၇ ရက် အတွင်း သဘာဝ အသားဖြူနည်း

၇ ရက် အတွင်း သဘာဝ အသားဖြူနည်း

အသားတွေ ဖြူချင်လွန်းလို့၊ ဖြူချင်လွန်းလို့ဆိုပြီး သုံးလိုက်ရတဲ့ Whitening, တိုက်လိုက်ရတဲ့ Scrub, ချိုးလိုက်ရတဲ့ ဂျီးချွတ်ဆပ်ပြာ။ ပြီးတော့လဲ ဒုံရင်း ဒုံရင်းပဲဖြစ်နေတဲ့ ချစ်စစ်လေးတွေအတွက် အက်မင်ရဲ့ အထိရောက်ဆုံး သဘာဝ အသားဖြူနည်း ပြောပြမယ်နော်။

မဖြူရင် ကြိုက်သလိုပြော။ တခေါက်လုပ်ကြည့်၊ တခါ သိသာတယ်။ ကိုယ့်အတွက်လဲ အကျိုးမယုတ်တာမို့ ချစ်တို့ကို စမ်းကြည့်စေချင်တယ်။

အာလူး အလုံးကြီးကြီးကို ပါးပါးလှီးပြီး မျက်နှာပေါ်ကို ကပ်ပေးပါ။ အားလူးအနှစ်ကို ကြိတ်စက်ထဲထည့် အရည်ဖျော်ပြီးတော့လဲ အဲ့အာလူးရည်ကို လိမ်းအိပ်လို့ရတယ်နော်။

အာလူးအဖတ်တွေ လှီးပြီးကပ်မယ်ဆိုရင်တော့ ကြာကြာထားနိုင်လေ ပိုကောင်းလေပါပဲ။ နာရီဝက်လောက်ဆိုရင်ကို မျက်နှာမှာ ကပ်ထားတဲ့ အာလူးကို ခွာကြည့်လိုက်။ ကပ်ထားတဲ့ နေရာနဲ့ မကပ်ထားတဲ့ နေရာယှဉ်ကြည့်။ သိသာတယ်နော်။

အာလူးမှာပါတဲ့အာနိသင်တွေက ဝက်ခြံတွေကိုလဲ ပျောက်စေတယ်။ အသားအရည်အတွက်လဲ အကောင်းဆုံး အာပာာရဓါတ်တွေ ဖြည့်တင်းပေးနိုင်တယ်။

whitening အတွက်ကတော့ အကောင်းဆုံးမို့ အသားဖြူချင်တဲ့ ချစ်တွေ၊skin glow ဖြစ်ချင်တဲ့ ခေးတွေအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကို ချစ်အက်မင်က ဝေမျှပေးလိုက်တယ်နော်။

ဈေးမကြီးလို့တော့ လုံးဝအထင်မသေးလိုက်နဲ့နော်။တခေါက်ဆို တခေါက်သိသာတာကိုတော့ အက်မင်ကိုယ်တိုင် လက်တွေ့။ YouTube မှာလဲ review တွေ အများကြီးမို့ တကယ်ကောင်းတဲ့ ဆေးစွမ်းတလက်ကို လက်လွှတ်မခံဘဲ စမ်းသုံးကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။