နိုင္ငံတကာမွာ ေရပန္းစားေနတဲ့ ေရကိုအသုံးျပဳၿပီး ဝိတ္ခ်နည္း

ခႏၶာကိုယ္ အေလးခ်ိန္ကို ေလၽွာ့ခ်ဖို႔အတြက္ ေလ့က်င့္ခန္း ျပဳလုပ္တာ၊ အစားေလၽွာ့စားတာ အစရွိသျဖင့္ နည္းလမ္းေပါင္းမ်ားစြာမွ အခုေနာက္ပိုင္း နိုင္ငံတကာမွာ ေရပန္းစားေနတဲ့ နည္းလမ္းတခုကေတာ့ ေရကိုအသုံးျပဳၿပီး ဝိတ္ခ်တဲ့နည္းပဲ ျဖစ္ပါတယ္။ ဒီနည္းလမ္းမွာဆိုရင္လည္း သူ႔ရဲ့အားသာခ်က္ေတြ အားနည္းခ်က္ေတြကေတာ့ ရွိေနပါတယ္။

အားသာခ်က္ကေတာ့ ေသြးေပါင္ခ်ိန္ ျမင့္တက္ျခင္း၊ ကိုလက္စထေရာ မ်ားျပားျခင္းနဲ႔ အဝလြန္ျခင္းေတြအတြက္ ထိေရာက္တဲ့ နည္းလမ္းတခုျဖစ္တယ္ ဆိုတာပါပဲ။ အားနည္းခ်က္ကေတာ့ ကိုယ္ဝန္ေဆာင္နဲ႔ နို႔တိုက္မိခင္သည္ေတြ၊ ႏွလုံးက်န္းမာေရး ျပႆနာရွိသူေတြအေနနဲ႔ေတာ့ အလြန္အကၽြံ မလုပ္သင့္တဲ့ ဝိတ္ခ်နည္းတခုပဲ ျဖစ္ပါတယ္။

အာဟာရ သိပၸံပညာရွင္ေတြရဲ့ ေလ့လာခ်က္ေတြအရေတာ့ ေရကိုအသုံးျပဳၿပီး ကိုယ္အေလးခ်ိန္ေလၽွာ့ခ်တာျဖစ္တာေၾကာင့္ ေဆးဝါးေတြ ေသာက္သုံးတာထက္ ပိုမိုစိတ္ခ်ရၿပီး ကိုယ္လက္လွုပ္ရွား ေလ့က်င့္ခန္းတခုခုနဲ႔ တြဲဖက္ၿပီး လုပ္ေဆာင္ေပးမယ္ဆိုရင္ ပိုမိုထိေရာက္မွုရွိေစမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဝိတ္ခ်ခ်င္လိုစိတ္ မ်ားျပားၿပီး အစားကို အလြန္အကၽြံ ေလၽွာ့စားတာမ်ိဳးနဲ႔ ေလ့က်င့္ခန္း အျပင္းအထန္လုပ္ျခင္းေတြကို ေရွာင္ၾကဥ္သင့္တယ္လို႔ သတိေပးထားပါတယ္။ ဒါဆိုရင္ေတာ့ ေရကို အသုံးျပဳၿပီး ဘယ္လိုမ်ိဳး ဝိတ္က်ေအာင္ လုပ္မလဲဆိုတဲ့ နည္းလမ္းကို ေဖာ္ျပေပးပါမယ္။

(၁) အစာမစားခင္ ေရကို တဝေသာက္ပါ

အစာမစားခင္ ေရကို တဝ ေသာက္ထားျခင္းအားျဖင့္ အစားအစာေတြကို မ်ားမ်ား မစားမိေစမွာျဖစ္သလို အစားအစာထဲမွာ ပါဝင္တဲ့ ကိုလက္စထေရာ ပမာဏကိုလည္း ေလၽွာ့ခ်ေပးနိုင္ပါတယ္။

(၂) ေရကို ၂ နာရီျခားတခါ ခပ္မ်ားမ်ားေသာက္ေပးပါ

ေရဆာမွ ေရထေသာက္တာမ်ိဳးထက္ ေရကို ႏွစ္နာရီျခားတခါ ေသာက္ေပးပါ။ ဒီလို ေသာက္သုံးေပးျခင္းဟာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ေရဓာတ္ကို အလုံအေလာက္ ျဖည့္တင္းေပးရာေရာက္သလို ကိုယ္အေလးခ်ိန္ေလၽွာ့ခ်ေရးအတြက္လည္း ထိေရာက္မွုရွိေစပါတယ္။

