ဆံႏြယ္ေတြကို က်န္းမာသန္စြမ္းေစမယ့္ ၾကက္သြန္ျဖဴရဲ႕ ေကာင္းက်ိဳးမ်ား

Zawgyiျဖင့္ဖတ္ရန္

ၾကက္သြန္ျဖဴဟာဆိုရင္ ဟိုအရင္ကတည္းက မီးဖိုေခ်ာင္မွာ မျဖစ္မေနအသုံးျပဳၾကတဲ့ အရာတစ္ခုပဲ ျဖစ္ပါတယ္။ ဟင္းတစ္ခြက္ကို ပိုၿပီးေတာ့ အနံအရသာနဲ႔ ျပည့္စုံေစတာကလည္း ၾကက္သြန္ျဖဴပဲ ျဖစ္ပါတယ္။ ကြၽန္ုပ္တို႔ သိထားတဲ့ ၾကက္သြန္ျဖဴမွာ အရမ္းကို ခႏၶာကိုယ္အတြက္ အရမ္းကို အေထာက္အကူ ျဖစ္ေစမယ့္ ဓာတ္ေတြပါဝင္ပါတယ္။ ဒါ့ျပင္ အလွအပဆိုင္ရာေတြ အတြက္လည္း အရမ္းကို အသုံးဝင္တည္ ပစၥည္းတစ္မ်ိဳးပဲ ျဖစ္ပါတယ္ေနာ္။ ဒီေန႔မွာ ေတာ့ ၾကက္သြန္ျဖဴဟာ သင့္ရဲ႕ ဆံႏြယ္ေတြကို ဘယ္လိုအေထာက္အကူေတြျဖစ္ေစႏိုင္တယ္ဆိုတာကို ေျပာျပေပးမွာျဖစ္ပါတယ္။

(၁) ၾကက္သြန္ျဖဴမွာ ဆိုရင္ ပိုးမႊားေတြကို ေသေစႏိုင္တဲ့ ဓာတ္ေတြ ပါဝင္တာေၾကာင့္ ဦးေရျပားမွာ ရွိတဲ့ မလိုလားအပ္တဲ့ ေရာဂါပိုးေတြနဲ႔ ဘက္တီးရီးယားေတြကို ေသေစႏိုင္ပါတယ္။

(၂) ၾကက္သြန္ျဖဴမွာဆိုရင္ ဗီတာမင္ C ဓာတ္ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ဆံသားေတြ က်န္းမာသန္စြမ္းေစဖို႔ အတြက္ အေထာက္အကူျပဳႏိုင္တဲ့ ပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။

(၃)ေနာက္တစ္မ်ိဳးကေတာ့ ၾကက္သြန္ျဖဴမွာဆိုရင္ ေသြးလည္ပတ္မႈကိုေကာင္းေစတဲ့ Selenium ဓာတ္ေတြပါဝင္တာေၾကာင့္ ေသြးလည္ပတ္မႈအားကို ပိုၿပီးေတာ့ ေကာင္းမြန္ေစပါတယ္။

(၄)ဒါ့ျပင္ ဦးေရျပားမွာ ရွိတဲ့ ဆံပင္ေပါက္ေရာက္ရာ ေနရာေတြကိုလည္း ပိုၿပီး သန႔္ရွင္းစင္ၾကယ္ပါတယ္။

(၅) ဖုန္ေတြ အဆီေတြေၾကာင့္ ဦးေရျပားမွာ ျဖစ္ေပၚတတ္တဲ့ ေဗာက္နဲ႔ ယားယံျခင္းေတြကိုလည္း သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

ဆံပင္ အတြက္ ၾကက္သြန္ျဖဴကို ဘယ္လို အသုံးျပဳရမယ္ဆိုတာကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ၾကက္သြန္ျဖဴနဲ႔ ပ်ားရည္

ၾကက္သြန္ျဖဴလိုသေလာက္ကို ေၾကညက္ေအာင္ေထာင္ထားၿပီး ပ်ားရည္ ပန္းခြက္တစ္လုံး နဲ႔ ေရာလိုက္ပါ။ ၿပီးရင္ေတာ့ ရလာတဲ့ ၾကက္သြန္ျဖဴနဲ႔ ပ်ားရည္အေရာကို ဦးေရျပားနဲ႔ ဆံသားေပၚကို အႏွံလိမ္းေပးပါ။ မိနစ္ (၃၀) ေလာက္ထားၿပီးတဲ့ ေနာက္မွာ ေရေဆးခ်လို႔ရပါၿပီ။ ဒါဆိုရင္ က်န္းမာလွပတဲ့ ဆံႏြယ္ေလးေတြကို ပိုင္ဆိုင္ႏိုင္မွာပါ။

