ဘေးထွက်နည်းတယ်
အာလူးသီး- တစ်လုံး
ကြက်သွန်နီ- တစ်ခြမ်း
ဒေါက်တာ အေးမင်းထူး
Unicode Version
ရက်ပိုင်းအတွင်း တင်းတိပ် အမဲစက်ပျောက်နည်း
အမဲစက်ပျောက်နည်းထဲမှာ အာလူးကို အမြဲသုံးကြတယ်။
အာလူးက bleaching အရောင်ချွတ်တဲ့ အာနိသင်ရှိတယ်…
တင်းတိပ်မှာသုံးတဲ့ hydroquinone နဲ့ အာနိသင်တူပါတယ်။
ဘေးထွက်နည်းတယ်….
နောက်တမျိုးက ကြက်သွန်နီဖြစ်တယ်…ဆာလဖာကြွယ်ဝတဲ့
ကြက်သွန်နီမှာ အမဲစက်၊အမာရွတ်ကို သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်…
ရှောက်ရည်က ဗီတာမင်စီ ကြွယ်ဝပြီး အသားအရေပြုပြင်ပေးတယ်….အင်တီအောက်စီးဒင့်အာနိသင်ရှိလို့ အသားဖြူစေတယ်။
ဆဲလ်သစ် ဖြစ်ဖို့ အားပေးတယ်…မျက်နှာအမဲစက်အတွက် ဒီပစ္စည်းသုံးမျိုးကို အချိုး ညီညီ သုံးစွဲရမယ်…
အာလူးသီး- တစ်လုံး
ကြက်သွန်နီ- တစ်ခြမ်း
ရှောက်သီးရည်-တစ်ခြမ်း
အားလူးသီးတလုံးကို အခွံသင်ပြီး အစိတ်ကလေးတွေလုပ်ပါ။
ကြက်သွန်နီတခြမ်းကို ယူပြီး အလားတူအစိတ်ကလေးတွေလုပ်လိုက်ပါ။
အာလူးနဲ့ ကြက်သွန်နီကို ရောပြီး blender နဲ့ တသားတည်း ကြိတ်ပါ…
ရလာတဲ့အရောကို ရှောက်သီးရည် ညှစ်ထည့်ပါ။ paste(ခပ်ပြစ်ပြစ်)ရလာလိမ့်မယ်။
ဒီpasteကို မျက်နှာအမဲစက်၊အမဲကွက်နေရာမှာ စက်ဝိုင်းပုံ လိမ်းရမယ်။ မိနစ်နှစ်ဆယ်ထားပါ…
ပြီးရင် မျက်နှာပြန်သစ်ပါ။ ရေခပ်နွေးနွေးသုံးတာ ပိုကောင်းတယ်။ သုံးညဆက်တိုက် လုပ်ရုံနဲ့
မျက်နှာအမဲစက်၊အမဲကွက်တွေ သိသိသာသာ သက်သာစေနိုင်တယ်။
ဒေါက်တာ အေးမင်းထူ