွေးပေါက်ကျယ်တွေလည်း ပြန်တင်းရင်းသွားပါလိမ့်မယ်။

နည်းလမ်းကတော့ ကြက်ဥ အကာတစ်လုံးကို သံပရိုရည် အနည်းငယ်ရောပြီး မျက်နှာအနှံ့ပါးပါးလေး လိမ်းပေးလိုက်ပါ။ ဆယ့်ငါးမိနစ်လောက်ကြာရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးရုံပါပဲ ….။

(၂) သံပရိုရည်

သံပရိုရည်က Citric acid ကြွယ်ဝတာကြောင့် အရေပြားအပေါ်လွှာ အဆီဂလင်းထဲက အဆီပိုတွေ ထုတ်လုပ်မှုကို ထိန်းပေးပြီး

အသားအရေ အတွက် ရှိသင့်တဲ့ pH Level ကိုလည်း ထိန်းညှိပေးပါတယ်။သံပရိုရည်အနည်းငယ်ကို ရေကျက်အေးအနည်းငယ်နဲ့ရောပြီး

ဂွမ်းစလေးနဲ့တို့ယူကာ အဆီပြန်တတ် တဲ့နေရာတွေမှာ ခပ်ပါးပါးလေး လိမ်းပေးလိုက်ပါ။ ဆယ့်ငါးမိနစ်လောက်ကြာ ပီဆိုရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေး လိုက်ရုံပါပဲ …။

တစ်ရက်ခြားတစ်ခါ လုပ်ပေးရုံနဲ့ အဆီပြန်တာကို သိသိသာသာ လျော့နည်းလာစေပါတယ်။

(၃) ဒိန်ချဉ်

ဒိန်ချဉ်မှာ Lactic Acid ပါဝင်တာကြောင့် ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပြီး အဆီဂလင်းတွေကနေ အဆီထုတ်လုပ်မှုကို လျှော့ချပေးပါတယ်။

သကြားမပါတဲ့ ဒိန်ချဉ်အသန့်ကို မျက်နှာအနှံ့ ထူထူလေးလိမ်းပေးပြီး

၁၅ မိနစ်လောက်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ ဒီနည်းလေးကို နေ့တိုင်းလုပ်ပေးမယ်ဆိုရင် မျက်နှာအဆီပြန်တာ သိသိသာသာ သက်သာသွားတာကို တွေ့ရပါလိမ့်မယ်။

(၄) ခရမ်းချဉ်သီး

ဗီတာမင် စီကြွယ်ဝတဲ့ အသီးတွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့ ခရမ်းချဉ်သီးကလည်း အသားအရေပေါ်က အဆီတွေကို စုပ်ယူပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

ခရမ်းချဉ်သီးကို တစ်ဝက်ခြမ်းပြီး အဆီပြန်တဲ့နေရာတွေကို ပွတ်တိုက်ပေးပြီး ဆယ့်ငါးမိနစ်လောက ထားလိုက်ပါ။

ပြီးရင် ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလေးကိုလည်း နေ့တိုင်းလုပ်ပေးမယ်ဆိုရင် အဆီပြန်တာနဲ့ အဆီပြန်ခြင်းကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကို လျော့နည်းသွားစေပါတယ်။

(၅) ပန်းသီး

ပန်းသီးမှာ malic acid ပါဝင်တာကြောင့် အသားအရေအပေါ်လွှာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အဆီပြန်တာကို လျှော့ချပေးနိုင်ပါတယ်။

ကြိတ်ချေထားတဲ့ ပန်းသီးတစ်ဇွန်းနဲ့ သံပရိုရည်အနည်းငယ်ကိုရောပြီး အဆီပြန်

တဲ့နေရာတွေမှာ ထူထူလေးလိမ်းပေးပါ။ ဆယ့်ငါးမိနစ်လောက် ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ အဲ့ဒီနည်းလေးကိုတော့ တစ်ပတ်ကို နှစ်ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။

(၆) သခြားသီး

အဆီပြန်တာကို သက်သာစေပြီး ချွေးပေါက်တွေကို ပြန်ကျဉ်းစေတဲ့ အသီးနောက်တစ်မျိုးကတော့ သခွားသီးပါ။ သခွားသီးမှာ ဗီတာမင် အေနဲ့ အီးကြွယ်ဝစွာပါဝင်ပြီး မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်း

ပါဝင်တာကြောင့် အဆီပြန်တာကို ထိန်းပေးနိုင်တဲ့အပြင်အသားအရေဆဲလ်အသစ်တွေ ပြန်လည်ဖွဲ့စည်းနိုင်ဖို့လည်း ကူညီပေးနိုင်ပါတယ်။သခွားသီးကို အဝိုင်းလေးတွေ လွှာပြီး မျက်နှာမှာမိနစ်အနည်းငယ်လောက်

