ခႏၶာကိုယ္ သြယ္လ်လွပဖို႔အတြက္ ဂ်ပန္လူမ်ိဳးေတြရဲ႕ အ႐ိုးရွင္းဆုံးနည္းလမ္းေကာင္း (၆)မ်ိဳး

ဂ်ပန္လူမ်ိဳးေတြဟာ က်န္းမာေရးနဲ႔ အလွအပ ကို ဦးစားေပးတဲ့လူမ်ိဳးေတြျဖစ္ၿပီး ပိန္သြယ္လွပတဲ့ခႏၶာကိုယ္ ၾကည္လင္တဲ့အသားအေရမ်ိဳးရေအာင္ ဂ႐ုစိုက္တတ္တဲ့လူမ်ိဳးေတြျဖစ္ပါတယ္။ အစားအေသာက္ကို က်န္းမာေရးနဲ႔ညီၫႊတ္ေအာင္စားတဲ့အျပင္ အဆီမတက္ေအာင္လည္း ေသခ်ာဂ႐ုစိုက္ၾကပါတယ္။ ဒါေၾကာင့္ ပ်ိဳေမတို႔အတြက္ ဂ်ပန္လူမ်ိဳးေတြရဲ႕ ကိုယ္အေလးခ်ိန္မတက္ေအာင္ စားေသာက္ေနထိုင္နည္းလမ္းေလးေတြကို မွ်ေဝခ်င္ပါတယ္။ က်န္းမာ၊ လွပတဲ့ခႏၶာကိုယ္ေလးကို ပိုင္ဆိုင္ဖို႔ ဒါေလးေတြကို ေန႔တိုင္းလိုက္နာလိုက္ပါေနာ္။

၁။ အခ်ိန္ယူစားေသာက္ပါ

အစားအေသာက္စားတဲ့အခါ အခ်ိန္ေသခ်ာမေပးဘဲ ကတိုက္က႐ိုက္စားတာက ကိုယ္အေလးခ်ိန္တက္ျခင္းရဲ႕ အဓိက တရားခံျဖစ္ပါတယ္။ ဒါေၾကာင့္ အစားစားဖို႔အတြက္ အနည္းဆုံးနာရီဝက္ေလာက္ အခ်ိန္ေပးသင့္ပါတယ္။ တျခားလုပ္စရာအလုပ္ေတြကို ျမန္ျမန္သြက္သြက္ေလး လုပ္ၿပီး မနက္စာ၊ ေန႔လည္စာ၊ ညေနစာတို႔ကို ေသခ်ာအခ်ိန္ယူၿပီးစားပါ။

၂။ ေန႔စဥ္ေန႔တိုင္းတူညီတဲ့ပမာဏကိုစားပါ

ေနာက္ထပ္အံ့ၾသစရာေကာင္းတဲ့ အခ်က္က အစားစားတဲ့အခါ ေန႔တိုင္းတူညီတဲ့ ပမာဏကိုပဲစားတာက ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစႏိုင္ပါတယ္။ ဥပမာ – မနက္စာကို ကယ္လိုရီ ၅၀၀ စားမယ္ဆိုရင္၊ ေန႔တိုင္း ဒီပမာဏပဲစားၿပီး ၊ ေန႔လည္စာကို ကယ္လိုရီ ၁၀၀၀ စားရင္ ေန႔တိုင္း ေန႔လည္စာကို အဲ့ဒီပမာဏပဲ စားေပးပါ။ ပမာဏမ်ားတာမမ်ားတာထက္ ေန႔တိုင္းတူညီတဲ့ ပမာဏကိုစားရင္ ဝိတ္မတက္ပါဘူး။

၃။အစားစားၿပီးတိုင္း Green tea ဒါမွမဟုတ္ လက္ဖက္ရည္ၾကမ္းေသာက္ပါ

Green tea ၊ လက္ဖက္ရည္ၾကမ္းေတြက ခႏၶာကိုယ္ထဲက စြမ္းအင္ကိုျမင့္တက္ေစၿပီး ဓာတ္တိုးဆန႔္က်င္ႏိုင္တဲ့ အစြမ္းလည္းရွိတာေၾကာင့္ ကိုယ္အေလးအခ်ိန္မတက္ေအာင္ ထိန္းေပးတဲ့အျပင္ အစားအေသာက္ေၾကာင့္ အဆိပ္အေတာက္မျဖစ္ေအာင္လည္း တားဆီးေပးပါတယ္။ ဒါေၾကာင့္ ဝိတ္ခ်ေနတဲ့သူ၊ ဝိတ္ထိန္းခ်င္တဲ့သူေတြအေနနဲ႔ အစားစားၿပီးတိုင္း green tea ဒါမွမဟုတ္ လက္ဖက္ရည္ၾကမ္းတစ္ခြက္ေလာက္ေသာက္ေပးပါ။

