အစားအေသာက္ ဆင္ျခင္ရံုနဲ႕ ဝက္ျခံ ေတြကို ယူပစ္သလုိေပ်ာက္ေစေၾကာင္း သက္ေသျပသြားတဲ့ အမႊာႏွစ္ေယာက္

ကယ္လီဖိုးနီးယား ႏုိင္ငံမွာေနထိုင္တဲ့ Nina နဲ႕ Randa Nelson ဆုိတဲ့ အသက္ ၂၀ အရြယ္အမႊာႏွစ္ေယာက္ဟာ အလြန္ဆုိးရြားတဲ့ဝက္ျခံေရာဂါကို ခံစားေနရတဲ့သူႏွစ္ေယာက္ပါ ။မည္သည့္ေဆးသံုးသံုး မေပ်ာက္တဲ့အျပင္ ဆရာဝန္ေတြညႊန္ၾကားတဲ့ေဆးဝါးေတြကလည္း ေဘးထြက္ဆုိးက်ိဳးအရမ္းမ်ားျပီး အစြမ္းမထက္တာေၾကာင့္ ေဆးေတြကိုဆက္လက္ေသာက္သံုးျခင္းမျပဳခဲ့ေတာ့ပါဘူး ။

ဒါေပမယ့္ အစားအေသာက္ ဆင္ျခင္တဲ့နည္းလမး္ကုိ က်င့္သံုးလိုက္တဲ့အခါမွာေတာ့ ရက္သတၱပတ္အနည္းငယ္အတြင္း ဝက္ျခံေတြလံုးဝကင္းစင္သြားတာကိုအံ့ၾသဖြယ္ေတြ႕ခဲ့ရပါတယ္ ။ သူတုိ႕ဘယ္လုိ အစားအေသာက္ဆင္ျခင္ခဲ့လုိ႕ ဝက္ျခံေတြယူပစ္သလုိေပ်ာက္သြားရတာလဲ ။Nina ေရာ Randa ေရာဟာ ကယ္လီဖုိးနီးယားႏိုင္ငံမွာေနထိုင္ၾကီးျပင္းလာခဲ့ၾကျပီး အသီးအရြက္ပဲစားသံုးခဲ့ၾကတဲ့ သူေတြပါ ။

သူတုိ႕ႏွစ္ေယာက္ဟာ သရုပ္ေဆာင္ အဆိုေတာ္ေတြျဖစ္တဲ့အတြက္ အခုလို ဝက္ျခံေတြအမ်ားၾကီးထြက္လာတဲ့အခ်ိန္မွာ အိမ္ထဲက တစ္လေလာက္မထြက္ရဲေလာက္ျဖစ္ခဲ့ရပါတယ္လုိ႕ Randa ကေျပာပါတယ္။အလွအပဆရာဝန္နဲ႕ေဆြးေႏြးခဲ့တဲ့အခ်ိန္မွာေတာ့ အခုလုိဝက္ျခံထြက္ျပင္းထန္တဲ့အေျခအေနအတြက္ ဗီတာမင္ ေအက အလြန္အက်ိဳးသက္ေရာက္မႈရွိေၾကာင္း ေျပာျပခဲ့ပါတယ္ ။

ဗီတာမင္ A ေဆးဝါးတစ္ခုျဖစ္တဲ့ Accutane ကိုေသာက္သံုးတဲ့သူတုိ႕ရဲ႕သူငယ္ခ်င္းတစ္ေယာက္ကေတာ့ ဆံပင္ကြ်တ္တာေတြ ၊ ဗိုက္ေအာင့္တာေတြ နဲ႕ စိတ္ဓါတ္က်တာေတြကုိခံစားရေလ့ရွိတာေၾကာင့္ ဒီေဆးကိုေသာက္သံုးဖုိ႕ျငင္းပယ္ခဲ့ၾကပါတယ္။ေနာက္ဆံုးမွာေတာ့ သူတုိ႕အေဖေျပာတဲ့ အစားအေသာက္နဲ႕ အေရျပားျပႆနာဆိုတဲ့ Dr. John McDougall ရဲ႕ Website ကုိ ဝင္ၾကည့္ျဖစ္ၾကပါတယ္ ။

ဒီ website မွာဆုိရင္ ႏွလံုးေရာဂါ ၊ ဆီးခ်ိဳ နဲ႕ ေသြးတုိေရာဂါ အစရွိတဲ့ က်န္းမာေရးျပႆနာေတြအတြက္ ဘယ္လုိအစားအေသာက္မ်ိဳးကုိ စားသံုးသင့္တယ္ဆုိတဲ့အေၾကာင္း အေသးစိတ္ရွင္းျပထားပါတယ္ ။ Nina နဲ႕ Randa ဟာ အဲ့ဒီ website ကုိဖတ္ရွဳရင္းနဲ႕ သူတို႕ ဝက္ျခံထြက္ရတဲ့အဓိက အေၾကာင္းအရင္းက ပဲ နဲ႕ ဆီေတြေၾကာင့္ဆုိတာကုိ ေတြ႕ရွိခဲ့ၾကပါတယ္။ ဒီလုိနဲ႕သူတုိ႕ဟာ ပဲႏုိ႕ ၊ ေျမပဲေထာပတ္ ၊ အခြံမာသီးေတြနဲ႕ ေထာပတ္သီး အစရွိတဲ့ ပဲနဲ႕အဆီ ပါဝင္တဲ့အစားအေသာက္ေတြကုိ ေရွာင္ရွားဖုိ႕ဆံုးျဖတ္ခဲ့ၾကပါတယ္ ။

