သဘာဝအလျောက် collagen ရစေတဲ့ အစားအသောက်များ
ကော်လဂျင်ဆိုတာ အမျိုးသမီးတွေအတိုင်း လိုအပ်နေတဲ့ ဖြည့်စွက်စာဓာတ်တစ်ခုပါ။ ကော်လဂျင်ကို supplement ဆေးလုံးတွေကလည်း ရနိုင်သလို ပျိုမေတို့နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေကနေလည်း ရနိုင်ပါတယ်။ ဒီတော့ ကော်လဂျင်ကြွယ်ဝတဲ့ အစားအသောက်တွေကို ဖော်ပြပေးလိက်ပါတယ်။
(၁) အရေခွံများ
အသားပေါင်းစုံက အရေခွံတွေကနေပြီး ကော်လဂျင်ရစေနိုင်ပါတယ်။ အထူးသဖြင့် ကြက်အရေခွံနဲ့ ငါးအရေခွံတို့ကနေပေါ့။
(၂) အရိုးပြုတ်ရည်
အသားကြီးတွေရဲ့ အရိုးတွေကို ဗင်နီကာအနည်းငယ်နဲ့ စိမ်ပြီးတော့ အချိန် ၁၂ နာရီနဲ့ ၂၄ နာရီကြာအောင် ပြုတ်လိုက်ပါ။ ရလာတဲ့အရည်နဲ့ ချဉ်ဆီတို့ကနေ gelatin ဓာတ်ရပြီးတော့ အဲဒီကနေ ကော်လဂျင်ဓာတ်လည်း ရစေပါတယ်။
(၃) ကြက်ဥအကာ
ကြကဥအကာဟာ 18 amino acids ပါဝင်နေပြီးတော့ hyaluronic acid တို့ chondroitin sulfate တို့ glucosamine sulfate တို့ပါဝင်နေပါတယ်။ ဒါတွေဟာ ကော်လဂျင်ထုတ်မှုအားကို ကောင်းစေပါတယ်။
(၄) အစေ့အဆံများ
ဖရုံစေ့၊ သီဟိုစေ့၊ နှမ်းစေ့ စတာတွေမှာ zinc နဲ့ copper တို့ ပါဝင်နေပါတယ်။ ဒီဓာတ်တွေဟာ ကော်လဂျင်ထုတ်ဖို့အတွက် အားပေးစေတဲ့ ဓာတ်တွေပါ။
(၅) Citrus Fruits
သံပုရာသီး၊ မန်ကျည်းသီး၊ လိမ္မော်သီးစတဲ့ အသီးအနှံတွေဟာ ဗီတာမင် C ဓာတ်ပေါကြွယ်ဝတဲ့အပြင်ကိုမှ ကော်လဂျင်တွေလည်း ပါဝင်နေပါတယ်။
(၆) ငရုတ်ပွသီး
ဗီတာမင်စီ၊ဓာတ်ပါဝင်ပြီး ကော်လဂျင်ပေါကြွယ်ဝတဲ့ ဖိုက်ဘာဓာတ်တွေကို ငရုတ်ပွသီးမှာ တွေ့ရပါတယ်။