၄။ပဲပုပ္ နဲ႔ ပဲပုပ္ကရတဲ့အစားအစာေတြစားပါ

ပဲပုပ္မွာ protein နဲ႔ phytoestrogens ပါဝင္တာေၾကာင့္ စားလိုက္ရင္ ျပည့္ဝတဲ့ခံစားခ်က္ကို ရေစၿပီး ခႏၶာကိုယ္အတြက္ ဆိုးက်ိဳးသက္ေရာက္မႈ မရွိသေလာက္နည္းတဲ့အျပင္ အမ်ိဳးသမီးအမ်ားစုျဖစ္ေလ့ျဖစ္ထရွိတဲ့ ေသြးဆုံးခ်ိန္ေဝဒနာေတြကိုလည္း ေလ်ာ့နည္းေစပါတယ္။ ဒါေၾကာင့္ ပဲပုပ္နဲ႔ ပဲပုပ္ကရတဲ့ အစားအစာေတြကို စားေပးပါ။

၅။ သေရစာအျဖစ္ အသီးအႏွံေတြစားပါ

ဝိတ္ခ်ေနတဲ့အခ်ိန္ဟာ သေရစာႀကိဳက္တဲ့သူေတြအတြက္ေတာ့ ေတာ္ေတာ္ေလးဒုကၡေရာက္တဲ့အခ်ိန္ပါ။ ဒီအခ်ိန္မွာ ဆားပါဝင္မႈမ်ားတဲ့ အသင့္စားသေရစာေတြအစား အသီးအႏွံနဲ႔လုပ္ထားတဲ့ အစားအစာေတြကို စားေပးပါ။

၆။ ေန႔လည္စာကိုထမင္းစားပါ

ထမင္းစားတာက ဝိတ္တက္ေစတဲ့ အဓိကတရားခံလို႔ ေျပာၾကေပမယ့္ ဂ်ပန္လူမ်ိဳးေတြကေတာ့ ေန႔လည္စာကို ထမင္းစားဖို႔တိုက္တြန္းထားပါတယ္။ ထမင္းက ကယ္လိုရီပါဝင္မႈမ်ားေပမယ့္ တကယ္တမ္းလူကို ျပည့္ဝေစၿပီး ခႏၶာကိုယ္အတြက္လိုအပ္တဲ့ အားအင္ေတြကို ျဖည့္ဆည္းေပးတာေၾကာင့္ လူကိုႀကံ့ခိုင္ေစပါတယ္။ ဒါေၾကာင့္ ပိန္ၿပီးအားနည္းေနတာမ်ိဳးမဟုတ္ဘဲ ပိန္ပိန္သြယ္သြယ္ေလးနဲ႔ အားအင္ျပည့္ဝတဲ့သူတစ္ေယာက္ျဖစ္ဖို႔ ေန႔လည္စာကိုေတာ့ ထမင္းစားပါလို႔ ေျပာထားပါတယ္။

Unicode ဖြင့်ဖတ်ရန်

ခန္ဓာကိုယ် သွယ်လျလှပဖို့အတွက် ဂျပန်လူမျိုးတွေရဲ့ အရိုးရှင်းဆုံးနည်းလမ်းကောင်း (၆)မျိုး

ဂျပန်လူမျိုးတွေဟာ ကျန်းမာရေးနဲ့ အလှအပ ကို ဦးစားပေးတဲ့လူမျိုးတွေဖြစ်ပြီး ပိန်သွယ်လှပတဲ့ခန္ဓာကိုယ် ကြည်လင်တဲ့အသားအရေမျိုးရအောင် ဂရုစိုက်တတ်တဲ့လူမျိုးတွေဖြစ်ပါတယ်။ အစားအသောက်ကို ကျန်းမာရေးနဲ့ညီညွှတ်အောင်စားတဲ့အပြင် အဆီမတက်အောင်လည်း သေချာဂရုစိုက်ကြပါတယ်။ ဒါကြောင့် ပျိုမေတို့အတွက် ဂျပန်လူမျိုးတွေရဲ့ ကိုယ်အလေးချိန်မတက်အောင် စားသောက်နေထိုင်နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။ ကျန်းမာ၊ လှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ဖို့ ဒါလေးတွေကို နေ့တိုင်းလိုက်နာလိုက်ပါနော်။

