“ရေ”ဆိုတာ မှန်ကန်စွာသောက်တတ်ရင် အကုန်ကျအနည်းဆုံး သဘာဝဆေးတစ်လက်ပါ (စက္ကန့်ပိုင်း အချိန်ပေးဖတ်ရုံနဲ့ အကျိုးရှိစေမှာပါ။)

“ရေ”ဆိုတာ မှန်ကန်စွာသောက်တတ်ရင်
အကုန်ကျအနည်းဆုံး သဘာဝဆေးတစ်လက်ပါ

(စက္ကန့်ပိုင်း အချိန်ပေးဖတ်ရုံနဲ့ အကျိုးရှိစေမှာပါ။)

လူတစ်ယောက်ဟာ တစ်နေ့ကိုအနည်းဆုံး ရိုးရိုးရေ ဖန်ခွက်(၆-၈)ခွက် သောက်သင့်ပါတယ်။

သောက်သုံးရာမှာလည်း ခန္ဓာကိုယ်ပေါ် အကျိုးရှိစေမယ့်အချိန်တွေကို အဓိကထားသောက်ပါက ကျန်းမာရေးအရ ပိုမိုထိရောက်ပါတယ်။

၁) အိပ်ရာထချင်း

အိပ်ရာနိုးပြီးချင်း ရေတစ်ဖန်ခွက်သောက်ပါ။ တစ်ညလုံးဆုံးရှုံးထားတဲ့ ရေဓာတ်ဖြည့်ပေးပြီး အစာမစားခင် ကိုယ်တွင်းအဆိပ်အတောက်များ ပြေလျော့စေပါတယ်။

၂) အစာမစားခင်

အစာမစားခင် မိနစ်(၃၀)အလို ရေတစ်ခွက်သောက်ပါက အစာချေစနစ် ကောင်းမွန်စေပါတယ်။ စားပြီးနောက်တစ်နာရီအကြာ သောက်ပါက ခန္ဓာကိုယ်မှ အာဟာရဓာတ်များ ပိုမိုစုပ်ယူနိုင်ဖို့ အထောက်အကူပြုပါတယ်။
ဒါပေမယ့် မစားမီ (သို့) စားပြီးပြီးချင်း ချက်ချင်းမသောက်မိဖို့တော့ သတိပြုပါရှင့်။

၃) ရေမချိုးခင်

ရေမချိုးခင် ရေတစ်ဖန်ခွက်သောက်ပေးရင် သွေးဖိအား လျော့ကျစေပါတယ်။ ကိုယ်တွင်းအပူချိန်လျော့စေပြီး ရေချိုးတဲ့အခါ အပူမရှပ်အောင် ကာကွယ်ပေးပါတယ်။

၎) မအိပ်ခင်

ညအိပ်ရာမ၀င်မီ ရေတစ်ဖန်ခွက်သောက်မယ်ဆို (၈)နာရီနီးပါးအိပ်ချိန်မှာ ဆုံးရှုံးသွားမယ့်ရေဓာတ်ကို ကာဗာဖြစ်စေပါတယ်။
ဆီး ခဏခဏသွားရင် အိပ်ရေးပျက်စေလို့ အများကြီးမသောက်မိဖို့ သတိပြုပါရှင့်။

ရောဂါပိုးတွေနဲ့ သွားလာရခက်ချိန်မှာ ကိုယ့်ကျန်းမာရေး ကိုယ်တိုင်ဂရုစိုက်တာ အကောင်းဆုံးပါ။
အထွေအထူး မလိုပါဘူး။ နေ့စဉ်နေထိုင်စားသောက်မှု ပိုဂရုစိုက်ပေးရုံပါရှင့်။

အခုပြောသလို “ရေ”ကိုလည်း အချိန်မှန်မှန် သောက်ပါ။

ကိုယ်တွင်းအဆိပ်အတောက် ပြေလျော့စေတယ်
ဆီးမှန်၊ ဝမ်းမှန်စေတယ်
အစာချေစနစ် ကောင်းမွန်စေတယ်
သွေးတိုး၊ သွေးအားနည်း၊ အဆစ်ရောင်၊ ကြွက်သားနာကျင်တာတွေ လျော့နည်းစေတယ်
လေးလံထိုင်းမှိုင်း၊ သွေးကြောကျဉ်း၊ အဝလွန်ခြင်းမှကာကွယ်ပေးတယ်။

ကောင်းကျိုးများ၊ အကုန်ကျနည်း၊ လူတိုင်းနဲ့တည့်တဲ့ သဘာဝဆေးမို့ ကေသီပန်ပရိသတ်တို့ ရေသောက်မှန်ကြဖို့ တိုက်တွန်းလိုက်ပါရစေရှင့်။