ပေါင် 180 မှ ပေါင် 120 ထိ ဝိတ်ချနိုင်ခဲ့သူပြောပြတဲ့ ဝိတ်ကျနည်းလမ်းကောင်းများ

ပိန်သွားတဲ့အကြောင်းလေး ပြောပြပါမယ်

စာသိပ်မရေးတတ်လို့ အမှားပါသွားရင် ခွင့်လွှတ်ပါ

ပထမဆုံးကိုယ်ဝိတ်တက်လာတယ်ပေါ့နော်

အရင်ကလည်း မပိန်ခဲ့ပါဘူး

လက်မှတ်ထိုးခဲ့တုန်းက ပုံလေးလည်း ထည့်ပေးထားပါတယ်

တချို့က ကလေးမွေးလို့ အရင်ပိန်ရာက ဝ လာတယ် ထင်ကြလို့ပါ

နဂို လုံးတုတ်ကနေ ကလေးရှိပြီး ပိုပိုဝလာခဲ့တာပါ

ကိုယ်ဝန်စ ရှိရှိချင်း ၃လ

၁၄၃ပေါင်

တဖြည်းဖြည်းနဲ့ မွေးခါနီးလည်း ရောက်ရော ၁၈၇ပါင်

ပိုတေးလေးလည်း မွေးအပြီးတစ်လ ၁၇၃ပေါင်

စိတ်ဓါတ်တွေလည်းကျ

ကလေးလည်း မထိန်းတတ်

အိပ်ရေးတွေလည်း ပျက်

စိတ်ရဲ့ ဖိစီးမှု့တိုင်းကို အစားအသောက်နဲ့ ထွက်ပေါက်တွေ ယူခဲ့မိတယ်

တဖြည်းဖြည်းနဲ့ လူက စည်ပိုင်းလောက်ဖြစ်နေပြီ

မှန်တောင်မကြည့်တော့ဘူး

ငါတသက်လုံး ပြန်မပိန်နိုင်တော့ပါဘူး ဆိုပြီး စိတ်ထဲမှတ် အရာရာအားလုံးဟာ ဘာမှ မလှပတော့ဘူး

ဖြည့်စွက်စာကျွေးချိန်က စပြီး ငါ ၁၅၀လောက်ဖြစ်ရင်တောင် မဆိုးဘူးဆိုပြီး စိတ်ထဲ ညတိုင်း ဆုတောင်းမိတယ်

ဆုတောင်းရုံနဲ့တော့ မဖြစ်နိုင်ပါဘူး ဆိုပြီး

Life style ကို ချိန်း ရတော့မယ်မှန်း တဖြည်းဖြည်း သိလာတယ်

OGနဲ့ ပိုတေးရဲ့ဆရာမရယ်ကို မေးပြီး ဝိတ်ချလို့ရမရမေးကြည့်ခဲ့တယ်

သူတို့က ok ပြီ ပြောတဲ့အချိန် မှာ မအိမြတ်နိုးသူ Ei Myat Noe Thuနဲ့တွေ့တယ်

အဲ့မှာ ပေါင်ချိန် ၁၇၀

မအိရဲ့ planတွေ မှာစားတယ်

ကိုယ်လုပ်စရာမလိုပဲ မနက်၇နာရီလောက်ဆို အစားအသောက်တွေ အိမ်ရှေ့အရောက် မနက် နေ့လည် ညစာ နဲ့သောက်စရာအရည်တွေပါတယ်

ကလေးနို့တိုက်နေတယ်ဆိုတာ မအိကို ပြောတော့ မအိက အာဟာရအဆင်ပြေအောင် ထည့်ပေးတယ်

တနေ့ တပေါင်နှုန်းကျတယ်

မအိရဲ့planစား အပြီးမှာ ၁၅၅ပေါင် ဖြစ်သွားပြီ

ကိုယ့်ကိုကိုယ်ကျေနပ်လာတယ်

ပျော်လာတယ်

ပိုတေးလေးလည်း အာဟာရအပိုင်းမှာ ဘာမှမဖြစ်ဘူး

ပိုတောင်ကျန်းမာလာတယ်

အဲ့မှာ အားကစားလေးတခုခုလုပ်မှ ဖြစ်မယ် ဆိုပြီး Transcend FitnessTranscend Fitness Yangon မှာ MwayThai Fit ကိုဆရာ Joey Joey Kyawနဲ့ တနေ့တနာရီ ကစားတယ်

ဆရာရဲ့ လမ်းပြမှု့တွေနဲ့ ဝိတ်တွေတဖြည်းဖြည်းကျလာတယ်

လူလည်း လန်းဆန်းပေါ့ပါးလို့

တနေ့တနေ့ boxing မသွားရမနေနိုင်ဖြစ်လာတယ်

ကစားဖော် အမတွေညီမတွေနဲ့လည်း အဖွဲ့ကျပြီး အပေါင်းအသင်းလေးတွေနဲ့ဖြစ်လာတယ်

သမီးလေးတစ်နှစ်ပြည့်ရယ်

ခရီးတွေသွားတာရယ်နဲ့ပြန်စားမိတယ်

ဒါပေမယ့် ဝိတ်ကအရမ်းတက်မသွားပဲ ၁၅၄/၃လောက်ပဲဖြစ်လာတယ်

ခရီးမှာ FBကြည့်ရင်း ကူကူးလေးတို့မေမေ MaMyintZu KoKo ပုံလေးတွေကြည့်ရင်း အရမ်းပိန်သွားတာကို သတိထားမိလာတယ်

