လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ အမြန်ဆုံးဝိတ်ကျချင်သူတွေအတွက် နည်းလမ်းကောင်းအချို့

လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ အမြန်ဆုံးဝိတ်ကျချင်သူတွေအတွက် နည်းလမ်းကောင်းအချို့

၁။ ရေသောက်ရန် မမေ့လျော့ပါနဲ့။

ရေကသင့်အတွက် မရှိမဖြစ်အရေးကြီးတဲ့ အရာတစ်ခုပါပဲ။ ရေကိုအချိန်မှန်စွာ သောက်သုံးပေးပါက သင့်ရဲ့ ဇီဝဖြစ်စဉ်တွေအတွက် ရလဒ်ကောင်းတွေရရှိနိုင်ပါတယ်။ ဘယ်လိုအချိန်မှာရေကို သောက်သုံးသင့်သလဲဆိုတော့ အစာမစားမှီ မိနစ် ၃၀ အလိုမှာရေကို ၁ခွက် သို့မဟုတ် ၂ခွက် သောက်သုံးပေးတာ အကောင်းဆုံးပဲဖြစ်ပါတယ်။ အစာမစားခင်ရေကို သောက်သုံးခြင်းအားဖြင့် အစာအိမ်ထဲမှာ ရေက တစ်စိတ်တစ်ပိုင်းနေရာယူသွားတဲ့အတွက် သင့်အစားကို လျော့စားဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

၂။ အစားအသောက်အပေါ် အာရုံစိုက်ပေးပါ။

အစားအသောက်အတွက် တကူတကကြီး အဆီအစိမ့်များမဲ့ဟင်းကောင်းတွေ ချက်စားတာထက် ရိုးရိုးလေးပဲ သင့်ကျန်းမာရေးအတွက်ကိုက်ညီမှုရှိတဲ့ အသီးအနှံ အစားအသောက်ကိုသာ ပြုလုပ်ပြီး စားသောက်ပေးပါ။ ဒါက သင့်အတွက် အချိန်အများကြီး ကုန်ဆုံးမှုမရှိသလို အစားအသောက်စားတဲ့အခါမှာလည်း အာရုံစူးစိုက်မှုရှိပါ။

တီဗီကြည့်ရင်ထမင်းစားခြင်း၊ ဖုန်းသုံးရင် ထမင်းစားခြင်း၊ တစ်စုံတစ်ခုကိုတွေးတေားပြီး အစာအစားခြင်း၊ အလျှင်အမြန် အစာအစားခြင်း မျိုးကို ရှောင်ကြဉ်ပါ။ အစားအသောက်ပေါ်အာရုံစိုက်ပြီးစားတဲ့အခါမှာ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တာထပ် ပိုမိုစားသုံးခြင်းမဖြစ်တော့ပါဘူး။

၃။ အတိုင်းအတာဖြင့်စားသုံးပါ။

တန်ရင်ဆေးလွန်ရင်ဘေးဆိုတဲ့ စကားအတိုင်း အစားအသောက်စားတဲ့အခါမှာလည်း စားကောင်းတိုင်း အရမ်းမစားသုံးသင့်ပါဘူး။ သင့်အတွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ အနည်းဆုံးတော့ ကိုယ်အလေးကို တိုးစေပါတယ်။ ဒါ့ကြောင့်အစားအသောက်စားတဲ့အခါသင့်အတွက် လုံလောက်မလောက်ကို မှန်းပြီး အစားအသောက်ကို စားသောက်ပါ။ ဖြစ်နိုင်လျှင် ပန်းကန် အရွယ်အစားသေးသေးနှင့် တူကို အသုံးပြုပြီး စားသုံးသင့်ပါတယ်။ ပန်းကန်သေးသေးထဲ ထည့်စားတဲ့အတွက် သင့်ကိုယ်အလေးချိန်မတက်အောင် ကန့်သတ်ထားနိုင်ပြီး တူဖြင့်စားသုံးခြင်းဟာ ပုံမှန်ထက် နှေးနှေးကွေးကွေးဖြင့်တာကြောင့် အစားအစာကို နည်းနည်းနဲ့ သေချာညက်အောင်ဝါးနိုင်ပါတယ်။ အစာအစားကို ညက်အောင် ဝါးခြင်းဟာ အစာချေရလွယ်ကူသလို ပုံမှန်အများကြီးစားတာထက် ပိုပြီးထိရောက်မှုရှိစေပါတယ်။