တကယ္ကို အံ့ၾသဖုိ႕ေကာင္းပါတယ္ ။ သူတုိ႕အစားေရွာင္ျပီး ၃ ပတ္အတြင္းမွာ မ်က္ႏွာေပၚက ဝက္ျခံေတြအားလံုး ယူပစ္လုိက္သလုိေပ်ာက္သြားတာကုိ ေတြ႕ရပါတယ္ ။အေပၚမွာျပထားတဲ့ပံုကေတာ့ ၅ ပတ္အကြာမွာ ရိုက္ထားတဲ့ ဓါတ္ပံုႏွစ္ပံုပဲျဖစ္ပါတယ္ ။အခုဆိုရင္ေတာ့ ဒီညီအစ္မႏွစ္ေယာက္ဟာ တစ္ခ်ိဳ႕ေသာေရာဂါေတြဟာ ေဆးရံုကုိအားကိုးဖုိ႕မလုိေၾကာင္းနဲ႕ ေဆးေသာက္ျခင္းက ေရာဂါကိုမေပ်ာက္ကင္းေစႏုိင္ေၾကာင္း ၊ အစားအေသာက္ဆင္ျခင္ရံုနဲ႕ တစ္ခ်ိဳ႕ေသာေရာဂါေတြဟာ အလြယ္တကူေပ်ာက္ကင္းႏုိင္ေၾကာင္း သူတုိရဲ႕အေကာင့္ေတြမွာရွင္းလင္းေျပာျပေနၾကပါတယ္ ။

ထုိ႕အျပင္ သူတုိ႕ကိုယ္တုိင္က အသီးအရြက္ပဲစားတဲ့သူေတြျဖစ္တဲ့အတြက္ အသီးအရြက္ဟင္းေတြကို အရသာရွိေအာင္ နဲ႕ က်န္းမာေရးညီညြတ္ေအာင္ ဘယ္လုိခ်က္ရမလဲဆုိတာကိုလည္း ေရးသားထားေဖာ္ျပေနၾကတာကိုေတြ႕ရပါတယ္ ။ သင္ေရာ ဝက္ျခံ ျပႆနာနဲ႕ပတ္သတ္ျပီး စိတ္ညစ္ေနရပါသလား ။ ဒါဆုိရင္ေတာ့ သူတုိ႕နည္းလမ္းအတုိင္း လိုက္လံက်င့္သံုးၾကည့္ေပါ့ ။ တစ္လအတြင္း ထူးျခားမႈကို ျမင္ရပါလိမ့္မယ္ ။

Unicode ဖြင့်ဖတ်ရန်

အစားအသောက်ဆင်ခြင်ရုံနဲ့ ဝက်ခြံတွေကို ယူပစ်သလိုပျောက်စေကြောင်း သက်သေပြသွားတဲ့ အမွှာနှစ်ယောက်

ကယ်လီဖိုးနီးယားနိုင်ငံမှာနေထိုင်တဲ့ Nina နဲ့ Randa Nelson ဆိုတဲ့ အသက် ၂၀ အရွယ်အမွှာနှစ်ယောက်ဟာ အလွန်ဆိုးရွားတဲ့ဝက်ခြံရောဂါကို ခံစားနေရတဲ့သူနှစ်ယောက်ပါ ။မည်သည့်ဆေးသုံးသုံး မပျောက်တဲ့အပြင် ဆရာဝန်တွေညွှန်ကြားတဲ့ဆေးဝါးတွေကလည်း ဘေးထွက်ဆိုးကျိုးအရမ်းများပြီး အစွမ်းမထက်တာကြောင့် ဆေးတွေကိုဆက်လက်သောက်သုံးခြင်းမပြုခဲ့တော့ပါဘူး ။

ဒါပေမယ့် အစားအသောက်ဆင်ခြင်တဲ့နည်းလမး်ကို ကျင့်သုံးလိုက်တဲ့အခါမှာတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဝက်ခြံတွေလုံးဝကင်းစင်သွားတာကိုအံ့သြဖွယ်တွေ့ခဲ့ရပါတယ် ။ သူတို့ဘယ်လို အစားအသောက်ဆင်ခြင်ခဲ့လို့ ဝက်ခြံတွေယူပစ်သလိုပျောက်သွားရတာလဲ ။Nina ရော Randa ရောဟာ ကယ်လီဖိုးနီးယားနိုင်ငံမှာနေထိုင်ကြီးပြင်းလာခဲ့ကြပြီး အသီးအရွက်ပဲစားသုံးခဲ့ကြတဲ့ သူတွေပါ ။