(၂) ၾကက္သြန္ျဖဴနဲ႔ အုန္းဆီ

ဒီနည္းေလးကေတာ့ ဆံပင္ေတြ အရမ္းကြၽတ္ၿပီး ဆံပင္ပါးလို႔ စိတ္ညစ္ေနတဲ့ သူေတြအတြက္ အရမ္းကို အသုံးဝင္ေစမယ့္ နည္းေလး ျဖစ္ပါတယ္။ က်ိတ္ထားတဲ့ ၾကက္သြန္ျဖဴ အနည္းငယ္နဲ႔ အေႏြးဓာတ္ေပးထားတဲ့ အုန္းဆီေလးကို ေရာၿပီး ဦးေရျပားေပၚမွာ အႏွံလိမ္းေပးရပါမယ္။ မိနစ္(၃၀)ေလာက္ ထားၿပီး သြားတဲ့ အခါမွာေတာ့ ေရေအးေလးနဲ႔ ေဆးခ်လိုက္႐ုံပါပဲ..။

(၃) ၾကက္သြန္ျဖဴ ဆီ

ၾကက္သြန္ျဖဴကရတဲ့ သီးသန႔္ အဆီကိုေျပာတာမဟုတ္ပါဘူးေနာ္။ ၾကက္သြန္ျဖဴကို ေန႔စဥ္သုံးေနတဲ့ အုန္းဆီ၊ သံလြင္ဆီတို႔ထဲမွာ ေရာထားၿပီး ရလာတဲ့ အဆီကို လိမ္းၿပီး တစ္ညအိပ္လိုက္မယ္ဆိုရင္ေတာ့ အရမ္းကိုလွပတဲ့ ဆံႏြယ္ေလးေတြကို ပိုင္ဆိုင္ႏိုင္မွာပါေနာ္။

(၄) ၾကက္သြန္ျဖဴနဲ႔ ဂ်င္း

ႀကိတ္ထားတဲ့ ၾကက္သြန္ျဖဴနဲ႔ ဂ်င္းကို ဆတူေရာၿပီး အုန္းဆီ သံလြင္ဆီတစ္ခုခုနဲ႔ ေရာလိုက္ပါ။ ၿပီးရင္ေတာ့ အညိဳေရာင္သန္းလာတဲ့အထိ တို႔ အဆီကို အပူေပး ပါ။ ရလာတဲ့ အဆီကို အေအးခံၿပီး ဦးေရျပား ကို ေနရာအႏွံလိမ္းေပးပါ။ မိနစ္(၃၀) ၾကာထားၿပီးတဲ့ ေနာက္မွာ ေရေအးေလးနဲ႔ ေဆးခ်ေပးပါ။ ဒါဆိုရင္ ပ်ိဳေမေလးေတြ အရမ္းကို လိုခ်င္ေနတဲ့ က်န္းမာ သန္စြမ္းတဲ့ ဆံသားေတြကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။

Unicodeဖြင့်ဖတ်ရန်

ဆံနွယ်တွေကို ကျန်းမာသန်စွမ်းစေမယ့် ကြက်သွန်ဖြူရဲ့ ကောင်းကျိုးများ

ကြက်သွန်ဖြူဟာဆိုရင် ဟိုအရင်ကတည်းက မီးဖိုချောင်မှာ မဖြစ်မနေအသုံးပြုကြတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဟင်းတစ်ခွက်ကို ပိုပြီးတော့ အနံအရသာနဲ့ ပြည့်စုံစေတာကလည်း ကြက်သွန်ဖြူပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ သိထားတဲ့ ကြက်သွန်ဖြူမှာ အရမ်းကို ခန္ဓာကိုယ်အတွက် အရမ်းကို အထောက်အကူ ဖြစ်စေမယ့် ဓာတ်တွေပါဝင်ပါတယ်။ ဒါ့ပြင် အလှအပဆိုင်ရာတွေ အတွက်လည်း အရမ်းကို အသုံးဝင်တည် ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်နော်။ ဒီနေ့မှာ တော့ ကြက်သွန်ဖြူဟာ သင့်ရဲ့ ဆံနွယ်တွေကို ဘယ်လိုအထောက်အကူတွေဖြစ်စေနိုင်တယ်ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။