၄။ အိပ်ချိန်ပိုပေးပါ။

များသောအားဖြင့် အိပ်လျှင်ပိုဝတယ်လိုထင်ကြပါတယ်။ တကယ်တော့ အိပ်တာဟာ ကိုယ်အလေးကိုမတက်စေပါဘူး။ အအိပ်မက်တဲ့သူဟာ တော်ရုံတန်ရုံလည်း အစားအသောက်ကို မစားဖြစ်ကြပါဘူး။ ပုံမှန်ထက် အစားအသောက်ပိုနည်းလာပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်နဲ့ ဟော်မုန်းပမာဏကို အကျိုးသက်ရောက်မှုရှိစေပါတယ်။ အစားအသောက်ပို သင့်ခန္ဓာကိုယ်အတွက် လိုအပ်သလောက်ပဲ စားသုံးသင့်ပြီး အိပ်ချိန်ကို များများပေးခြင်းက ကိုယ်အလေးချိန်ကို မြန်မြန်ကျဆင်းစေပါတယ်။

၅။ အေးမြတဲ့နေရာမျိုး၊ အချိန်မျိုးမှာ အိပ်ပေးပါ။

သင့်အိပ်တဲ့အခါ အပူထိန်းကရိယာ ဒါမှမဟုတ် လေဝင်လေထွက်ရှိတဲ့ တံခါးပေါက်မျိုးကို ဖွင့်ပြီး အိပ်စက်သင့်ပါတယ်။ အမျိုးသားကျန်းမာရေးတက္ကသိုလ်ရဲ့ သုတေသနအရ အိပ်တဲ့အခါ အပူချိန်ကို ၁၉ ဒီဂရီစင်တီဂရိတ်လောက်ပဲ ထားပြီး အိပ်စက်ခြင်းက သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး ကယ်လိုရီကိုလည်းကျဆင်းစေတယ်လို့ဆိုပါတယ်။

၆။ အဆီကျစေမဲ့ အစားအစာမျိုးကိုစားသုံးပါ။

အလေးချိန်လျော့ကျဖို့ဆိုတာ အစားအသောက်က အများကြီး အရေးကြီးပါတယ်။ ကိုယ်အလေးချိန်ကိုကျဆင်းစေတဲ့အစားအစာ တွေကတော့ ဆော်လမွန်ငါး၊ ကြက်ဥ၊ အခွံမာသီး၊ သံလွင်ဆီ၊ ငရုတ်၊ အစိမ်းရောင်လက်ဖက်ရည် စတဲ့ အစားအစာတွေပဲဖြစပါတယ်။ အဆိုပါ အစားအစာတွေဟာ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြှင့်တင်ရန် ကူညီပေးပြီး ထိထိရောက်ရောက်နဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၇။ ရယ်မောပေးခြင်း

အဓိကကတော့ ရယ်မောခြင်းကြောင့် ဝမ်းဗိုက်ကြွက်သားတွေ ကောင်းကောင်းအလုပ်လုပ်စေပါတယ်။ လေ့ကျင့်ခန်းတကူးတကလုပ်စရာမလိုတာကြောင့် အကြိုက်ဆုံး ဟာသကားတွေကြည့်ပြီး ထိုင်ရယ်လိုက်ပါ။ သင့်ခန္ဓာကိုယ်အတွက် အကျိုးရှိသလို စိတ်ကိုလည်းလွတ်လပ်ပေါ့ပါးစေပါတယ်။

၈။ အပူဖြင့် ဖိပေးခြင်း

သင် တီဗွီကြည့်နေရင်းဖြစ်ဖြစ်၊ စာအုပ်ဖတ်နေရင်းဖြစ်ဖြစ် သက်သောက်သက်သာလုပ်နိုင်မဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ အပူရှိန်ကြောင့် ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့ အရည်တွေဖယ်ရှားလိုက်သလိုပါပဲ။ ဒါ့ကို သင့်ဝမ်းဗိုက်ပူတဲ့အခါမှာ အပူနဲ့ ဖိပေးခြင်းကသင့်အတွက် များစွာအကျိုးပြုပါတယ်။ အပူနဲ့ ဖိပေးတယ်ဆိုတာ သင့်ရဲ့ ဝမ်းဗိုက်ကို ဆားအိတ်သို့မဟုတ် ဂျင်းတစ်ခုခု ကပ်ပြီး ဆံပင်လေမှုတ်စက် Dryer ဖြင့်မှုတ်ပေးပါ။ အပူရှိန်ကြောင့် ချွေးများများထွက်တဲ့အခါ ဝမ်းဗိုက်မှ မလိုအပ်တဲ့ အရာတွေကို ချွေးအဖြင့် ပြန်ထွက်လာပါလိမ့်မယ်။