၇ ရက်အတွင်းမှာ ဝိတ် ၈ ကီလို ကျစေမယ့် လျှို့ဝှက်ချက်လာမယ့်အပတ်မှာ လုပ်တက်ရမယ့်ပွဲတွေအတွက် ဝိတ်ကို အမြန်ကျစေချင်နေလား။ ဝိတ်အမြန်ကျချင်ပေမယ့် ဘယ်လိုချရမှန်းမသိစိတ်ညစ်နေပါလား။
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သင့်ကို ကူညီနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ဝိတ်ချဖို့ အတွက် နည်းလမ်းမှန်ဖို့က အရေးကြီးပါတယ်။
နောက်ပိုင်းပြန်တက်မလာအောင် မှန်ကန်တဲ့ နည်းသုံးဖို့တော့ လိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသောက်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ ဝိတ်ကို မြန်မြန်နဲ့ လွယ်လွယ်ကူကူချနိုင်မှာပါ။အစာကို မစားတာ စားချိန်မမှန်တာတွေကို မလုပ်သင့်ပါဘူး။ဒါကသင့်ကို ဝိတ်ကျသွားစေမှာ မဟုတ်လို့ပါ။
သင့်Plan အောင်မြင်အောင် လုပ်နိုင်ဖို့ ပန်းတိုင်လေးတော့ ထားသင့်ပါတယ်။ခန္ဓာကိုယ်ကိုတော့ ကန့်သတ်ချက်တစ်ခု အထိပဲ အကြောလျှော့နိုင်မယ်ဆိုတာ သိထားပါ။အခုလက်ရှိမှာ General Motors Diet Plan ဆိုတာက တော်တော်အောင်မြင်နေပြီး အသက်အရွယ်အားလုံးအတွက်လည်း ကိုက်ညီမှုရှိတယ်လို့ ပြောပါတယ်။
တချို့တွေဆို တစ်ပတ်နဲ့တင် ၈ကီလိုလောက်ကျနိုင်တယ်လို့ ပြောကြပါတယ်။တချို့လူတွေက ပြည့်တဲ့ ခန္ဓာကိုယ်အနေအထားရှိကြပါတယ်။ သူတို့တွေက အားမစိုက်ထုတ်ချင်ပဲ ဝိတ်ကျချင်ကြတယ်။ တော်တော်များများကလည်း ယောဂတို့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတို့ကို လုပ်ကြပေမယ့်် ဝိတ်မကျကြဘူး။
ဒါကြောင့် GM Diet Plan စအောင်မြင်လာရခြင်း ဖြစ်ပါတယ်။ဒီ Diet Plan အတွက် တစ်ခုတည်းသောလိုအပ်ချက်ကတော့ စိတ်နိုင်ဖို့ပါပဲ။ တည်ငြိမ်ပြီး စိတ်က ငြိမ်းချမ်းနေမှ သာလျှင်လုပ်နိုင်မှာ ဖြစ်ပါတယ်။
တစ်ပတ်ပဲ ကြာမြင့်မှာဖြစ်ပြီး တစ်နေ့စီအတွက် သီးသန့် အစားအသောက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ တကယ်လို့ တိတိကျကျ လိုက်နာနိုင်ရင်တော့ ၅-၈ ကီလိုအထိကျနိုင်ပါတယ်။ဝိတ်ချနေစဉ် အရေးကြီးဆုံး အရာကတော့ ဆာလောင်မနေဖို့ ပါပဲ။
လိုအပ်သလောက်ပဲ စားသုံးရမှာပါ။ လူတော်တော်များများက အစာမစားတာမျိုး မဟုတ်ပဲနဲ့ ဘယ်လိုမျိုး ဝိတ်ချမလဲဆိုပြီး သံသယဝင်ကြပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ GM Diet Plan က သင့်ကို ကျန်းမာရေး မထိခိုက်စေပဲ အမြန်ဆုံးဝိတ်ကျစေမှာပါ။တစ်ပုံချင်းစီကြည့်ပေးပါ