၁။ အချိန်ယူစားသောက်ပါ

အစားအသောက်စားတဲ့အခါ အချိန်သေချာမပေးဘဲ ကတိုက်ကရိုက်စားတာက ကိုယ်အလေးချိန်တက်ခြင်းရဲ့ အဓိက တရားခံဖြစ်ပါတယ်။ ဒါကြောင့် အစားစားဖို့အတွက် အနည်းဆုံးနာရီဝက်လောက် အချိန်ပေးသင့်ပါတယ်။ တခြားလုပ်စရာအလုပ်တွေကို မြန်မြန်သွက်သွက်လေး လုပ်ပြီး မနက်စာ၊ နေ့လည်စာ၊ ညနေစာတို့ကို သေချာအချိန်ယူပြီးစားပါ။

၂။ နေ့စဉ်နေ့တိုင်းတူညီတဲ့ပမာဏကိုစားပါ

နောက်ထပ်အံ့သြစရာကောင်းတဲ့ အချက်က အစားစားတဲ့အခါ နေ့တိုင်းတူညီတဲ့ ပမာဏကိုပဲစားတာက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ ဥပမာ – မနက်စာကို ကယ်လိုရီ ၅၀၀ စားမယ်ဆိုရင်၊ နေ့တိုင်း ဒီပမာဏပဲစားပြီး ၊ နေ့လည်စာကို ကယ်လိုရီ ၁၀၀၀ စားရင် နေ့တိုင်း နေ့လည်စာကို အဲ့ဒီပမာဏပဲ စားပေးပါ။ ပမာဏများတာမများတာထက် နေ့တိုင်းတူညီတဲ့ ပမာဏကိုစားရင် ဝိတ်မတက်ပါဘူး။

၃။ အစားစားပြီးတိုင်း Green tea ဒါမှမဟုတ် လက်ဖက်ရည်ကြမ်းသောက်ပါ

Green tea ၊ လက်ဖက်ရည်ကြမ်းတွေက ခန္ဓာကိုယ်ထဲက စွမ်းအင်ကိုမြင့်တက်စေပြီး ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အစွမ်းလည်းရှိတာကြောင့် ကိုယ်အလေးအချိန်မတက်အောင် ထိန်းပေးတဲ့အပြင် အစားအသောက်ကြောင့် အဆိပ်အတောက်မဖြစ်အောင်လည်း တားဆီးပေးပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူ၊ ဝိတ်ထိန်းချင်တဲ့သူတွေအနေနဲ့ အစားစားပြီးတိုင်း green tea ဒါမှမဟုတ် လက်ဖက်ရည်ကြမ်းတစ်ခွက်လောက်သောက်ပေးပါ။

၄။ ပဲပုပ် နဲ့ ပဲပုပ်ကရတဲ့အစားအစာတွေစားပါ

ပဲပုပ်မှာ protein နဲ့ phytoestrogens ပါဝင်တာကြောင့် စားလိုက်ရင် ပြည့်ဝတဲ့ခံစားချက်ကို ရစေပြီး ခန္ဓာကိုယ်အတွက် ဆိုးကျိုးသက်ရောက်မှု မရှိသလောက်နည်းတဲ့အပြင် အမျိုးသမီးအများစုဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးဆုံးချိန်ဝေဒနာတွေကိုလည်း လျော့နည်းစေပါတယ်။ ဒါကြောင့် ပဲပုပ်နဲ့ ပဲပုပ်ကရတဲ့ အစားအစာတွေကို စားပေးပါ။

၅။ သရေစာအဖြစ် အသီးအနှံတွေစားပါ

ဝိတ်ချနေတဲ့အချိန်ဟာ သရေစာကြိုက်တဲ့သူတွေအတွက်တော့ တော်တော်လေးဒုက္ခရောက်တဲ့အချိန်ပါ။ ဒီအချိန်မှာ ဆားပါဝင်မှုများတဲ့ အသင့်စားသရေစာတွေအစား အသီးအနှံနဲ့လုပ်ထားတဲ့ အစားအစာတွေကို စားပေးပါ။

၆။နေ့လည်စာကိုထမင်းစားပါ

ထမင်းစားတာက ဝိတ်တက်စေတဲ့ အဓိကတရားခံလို့ ပြောကြပေမယ့် ဂျပန်လူမျိုးတွေကတော့ နေ့လည်စာကို ထမင်းစားဖို့တိုက်တွန်းထားပါတယ်။ ထမင်းက ကယ်လိုရီပါဝင်မှုများပေမယ့် တကယ်တမ်းလူကို ပြည့်ဝစေပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အားအင်တွေကို ဖြည့်ဆည်းပေးတာကြောင့် လူကိုကြံ့ခိုင်စေပါတယ်။ ဒါကြောင့် ပိန်ပြီးအားနည်းနေတာမျိုးမဟုတ်ဘဲ ပိန်ပိန်သွယ်သွယ်လေးနဲ့ အားအင်ပြည့်ဝတဲ့သူတစ်ယောက်ဖြစ်ဖို့ နေ့လည်စာကိုတော့ ထမင်းစားပါလို့ ပြောထားပါတယ်။