မျက်နှာလေးဝင်းမွှတ်နေဖို့ပိုက်ဆံမကုန်ပေါင်းတင်နည်းလေးပါ
မျက်နှာလေးဝင်းမွှတ်နေဖို့ပိုက်ဆံမကုန်ပေါင်းတင်နည်းလေးပါ
အလှပြင်ပစ္စည်းတွေကိုကုန်စုံဆိုင်တွေအလှပြင်ဆိုင်တွေမှာ တကူးတကရှာစရာမလိုပါဘူး။တကယ်တော့ကျွန်မတို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေဟာအလှအပပစ္စည်းတွေပါပဲ။
အမျိုးသမီးတိုင်းနူးညံ့ပြီးလှပစိုပြေတဲ့အသားရေမျိုးကိုပိုင်ဆိုင်ချင်ကြပါတယ်။ဒါပေမဲ့ဖြစ်နိုင်ပါရဲ့လား။သိပ်သေချာတာပေါ့။အသားအရေကိုနုပျို စိုပြေစေဖို့ဂျပန်နိုင်ငံကအမျိုးသမီးတွေရဲ့လျှို့ဝှက်ချက်ကိုဒီကနေ့မှာ မျှဝေပေးချင်ပါတယ်။အရမ်းကိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းဖြစ်ပြီးတကယ်လည်းအကျိုးထူးတာမို့စာဖတ်သူတို့အတွက်အဆင်ပြေမှာပါ။ပါဝင်ပစ္စည်း
ဆန်စားပွဲတင်ဇွန်း၃ဇွန်းကနေ၄ဇွန်းထိ
ပျားရည်စားပွဲတင်ဇွန်း၁ဇွန်း
နွားနို့စားပွဲတင်ဇွန်း၁ဇွန်း
ပြုလုပ်နည်း
ဆန်ကိုရေအေးနဲ့တည်ပြီးချက်ပါ။ဆန်ကျက်ပြီဆိုရင်မီးဖိုပေါ်ကချပေးပြီး ထမင်းကိုဆစ်ချပါ။ထမင်းရည်ကိုခွက်တစ်လုံးထဲမှာထည့်ပါ။နွားနို့နဲ့ပျားရည်ကိုခုနကချက်ထားတဲ့ထမင်းထဲထည့်ပြီးသေချာအောင်ရောမွှေပေးပါ။အရည်ကပျစ်ပျစ်လေးဖြစ်လာပါလိမ့်မယ်။အဲဒါကိုမျက်နှာပေါ်လိမ်းပေးပြီးလက်နဲ့သေချာဖိပေးပါ။မျက်လုံးအောက်နားကိုလည်းသေချာလိမ်းပေးပါ။ပြီးရင်၁၀မိနစ်ကနေ၁၅မိနစ်ထိထားပါ။
ဆေးကြောခြင်း
ခုနကခွက်တစ်လုံးထဲမှာထည့်ထားတဲ့ထမင်းရည်ရှိပါတယ်။တကယ်လို့ မျက်နှာပေါ်မှာလိမ်းထားတဲ့ထမင်းတွေခြောက်သွားရင်ထမင်းရည်နဲ့မျက်နှာသစ်ပါ။တကယ်လို့မျက်နှာမှာချွဲချွဲလေးဖြစ်ေသေးရင်ရေနဲ့မျက်နှာ ထပ်သစ်ပါ။ဆပ်ပြာကိုလုံးဝမသုံးပါနဲ့။ဒီနည်းလမ်းကို၁ပတ်၂ကြိမ်လုပ်ပေးရုံနဲ့၄ပတ်၅ပတ်အတွင်းမှာသိသာတဲ့ရလဒ်ကိုရရှိလာမှာသေချာပါ။
Unicode
မျက်နှာလေးဝင်းမွှတ်နေဖို့ပိုက်ဆံမကုန်တဲ့ပေါင်းတင်နည်းလေးပါ
အလှပြင်ပစ္စည်းတွေကိုကုန်စုံဆိုင်တွေအလှပြင်ဆိုင်တွေမှာ တကူးတကရှာစရာမလိုပါဘူး။တကယ်တော့ကျွန်မတို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေဟာအလှအပပစ္စည်းတွေပါပဲ။
အမျိုးသမီးတိုင်းနူးညံ့ပြီးလှပစိုပြေတဲ့အသားရေမျိုးကိုပိုင်ဆိုင်ချင်ကြပါတယ်။ဒါပေမဲ့ဖြစ်နိုင်ပါရဲ့လား။သိပ်သေချာတာပေါ့။အသားအရေကိုနုပျို စိုပြေစေဖို့ဂျပန်နိုင်ငံကအမျိုးသမီးတွေရဲ့လျှို့ဝှက်ချက်ကိုဒီကနေ့မှာ မျှဝေပေးချင်ပါတယ်။အရမ်းကိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းဖြစ်ပြီး တကယ်လည်းအကျိုးထူးတာမို့စာဖတ်သူတို့အတွက်အဆင်ပြေမှာပါ။ပါဝင်ပစ္စည်း
ဆန်စားပွဲတင်ဇွန်း၃ဇွန်းကနေ၄ဇွန်းထိ
ပျားရည်စားပွဲတင်ဇွန်း၁ဇွန်း
နွားနို့စားပွဲတင်ဇွန်း၁ဇွန်း
ပြုလုပ်နည်း
ဆန်ကိုရေအေးနဲ့တည်ပြီးချက်ပါ။ဆန်ကျက်ပြီဆိုရင်မီးဖိုပေါ်ကချပေးပြီးထမင်းကိုဆစ်ချပါ။ထမင်းရည်ကိုခွက်တစ်လုံးထဲမှာထည့်ပါ။နွားနို့နဲ့ ပျားရည်ကိုခုနကချက်ထားတဲ့ထမင်းထဲထည့်ပြီးသေချာအောင်ရောမွှေပေးပါ။အရည်ကပျစ်ပျစ်လေးဖြစ်လာပါလိမ့်မယ်။အဲဒါကိုမျက်နှာပေါ်လိမ်းပေးပြီးလက်နဲ့သေချာဖိပေးပါ။မျက်လုံးအောက်နားကိုလည်း သေချာလိမ်းပေးပါ။ပြီးရင်၁၀မိနစ်ကနေ၁၅မိနစ်ထိထားပါ။
ဆေးကြောခြင်း
ခုနကခွက်တစ်လုံးထဲမှာထည့်ထားတဲ့ထမင်းရည်ရှိပါတယ်။ တကယ်လို့မျက်နှာပေါ်မှာလိမ်းထားတဲ့ထမင်းတွေခြောက်သွားရင် ထမင်းရည်နဲ့မျက်နှာသစ်ပါ။တကယ်လို့မျက်နှာမှာချွဲ ချွဲ လေးဖြစ်နေ သေးရင်ရေနဲ့မျက်နှာထပ်သစ်ပါ။ဆပ်ပြာကိုလုံးဝမသုံးပါနဲ့။ဒီနည်းလမ်းကို၁ပတ်၂ကြိမ်လုပ်ပေးရုံနဲ့၄ပတ်၅ပတ်အတွင်းမှာသိသာတဲ့ရလဒ်ကိုရရှိလာမှာသေချာပါ။