Zawgyiဖြင့်ဖတ်ရန်
ကြက်ဥနဲ့ဂျုံမှုန့်အရောကို မျက်နှာမှာသုတ်လိမ်းပြီး ၅မိနစ်ကြာတာနဲ့ရေနွေးနဲ့ဆေးချပေးပါ။
Unicodeဖြင့်ဖတ်ရန်
သဘာဝနည်းလမ်းအတိုင်း ကြက်ဥတစ်လုံးကိုအသုံးပြုပြီး ပေါင်းတင်ကြမယ်
သဘာဝနည်းလမ်းအတိုင်း အိမ်မှာတင်ပြုလုပ်လို့ရတဲ့facial masks အမျိုးမျိုးအကြောင်းဖော်ပြပေးသွားမှာပါ။
အလှအပရေးရာအတွက် အသုံးဝင်ဆုံးပစ္စည်းတစ်ခု လူတိုင်းလိုလိုရဲ့ရေခဲသေတ္တာထဲမှာရှိပါတယ်။ အဲ့ဒါကတော့ ကြက်ဥပါပဲ !
ကြက်ဥမှာ အရေပြားအတွက်အသုံးဝင်တဲ့ အံ့သြစရာစွမ်းရည်တွေပိုင်ဆိုင်ထားပါတယ်။
facial masks အများစုမှာ ကြက်ဥရဲ့အာနိသင်တွေပါဝင်ပါတယ်။
ကြက်ဥအကာက အရေပြားကိုကြည်လင်ဝင်းပလာစေပြီးကြက်ဥအနှစ်က ဗီတာမင် စီ၊ ပရိုတိန်းနဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အတွက် မျက်နှာအသားအရေအတွက်သင့်လျော်တဲ့ ကုန်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။
ကြက်ဥကို အသုံးပြုပြီးပေါင်းတင်နိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁.Egg facial ကလွယ်ပါတယ်။ အခြားပစ္စည်းတွေ ထည့်စရာမလိုဘဲကြက်ဥအနှစ်နဲ့သာ သင့်မျက်နှာကိုပေါင်းတင်ပေးဖို့လိုပါတယ်။
သန့်ရှင်းပြီးသား သင့်မျက်နှာပေါ်ကြက်ဥအနှစ်သုတ်လိမ်းပြီးခြောက်သွေ့အောင်ထားပါ။
၅မိနစ်ကြာပြီးနောက် ကြက်သီးနွေးရေနဲ့ဆေးချတဲ့အခါ မျက်နှာအရေပြားဟာနူးညံ့ပျော့ပျောင်းပြီး အစိုဓာတ်ပြည့်ဝနေပါလိမ့်မယ်။
သင့်မှာအချိန်မလောက်တဲ့အခါ ဒီပေါင်းတင်နည်းက အဆင်ပြေစေပါလိမ့်မယ်။
၂.ဒါလည်း အိမ်လုပ် facial masks နည်းတစ်နည်းပါပဲ။
ကြက်ဥအနှစ်စားပွဲတင်ဇွန်း တစ်ဇွန်း၊ plain cream တစ်ဇွန်း နဲ့ မုန်လာဥအရည်လိုအပ်ပါမယ်။
ပါဝင်ပစ္စည်းတွေအားလုံးရောပြီး သင့်မျက်နှာပေါ်၅ – ၁ဝ မိနစ်ထိသုတ်လိမ်းထားပါ။
ခြောက်သွေ့သွားပြီဆိုကြက်သီးနွေးရေနဲ့ ဆေးချပေးပါ။
မျက်နှာအသားရေပိုကောင်းချင်ရင်ရေနွေးနဲ့ သစ်ပြီး ရေအေးနဲ့နောက်ဆုံးတစ်ခေါက်သန့်စင်ပေးပါကရလဒ်ကောင်းထွက်
စေပြီး သွေးလည်ပတ်မှုကိုလည်းကောင်းစေပါတယ်။
၃.နောက်ထပ် အိမ်လုပ်ပေါင်းတင်နည်းက အရမ်းထိရောက်မှုရှိပြီးလွယ်ရလည်းလွယ်ကူပါတယ်။ ကြက်ဥတစ်လုံးနဲ့ ဂျုံမှုန့်ပဲလိုပါတယ်။
ကြက်ဥနဲ့ဂျုံျမှုန့်အရောကို မျက်နှာမှာသုတ်လိမ်းပြီး ၅မိနစ်ကြာတာနဲ့ရေနွေးနဲ့ဆေးချပေးပါ။
မျက်နှာအသားရေကြည်လင်လာပြီးအမည်းစက်တွေ တဖြည်းဖြည်းလျော့သွားပါလိမ့်မယ်။
ဖော်ပြနည်းလမ်းတွေထဲက ကြိုက်နှစ်သက်ရာကိုအသုံးပြုနိုင်ပါတယ်။
ကြည်လင်တောက်ပ ရွှန်းစိုတဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။