၁၀ ႏွစ္တာ ႏုပ်ိဳသြားေစမယ့္ FACE MASK ျပဳလုပ္နည္

လွပျခင္း ေတြအတြက္ ႏုပ်ိဳ ျခင္းေတြကို သယ္ေဆာင္လာေပးႏိုင္မယ့္ ၁၀ ႏွစ္ေလာက္ ႏုပ်ိဳ သြားတယ္လို႔ ခံစားေစမယ့္ Face Mask ျပဳလုပ္ပံု

လွပျခင္း ဆိုတာအတြက္ ႏုပ်ိဳမႈ ေတြကလည္း လိုအပ္တဲ့အရာျဖစ္ပါတယ္။ ၁၀ ႏွစ္တာ ႏုပ်ိဳ သြားေစမယ့္ Face Mark လုပ္နည္းေလးကိုေဖာ္ျပေပးလိုက္ပါတယ္။
လိုအပ္တဲ့အရာေတြကေတာ့:

မုန္႔ဖုတ္ ေဆာ္ဒါ လက္ဖက္ရည္ဇြန္း ၃ ဇြန္း

အုန္းဆီ အနည္းငယ္

tea tree essential oil ၂ စက်

ခြက္ထဲကို အုန္းဆီ နဲ႔ မုန္႔ဖုတ္ ေဆာ္ဒါ ထည့္လုိက္ပါ။ ဇြန္းနဲ႔ ႏွံ႔ေနေအာင္ ေမႊလိုက္ပါ။ အုန္းဆီ နဲ႔ မုန္႔ဖုတ္ ေဆာ္ဒါ ၂ ခုလံုး ေကာင္းစြာေရာသြားၿပီဆိုရင္ Tea tree essential oil ကို ထပ္ထည့္လိုက္ပါ။ ပါဝင္တဲ့အရာေတြ အကုန္ကို ေပါင္းလိုက္ၿပီးၿပီဆိုရင္ေတာ့ မ်က္ႏွာ ေပၚ သုတ္လိမ္းေပးပါ။ မ်က္လံုး တစ္ဝိုက္ကိုေတာ့ မထိေအာင္ သတိထားလိမ္းေပးပါ။ လိမ္းရင္း မ်က္ႏွာ အနွံံ႔ကို လက္ေခ်ာင္းေလးေတြနဲ႔ အသာအယာ ႏွိပ္နယ္ေပးပါ။ မ်က္ႏွာ တစ္ခုလံုး ႏွံ႔သြားၿပီဆိုရင္ေတာ့ ၇ မိနစ္ေလာက္ ထားေပးပါ။ ၿပီးရင္ ေရေအး နဲ႔ မ်က္ႏွာ ကို ေျပာင္စင္ေအာင္ ေဆးေၾကာေပးပါ။ မ်က္ႏွာသစ္ၿပီးလုိက္တာနဲ႔ အသားအေရက နဂိုနဲ႔ မတူတဲ့ႏုပ်ိဳျခင္းကို ခံစားလုိက္ရမွာ ေသခ်ာပါတယ္။

Credit : marry

Unicode ဖြင့်ဖတ်ရန်

၁၀ နှစ်တာ နုပျိုသွားစေမယ့် Face Mask ပြုလုပ်နည်း

လှပခြင်းတွေအတွက် နုပျိုခြင်းတွေကို သယ်ဆောင်လာပေးနိုင်မယ့် ၁၀ နှစ်လောက် နုပျိုသွားတယ်လို့ ခံစားစေမယ့် Face Mask ပြုလုပ်ပုံ

လှပခြင်းဆိုတာအတွက် နုပျိုမှုတွေကလည်း လိုအပ်တဲ့အရာဖြစ်ပါတယ်။ ၁၀ နှစ်တာ နုပျိုသွားစေမယ့် Face Mark လုပ်နည်းလေးကို Marry ကနေ ပြောပြပေးမယ်နော်။

လိုအပ်တဲ့အရာတွေကတော့:

မုန့်ဖုတ် ဆော်ဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်း

အုန်းဆီ အနည်းငယ်

tea tree essential oil ၂ စက်

ခွက်ထဲကို အုန်းဆီနဲ့ မုန့်ဖုတ် ဆော်ဒါ ထည့်လိုက်ပါ။ ဇွန်းနဲ့ နှံ့နေအောင် မွှေလိုက်ပါ။ အုန်းဆီနဲ့ မုန့်ဖုတ် ဆော်ဒါ ၂ ခုလုံး ကောင်းစွာရောသွားပြီဆိုရင် Tea tree essential oil ကို ထပ်ထည့်လိုက်ပါ။ ပါဝင်တဲ့အရာတွေ အကုန်ကို ပေါင်းလိုက်ပြီးပြီဆိုရင်တော့ မျက်နှာပေါ် သုတ်လိမ်းပေးပါ။ မျက်လုံး တစ်ဝိုက်ကိုတော့ မထိအောင် သတိထားလိမ်းပေးပါ။ လိမ်းရင်း မျက်နှာ အနှံံ့ကို လက်ချောင်းလေးတွေနဲ့ အသာအယာ နှိပ်နယ်ပေးပါ။ မျက်နှာတစ်ခုလုံး နှံ့သွားပြီဆိုရင်တော့ ၇ မိနစ်လောက် ထားပေးပါ။ ပြီးရင် ရေအေးနဲ့ မျက်နှာကို ပြောင်စင်အောင် ဆေးကြောပေးပါ။ မျက်နှာသစ်ပြီးလိုက်တာနဲ့ အသားအရေက နဂိုနဲ့ မတူတဲ့နုပျိုခြင်းကို ခံစားလိုက်ရမှာ သေချာပါတယ်။

Credit : marry