ပွတ်တိုက်ပေးကာ အိပ်ရာဝင်လိုက်ပါ။ မနက်အိပ်ရာနိုးမှ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ နေ့တိုင်းလုပ်ပေးရင် အဆီပြန်တာနဲ့ တခြားအသားအရေပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။

(၇) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်ကို အဆီပြန်တဲ့နေရာမှာ လိမ်းပေးပြီး မိနစ်နှစ်ဆယ်အကြာမှာ မျက်နှာသစ်ပေးလိုက်ပါ။ နေ့တိုင်းလုပ်ပေးရုံနဲ့ မျက်နှာအဆီပြန်တာနဲ့ ဝက်ခြံ၊ အဆီဖုတွေဖြစ်တာကို တားဆီးပေးနိုင်ပါတယ် …။

(၈) ပျားရည်

အဆီပြန်ပြီး ဝက်ခြံတွေထွက်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် အကောင်းဆုံးကတော့ ပျားရည်ပါ။ ပျားရည်အနည်းငယ်ကို အဆီပြန် တဲ့နေရာမှာ လိမ်းပေးပြီး ဆယ့်ငါးမိနစ်အကြာမှာ

ရေနွေးနဲ့ မျက်နှ ာသစ်ပေးတာကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့နှစ်ကြိမ် လုပ်ပေးရုံနဲ့ မျက်နှာအဆီပြန်တာ၊ ဝက်ခြံတွေ ထွက်တာကို တဖြည်းဖြည်းသက် သာလာစေမှာပါ …။ ။

Credit – Aunty May

Zawgyi Version

အဆီပြန်တဲ့ အသားအရေပိုင်ရှင်ပျိုမေတို့အတွက် သဘာဝပေါင်းတင်နည်း (၈) မျိုး…

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက တခြားသူတွေထက် အရေပြား မှာ အဆီထုတ်လုပ်မှု ပိုများတာကြောင့် အဆီကြိတ်၊ ဆားဝက်ခြံ၊ ဝက်ခြံနဲ့ တခြား အရေပြားပြဿနာတွေ ပိုဖြစ်နိုင်ပါတယ် …။

ဒါပေမယ့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက အရေးအကြောင်းတွေ လွယ်လွယ်နဲ့မဖြစ်တတ်ဘဲ အသက်ကြီးတဲ့အထိ အသားအရေတင်းရင်းနေနိုင်တာပါ။

အဆီပြန်တာက အရေပြားအပေါ်ယံလွှာမှာရှိတဲ့ အဆီဂလင်းတွေကနေ အဆီထုတ်လုပ်မှု များလွန်းတာကြောင့်ဖြစ်ပြီး ချွေးပေါက်ကျယယ်တွေကိုလည်းဖြစ်စေပါတယ်။

ဒီတော့ အဆီဂလင်းက အဆီထုတ်လုပ်မှုကို လျော့နည်းအောင် အဆီပြန်တာကို ပျောက်ကင်းအောင် လုပ်နိုင်မယ့် သဘာဝနည်းလမ်းလေးတွေကို ပျိုမေတို့ သိချင်ကြလိမ့်မယ်လို့ထင်ပါတယ်။

အခုပဲ ဖော်ပြပေးလိုက်ပြီမို့ ဖတ်ကြည့်ပြီး အခုပဲလုပ်လိုက်တော့နော်။

(၁) ကြက်ဥအကာ

ကြက်ဥအကာမှာ ပါဝင်တဲ့ ဗီတာမင် အေက အသားအရေအတွက် အထောက်အကူအများကြီးဖြစ်ပြီး အဆီဂလင်းကနေ အဆီတွေ အများကြီး မထုတ်လုပ်အောင် တားဆီးပေးနိုင်တာကြောင့်

ကြက်ဥအကာနဲ့ တစ်ပတ်နှစ်ကြိမ် မျက်နှာပေါင်းတင်ပေးမယ်ဆိုရင်

အဆီပြန်တာ တဖြည်းဖြည်း သက်သာလာပြီး ချွေးပေါက်ကျယ်တွေလည်း ပြန်တင်းရင်းသွားပါလိမ့်မယ်။

နည်းလမ်းကတော့ ကြက်ဥ အကာတစ်လုံးကို သံပရိုရည် အနည်းငယ်ရောပြီး မျက်နှာအနှံ့ပါးပါးလေး လိမ်းပေးလိုက်ပါ။ ဆယ့်ငါးမိနစ်လောက်ကြာရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးရုံပါပဲ ….။

(၂) သံပရိုရည်

သံပရိုရည်က Citric acid ကြွယ်ဝတာကြောင့် အရေပြားအပေါ်လွှာ အဆီဂလင်းထဲက အဆီပိုတွေ ထုတ်လုပ်မှုကို ထိန်းပေးပြီး