သူတို့နှစ်ယောက်ဟာ သရုပ်ဆောင်အဆိုတော်တွေဖြစ်တဲ့အတွက် အခုလို ဝက်ခြံတွေအများကြီးထွက်လာတဲ့အချိန်မှာ အိမ်ထဲက တစ်လလောက်မထွက်ရဲလောက်ဖြစ်ခဲ့ရပါတယ်လို့ Randa ကပြောပါတယ်။အလှအပဆရာဝန်နဲ့ဆွေးနွေးခဲ့တဲ့အချိန်မှာတော့ အခုလိုဝက်ခြံထွက်ပြင်းထန်တဲ့အခြေအနေအတွက် ဗီတာမင် အေက အလွန်အကျိုးသက်ရောက်မှုရှိကြောင်း ပြောပြခဲ့ပါတယ် ။

ဗီတာမင် A ဆေးဝါးတစ်ခုဖြစ်တဲ့ Accutane ကိုသောက်သုံးတဲ့သူတို့ရဲ့သူငယ်ချင်းတစ်ယောက်ကတော့ ဆံပင်ကျွတ်တာတွေ ၊ ဗိုက်အောင့်တာတွေ နဲ့ စိတ်ဓါတ်ကျတာတွေကိုခံစားရလေ့ရှိတာကြောင့် ဒီဆေးကိုသောက်သုံးဖို့ငြင်းပယ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ သူတို့အဖေပြောတဲ့ အစားအသောက်နဲ့ အရေပြားပြဿနာဆိုတဲ့ Dr. John McDougall ရဲ့ Website ကို ဝင်ကြည့်ဖြစ်ကြပါတယ် ။

ဒီ website မှာဆိုရင် နှလုံးရောဂါ ၊ ဆီးချို နဲ့ သွေးတိုရောဂါ အစရှိတဲ့ ကျန်းမာရေးပြဿနာတွေအတွက် ဘယ်လိုအစားအသောက်မျိုးကို စားသုံးသင့်တယ်ဆိုတဲ့အကြောင်း အသေးစိတ်ရှင်းပြထားပါတယ် ။ Nina နဲ့ Randa ဟာ အဲ့ဒီ website ကိုဖတ်ရှုရင်းနဲ့ သူတို့ ဝက်ခြံထွက်ရတဲ့အဓိက အကြောင်းအရင်းက ပဲ နဲ့ ဆီတွေကြောင့်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒီလိုနဲ့သူတို့ဟာ ပဲနို့ ၊ မြေပဲထောပတ် ၊ အခွံမာသီးတွေနဲ့ ထောပတ်သီး အစရှိတဲ့ ပဲနဲ့အဆီ ပါဝင်တဲ့အစားအသောက်တွေကို ရှောင်ရှားဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ။

တကယ်ကို အံ့သြဖို့ကောင်းပါတယ် ။ သူတို့အစားရှောင်ပြီး ၃ ပတ်အတွင်းမှာ မျက်နှာပေါ်က ဝက်ခြံတွေအားလုံး ယူပစ်လိုက်သလိုပျောက်သွားတာကို တွေ့ရပါတယ် ။အပေါ်မှာပြထားတဲ့ပုံကတော့ ၅ ပတ်အကွာမှာ ရိုက်ထားတဲ့ ဓါတ်ပုံနှစ်ပုံပဲဖြစ်ပါတယ် ။အခုဆိုရင်တော့ ဒီညီအစ်မနှစ်ယောက်ဟာ တစ်ချို့သောရောဂါတွေဟာ ဆေးရုံကိုအားကိုးဖို့မလိုကြောင်းနဲ့ ဆေးသောက်ခြင်းက ရောဂါကိုမပျောက်ကင်းစေနိုင်ကြောင်း ၊ အစားအသောက်ဆင်ခြင်ရုံနဲ့ တစ်ချို့သောရောဂါတွေဟာ အလွယ်တကူပျောက်ကင်းနိုင်ကြောင်း သူတိုရဲ့အကောင့်တွေမှာရှင်းလင်းပြောပြနေကြပါတယ် ။

ထို့အပြင် သူတို့ကိုယ်တိုင်က အသီးအရွက်ပဲစားတဲ့သူတွေဖြစ်တဲ့အတွက် အသီးအရွက်ဟင်းတွေကို အရသာရှိအောင် နဲ့ ကျန်းမာရေးညီညွတ်အောင် ဘယ်လိုချက်ရမလဲဆိုတာကိုလည်း ရေးသားထားဖော်ပြနေကြတာကိုတွေ့ရပါတယ် ။ သင်ရော ဝက်ခြံ ပြဿနာနဲ့ပတ်သတ်ပြီး စိတ်ညစ်နေရပါသလား ။ ဒါဆိုရင်တော့ သူတို့နည်းလမ်းအတိုင်း လိုက်လံကျင့်သုံးကြည့်ပေါ့ ။ တစ်လအတွင်း ထူးခြားမှုကို မြင်ရပါလိမ့်မယ် ။

Credit : Min Thu (Daily Hot News )