(၃) ေရေသာက္တဲ့အခါ သံပုရာသီးစိတ္ေလးေတြ ထည့္ေသာက္ေပးပါ

ေရေသာက္တဲ့အခါ သံပုရာသီးစိတ္ ဒါမွမဟုတ္ ဂ်င္းတက္ အနည္းငယ္ ထည့္ေသာက္ေပးျခင္းဟာ ေရေသာက္ခ်င္စိတ္ကို လွုံ႔ေဆာ္ေပးရာေရာက္သလို ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။

Unicode ဖြင့်ဖတ်ရန်

နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ ရေကိုအသုံးပြုပြီး ဝိတ်ချနည်း

ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချဖို့အတွက် လေ့ကျင့်ခန်း ပြုလုပ်တာ၊ အစားလျှော့စားတာ အစရှိသဖြင့် နည်းလမ်းပေါင်းများစွာမှ အခုနောက်ပိုင်း နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ နည်းလမ်းတခုကတော့ ရေကိုအသုံးပြုပြီး ဝိတ်ချတဲ့နည်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာဆိုရင်လည်း သူ့ရဲ့အားသာချက်တွေ အားနည်းချက်တွေကတော့ ရှိနေပါတယ်။

အားသာချက်ကတော့ သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ကိုလက်စထရော များပြားခြင်းနဲ့ အဝလွန်ခြင်းတွေအတွက် ထိရောက်တဲ့ နည်းလမ်းတခုဖြစ်တယ် ဆိုတာပါပဲ။ အားနည်းချက်ကတော့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်သည်တွေ၊ နှလုံးကျန်းမာရေး ပြဿနာရှိသူတွေအနေနဲ့တော့ အလွန်အကျွံ မလုပ်သင့်တဲ့ ဝိတ်ချနည်းတခုပဲ ဖြစ်ပါတယ်။

အာဟာရ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရတော့ ရေကိုအသုံးပြုပြီး ကိုယ်အလေးချိန်လျှော့ချတာဖြစ်တာကြောင့် ဆေးဝါးတွေ သောက်သုံးတာထက် ပိုမိုစိတ်ချရပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတခုခုနဲ့ တွဲဖက်ပြီး လုပ်ဆောင်ပေးမယ်ဆိုရင် ပိုမိုထိရောက်မှုရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဝိတ်ချချင်လိုစိတ် များပြားပြီး အစားကို အလွန်အကျွံ လျှော့စားတာမျိုးနဲ့ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်းတွေကို ရှောင်ကြဉ်သင့်တယ်လို့ သတိပေးထားပါတယ်။ ဒါဆိုရင်တော့ ရေကို အသုံးပြုပြီး ဘယ်လိုမျိုး ဝိတ်ကျအောင် လုပ်မလဲဆိုတဲ့ နည်းလမ်းကို ဖော်ပြပေးပါမယ်။

(၁) အစာမစားခင် ရေကို တဝသောက်ပါ

အစာမစားခင် ရေကို တဝ သောက်ထားခြင်းအားဖြင့် အစားအစာတွေကို များများ မစားမိစေမှာဖြစ်သလို အစားအစာထဲမှာ ပါဝင်တဲ့ ကိုလက်စထရော ပမာဏကိုလည်း လျှော့ချပေးနိုင်ပါတယ်။

(၂) ရေကို ၂ နာရီခြားတခါ ခပ်များများသောက်ပေးပါ

ရေဆာမှ ရေထသောက်တာမျိုးထက် ရေကို နှစ်နာရီခြားတခါ သောက်ပေးပါ။ ဒီလို သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ကို အလုံအလောက် ဖြည့်တင်းပေးရာရောက်သလို ကိုယ်အလေးချိန်လျှော့ချရေးအတွက်လည်း ထိရောက်မှုရှိစေပါတယ်။

(၃) ရေသောက်တဲ့အခါ သံပုရာသီးစိတ်လေးတွေ ထည့်သောက်ပေးပါ

ရေသောက်တဲ့အခါ သံပုရာသီးစိတ် ဒါမှမဟုတ် ဂျင်းတက် အနည်းငယ် ထည့်သောက်ပေးခြင်းဟာ ရေသောက်ချင်စိတ်ကို လှုံ့ဆော်ပေးရာရောက်သလို ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။