(၁) ကြက်သွန်ဖြူမှာ ဆိုရင် ပိုးမွှားတွေကို သေစေနိုင်တဲ့ ဓာတ်တွေ ပါဝင်တာကြောင့် ဦးရေပြားမှာ ရှိတဲ့ မလိုလားအပ်တဲ့ ရောဂါပိုးတွေနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

(၂) ကြက်သွန်ဖြူမှာဆိုရင် ဗီတာမင် C ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့ အတွက် အထောက်အကူပြုနိုင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

(၃)နောက်တစ်မျိုးကတော့ ကြက်သွန်ဖြူမှာဆိုရင် သွေးလည်ပတ်မှုကိုကောင်းစေတဲ့ Selenium ဓာတ်တွေပါဝင်တာကြောင့် သွေးလည်ပတ်မှုအားကို ပိုပြီးတော့ ကောင်းမွန်စေပါတယ်။

(၄)ဒါ့ပြင် ဦးရေပြားမှာ ရှိတဲ့ ဆံပင်ပေါက်ရောက်ရာ နေရာတွေကိုလည်း ပိုပြီး သန့်ရှင်းစင်ကြယ်ပါတယ်။

(၅) ဖုန်တွေ အဆီတွေကြောင့် ဦးရေပြားမှာ ဖြစ်ပေါ်တတ်တဲ့ ဗောက်နဲ့ ယားယံခြင်းတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဆံပင် အတွက် ကြက်သွန်ဖြူကို ဘယ်လို အသုံးပြုရမယ်ဆိုတာကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြက်သွန်ဖြူနဲ့ ပျားရည်

ကြက်သွန်ဖြူလိုသလောက်ကို ကြေညက်အောင်ထောင်ထားပြီး ပျားရည် ပန်းခွက်တစ်လုံး နဲ့ ရောလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ ကြက်သွန်ဖြူနဲ့ ပျားရည်အရောကို ဦးရေပြားနဲ့ ဆံသားပေါ်ကို အနှံလိမ်းပေးပါ။ မိနစ် (၃၀) လောက်ထားပြီးတဲ့ နောက်မှာ ရေဆေးချလို့ရပါပြီ။ ဒါဆိုရင် ကျန်းမာလှပတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

(၂) ကြက်သွန်ဖြူနဲ့ အုန်းဆီ

ဒီနည်းလေးကတော့ ဆံပင်တွေ အရမ်းကျွတ်ပြီး ဆံပင်ပါးလို့ စိတ်ညစ်နေတဲ့ သူတွေအတွက် အရမ်းကို အသုံးဝင်စေမယ့် နည်းလေး ဖြစ်ပါတယ်။ ကျိတ်ထားတဲ့ ကြက်သွန်ဖြူ အနည်းငယ်နဲ့ အနွေးဓာတ်ပေးထားတဲ့ အုန်းဆီလေးကို ရောပြီး ဦးရေပြားပေါ်မှာ အနှံလိမ်းပေးရပါမယ်။ မိနစ်(၃၀)လောက် ထားပြီး သွားတဲ့ အခါမှာတော့ ရေအေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ..။

(၃) ကြက်သွန်ဖြူ ဆီ

ကြက်သွန်ဖြူကရတဲ့ သီးသန့် အဆီကိုပြောတာမဟုတ်ပါဘူးနော်။ ကြက်သွန်ဖြူကို နေ့စဉ်သုံးနေတဲ့ အုန်းဆီ၊ သံလွင်ဆီတို့ထဲမှာ ရောထားပြီး ရလာတဲ့ အဆီကို လိမ်းပြီး တစ်ညအိပ်လိုက်မယ်ဆိုရင်တော့ အရမ်းကိုလှပတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါနော်။

(၄) ကြက်သွန်ဖြူနဲ့ ဂျင်း

ကြိတ်ထားတဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းကို ဆတူရောပြီး အုန်းဆီ သံလွင်ဆီတစ်ခုခုနဲ့ ရောလိုက်ပါ။ ပြီးရင်တော့ အညိုရောင်သန်းလာတဲ့အထိ တို့ အဆီကို အပူပေး ပါ။ ရလာတဲ့ အဆီကို အအေးခံပြီး ဦးရေပြား ကို နေရာအနှံလိမ်းပေးပါ။ မိနစ်(၃၀) ကြာထားပြီးတဲ့ နောက်မှာ ရေအေးလေးနဲ့ ဆေးချပေးပါ။ ဒါဆိုရင် ပျိုမေလေးတွေ အရမ်းကို လိုချင်နေတဲ့ ကျန်းမာ သန်စွမ်းတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။