အသားအရေ အတွက် ရှိသင့်တဲ့ pH Level ကိုလည်း ထိန်းညှိပေးပါတယ်။သံပရိုရည်အနည်းငယ်ကို ရေကျက်အေးအနည်းငယ်နဲ့ရောပြီး

ဂွမ်းစလေးနဲ့တို့ယူကာ အဆီပြန်တတ် တဲ့နေရာတွေမှာ ခပ်ပါးပါးလေး လိမ်းပေးလိုက်ပါ။ ဆယ့်ငါးမိနစ်လောက်ကြာ ပီဆိုရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေး လိုက်ရုံပါပဲ …။

တစ်ရက်ခြားတစ်ခါ လုပ်ပေးရုံနဲ့ အဆီပြန်တာကို သိသိသာသာ လျော့နည်းလာစေပါတယ်။

(၃) ဒိန်ချဉ်

ဒိန်ချဉ်မှာ Lactic Acid ပါဝင်တာကြောင့် ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပြီး အဆီဂလင်းတွေကနေ အဆီထုတ်လုပ်မှုကို လျှော့ချပေးပါတယ်။

သကြားမပါတဲ့ ဒိန်ချဉ်အသန့်ကို မျက်နှာအနှံ့ ထူထူလေးလိမ်းပေးပြီး

၁၅ မိနစ်လောက်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ ဒီနည်းလေးကို နေ့တိုင်းလုပ်ပေးမယ်ဆိုရင် မျက်နှာအဆီပြန်တာ သိသိသာသာ သက်သာသွားတာကို တွေ့ရပါလိမ့်မယ်။

(၄) ခရမ်းချဉ်သီး

ဗီတာမင် စီကြွယ်ဝတဲ့ အသီးတွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့ ခရမ်းချဉ်သီးကလည်း အသားအရေပေါ်က အဆီတွေကို စုပ်ယူပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

ခရမ်းချဉ်သီးကို တစ်ဝက်ခြမ်းပြီး အဆီပြန်တဲ့နေရာတွေကို ပွတ်တိုက်ပေးပြီး ဆယ့်ငါးမိနစ်လောက ထားလိုက်ပါ။

ပြီးရင် ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလေးကိုလည်း နေ့တိုင်းလုပ်ပေးမယ်ဆိုရင် အဆီပြန်တာနဲ့ အဆီပြန်ခြင်းကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကို လျော့နည်းသွားစေပါတယ်။

(၅) ပန်းသီး

ပန်းသီးမှာ malic acid ပါဝင်တာကြောင့် အသားအရေအပေါ်လွှာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အဆီပြန်တာကို လျှော့ချပေးနိုင်ပါတယ်။

ကြိတ်ချေထားတဲ့ ပန်းသီးတစ်ဇွန်းနဲ့ သံပရိုရည်အနည်းငယ်ကိုရောပြီး အဆီပြန်

တဲ့နေရာတွေမှာ ထူထူလေးလိမ်းပေးပါ။ ဆယ့်ငါးမိနစ်လောက် ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ အဲ့ဒီနည်းလေးကိုတော့ တစ်ပတ်ကို နှစ်ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။

(၆) သျခားသီး

အဆီပြန်တာကို သက်သာစေပြီး ချွေးပေါက်တွေကို ပြန်ကျဉ်းစေတဲ့ အသီးနောက်တစ်မျိုးကတော့ သခွားသီးပါ။ သခွားသီးမှာ ဗီတာမင် အေနဲ့ အီးကြွယ်ဝစွာပါဝင်ပြီး မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်း

ပါဝင်တာကြောင့် အဆီပြန်တာကို ထိန်းပေးနိုင်တဲ့အပြင်အသားအရေဆဲလ်အသစ်တွေ ပြန်လည်ဖွဲ့စည်းနိုင်ဖို့လည်း ကူညီပေးနိုင်ပါတယ်။သခွားသီးကို အဝိုင်းလေးတွေ လွှာပြီး မျက်နှာမှာမိနစ်အနည်းငယ်လောက်

ပွတ်တိုက်ပေးကာ အိပ်ရာဝင်လိုက်ပါ။ မနက်အိပ်ရာနိုးမှ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ နေ့တိုင်းလုပ်ပေးရင် အဆီပြန်တာနဲ့ တခြားအသားအရေပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။

(၇) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်ကို အဆီပြန်တဲ့နေရာမှာ လိမ်းပေးပြီး မိနစ်နှစ်ဆယ်အကြာမှာ မျက်နှာသစ်ပေးလိုက်ပါ။ နေ့တိုင်းလုပ်ပေးရုံနဲ့ မျက်နှာအဆီပြန်တာနဲ့ ဝက်ခြံ၊ အဆီဖုတွေဖြစ်တာကို တားဆီးပေးနိုင်ပါတယ်။