မျက်နှာ ပေါ်က အမည်းစက် များကိုဖယ်ရှားပေးမယ့် သကြားSCRUB

မျက်နှာ ပေါ်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးများကြောင့် အမည်းစက် တွေထွက်ပေါ်လာရတာပါ။ ဒါ့အပြင် နေရောင်ခြည်ထိတွေ့မှုကြောင့် အမည်းစက် တွေက မျက်နှာ၊ လည်ပင်း အနှံ့ထွက်ပေါ်တတ်ပါသေးတယ်။ ဒါတွေကို ဖယ်ရှားဖို့အတွက် အလှပြင်ဆိုင် သွားပြီး ငွေကုန်ကြေးကျခံ၊ အချိန်ကုန်ခံပြီး ပေါင်းတင်မယ့်အစား ကိုယ်တိုင် အိမ် မှာပဲ ပြုလုပ်လို့ရတဲ့နည်းလမ်းလေး ရှိနေပါပြီနော်။ ဘေးဥပါဒ်ဖြစ်စေတဲ့ဆေးနဲ့ Scrub လုပ်မယ့်အစား အိမ်မှာရှိတဲ့ သဘာဝပစ္စည်း လေးတွေနဲ့ပဲ တစ်ကိုယ်လုံး ပေါင်းတင်လို့ရမယ့် နည်းလမ်းကောင်း လေးပါပဲ။ သကြားနဲ့ Scrub လုပ်မယ့် နည်းလမ်းကောင်း လေးပါ။

လိုအပ်သောပစ္စည်းများ

ပန်းကန်လုံးတစ်လုံး

ဇွန်းတစ်ချောင်း

ပါဝင်ပစ္စည်းပမာဏချင့်ချိန်ရန် ခွက်အသေးတစ်လုံး

သကြား

သံလွင်ဆီ

လာဗင်ဒါပန်း အဆီ (မိမိကြိုက်နှစ်သက်တဲ့အမွှေးနံ့သာအဆီကိုအသုံးပြုနိုင်ပါတယ်)

အသုံးပြုပုံအဆင့်ဆင့်

ပန်းကန်လုံး တစ်လုံးထဲသို့ သကြား(ချင့်ချိန်ရန်ခွက်အသေး) ခွက်တစ်လုံးစာပမာဏ၊ သံလွင်ဆီ ခွက်ရဲ့သုံးပုံ တစ်ပုံနှင့် လာဗင်ဒါပန်းအဆီ ၁၀စက်ခန့်တို့ကို ရောစပ်လိုက်ပြီး သမသွားအောင် ဇွန်းလေးနဲ့သေချာမွှေပေးပါ။ ရရှိလာတဲ့ အရောနှောကို အဖုံးပါတဲ့ ဘူးလေးထဲမှာ ထည့်ထားလို့ရပါတယ်။ မိမိလိုသလောက်လေးယူပြီး တစ်ပတ်လျှင်တစ်ကြိမ် Scrubပြုလုပ်ပေးရုံနဲ့ အသားအရေ ကသိသိသာသာ ကြည်လင်ဝင်းပလာတာကို တွေ့ရမှာပါ။ Scrub ပြုလုပ်တဲ့အခါမှာ မိမိပြုလုပ်လိုတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကို ရွေးချယ်ပြုလုပ်လို့လည်းရပါတယ်။ ပြီးရင်တော့ သန့်ရှင်းတဲ့ရေစိုအဝတ်နဲ့ သကြားများကိုဖယ်ရှားပေးပြီးမှ ရေနဲ့ဆေးကြောသန့်စင်ပေးပါ။ နောက်ဆုံးမှာတော့ အစိုဓာတ်ထိန်း ခရင်မ်လေး လိမ်းပေးလိုက်မယ်ဆိုရင် အသားအရေကအရင်ကနဲ့ မတူတော့ဘဲ တစ်လအတွင်း ထူးခြားမှုကို အပြည့်အဝခံစားရမှာပါနော်။

ဒီ သကြား Scrub ကိုပြုလုပ်ခြင်းအားဖြင့် ချွေးပေါက် များကိုကျဉ်းစေပြီး အသားအရေ ကို ကြည်လင်ဝင်းပစေပါတယ်။ ဒါ့အပြင် အသားအရေ မွဲခြောက်ခြောက်ဖြစ်နေသူများအတွက် တကယ့်ကိုအသုံးတည့်တာကို တွေ့ရမှာပါနော်။ အသားအရေ ပျက်စီးစေတဲ့ အရေပြား ပေါ်က ဆဲလ်သေ များကို သကြားကဖယ်ရှားဖယ်နိုင်စွမ်းရှိပြီး အသားအရေ ချောမွေ့လှပချင်သူများ ဒီနည်းလမ်းလေးကို အသုံးပြုသင့်ပါတယ်နော်။ အခုဖော်ပြပေးမယ့် သကြား Scrub မှာထည့်သွင်းအသုံးပြုမယ့် သဘာဝ သံလွင်ဆီ ကလည်း အသားအရေအတွက် တကယ့်ကိုကောင်းမွန်တဲ့ အရာတစ်ခုပါပဲ။ သံလွင်ဆီ က အရွယ်မတိုင်ခင်အိုမင်းရင့်ရော်စေတာကို ကာကွယ်ပေးပြီး ပါးရေတွန့်ခြင်းကိုသက်သာစေတဲ့အပြင် အရေပြားဆိုင်ရာပြဿနာများကိုတောင် ဖြေရှင်းပေးနိုင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပါပဲ။ ဒီလိုကောင်းကျိုးများစွာ ပါဝင်တဲ့ သကြားScrubကို အိမ်မှာပဲအလွယ်တကူပြုလုပ်လိုက်ပါနော်။