အမကို မေးရင်း မမသင်းစု (စုပေါင်းညီညာပိန်ကြောင်းရှာ) group

Thinn Su နဲ့ မိတ်ဆက်ပေးခဲ့တယ်

မမသင်းစုက ကိုယ်စားရမယ့် plan တွေကို ပို့ပေးတယ်

တရက်တရက်သူပေးတဲ့ planတွေ အတိုင်းလိုက်စားရတယ်

မှတ်မှတ်ရရ အဲ့တုန်းက နေပြည်တ်ေရောက်နေတာ

W1အပြီး ၁၄၇ပေါင်

အိမ်မက်လားတောင်ထင်ရတယ်

မယုံနိုင်ခဲ့ဘူး

သိတ်ဓါတ်လည်း တက်လာတော့

စားရတာ အရမ်းအဆင်ပြေလာတယ်

တဖြည်းဖြည်းမမပေးတဲ့ plan တွေအတိုင်းတသွေမတိမ်းလိုက်စားဖြစ်လာတယ်

တစ်လအကြာမှာ ၁၄၃ပေါင်

ကိုယ်ဖြစ်ချင်တဲ့ ကိုယ်အလေးချိန်ဖြစ်လာပြီ

ကလေးမရခင်က ကိုယ်အလေးချိန်ရောက်လာခဲ့တယ်

စိတ်က အရမ်း တက်ကြွလာတယ်

သူပြောတဲ့အတိုင်းစားတယ်

လက်ဝေ့လည်းတရက်မှမပျက်ခဲ့ဖူး

နှစ်လ သုံးလ အပြီးမှာ ၁၃၀/၁၃၁/၂ ပတ်လည် ဖြစ်လာခဲ့ပြီ

လူတွေကလည်း သတိထားမိလာပြီ

တဖြည်းဖြည်းလည်း ယုံကြည်မှု့ရှိလာတယ်

April လကုန်မှာတော့ ၁၂၇/၈ ဖြစ်လာပြီ

အကျီလှလှလေးတွေ ဝတ်လို့ရပြီ

ပွဲတကာ တက်ရဲလာပြီ

အလှပြင်ချင်လာတယ်

ဘာလုပ်လုပ် ကိုယ့်ကိုကိုယ်ယုံကြည့်မှု့ရှိလာပြီ

ပေါင်၁၂၀ target မရောက်သေးပေမယ့် ကိုယ့်ကိုကိုယ်အဆင်ပြေနေမှန်းသိနေပြီ

အစားအသောက် မှန်မှန်စား

လေ့ကျင့်ခန်းလေးလုပ်ရင် ဝိတ်ကျကိုကျတယ်ဆိုတာ လက်ခံလာပြီ

ဘာပဲ လုပ်လုပ်

အဓိကကတော့ စိတ်ဓါတ်သာ အဓိက

ရည်မှန်းချက်

ဖြစ်ချင်တဲ့ဆန္ဒပြင်းပြရင် ဘာမဆိုဖြစ်နိုင်တယ် ဆိုတာ ပြောပြချင်တာပါ

ကိုယ့်ကိုကိုယ် ယုံကြည်ချက်နဲ့ ငါဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ ဆန္ဒလေးရှိဖို့ပဲ

ပြောပြချင်တာကလေ

မနက်ဖြန်ဝိတ်ချမယ် ဒီနေ့တော့ ငါစားလိုက်ဦးမယ်ဆိုတာ ကျမ ခဏခဏ ပြောဖူးလုပ်ဖူးခဲ့တယ်

ဒါပေမယ့် အဲ့အချိန်တုန်းက အဲ့လို ဘယ်တုန်းကမှမတွေးတော့ပဲ မနက်ဖြန်တွေ ဒီနေ့စောင့်မနေပဲ အခုချက်ချင်း ထ လုပ် ခဲ့တယ်

လုံးဝ နောက်မဆုတ်ခဲ့ဖူး

အခုဝိတ်ကျပြီးလည်း ရပ်တန့်မနေဘူး

တကယ်လို့ ၁၄၃မှာ ရပ်သွားခဲ့ရင် ကျမ ၁၄၃ပေါင် ပဲဖြစ်နေမှာပဲ

အဲ့ ၁၄၃ကနေမရပ်ပဲ ဆက်ကြိုးစားခဲ့လို့ အခုလို အိပ်မက်တောင်မမက်ခဲ့ဖူးတဲ့ ဝိတ်ကို ရောက်ခဲ့တယ်

အခု ရောက်နေတဲ့ဝိတ် ရပြီ ပြန်စားမယ် ပြန်သောက်မယ်ဆို ပြန်တက်လာမှာပဲ

ဒါကြောင့် ကျမလည်း ရပ်တန့်မနေဘူး

အမတွေ ညီမတွေ အကိုတွေ မောင်လေးတွေလည်း ရပ်တန့်မနေပဲ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ရှိလာအောင်

ကျန်းမာရေးနဲ့ အညီ အစားအသောက် အနေအထိုင် Life style လေးကို ပြောင်းလဲနိုင်ကြပါစေနော်

ချစ်တဲ့

ရိန်းလွှမ်းရည်