ကန္စြန္းရြက္ျဖင့္ အသားအေရထိန္းသိမ္းနည္း

Zawgyi ျဖင့္ဖတ္ရန္

ကန္စြန္းရြက္ဟာ က်န္းမာေရးအတြက္ ဘက္ေပါင္း စုံမွ အေထာက္အကူျဖစ္ေစရံုသာမက၊ အသားအ ရည္ကို ေကာင္းမြန္သန္ ့ရွင္း ေစလို ့ ပ်ိဳပ်ိဳေမတို ့ အတြက္အေကာင္းဆံုးအေဖာ္ မြန္ပါဘဲ။

(က) ၀က္ျခံစို၊ ၀က္ျခံေျခာက္၊ ၀က္ျခံပုန္း၊ တင္း တိပ္၊ အမည္းစက္ မ်ားႏွင့္ မ်က္ႏွာအသား အေရ အေရာင္မညီျခင္းမ်ားအတြက္ စိတ္မပ်က္ပါႏွင့္။ ကန္စြန္းရြက္ကိုၾကိတ္ေခ်ျပီး၊ ထိုသတၱဳရည္ တစ္မ်ဳိး တည္းကိုသာ စိတ္ခ်လက္ခ်လိမ္းေပးျခင္းျဖင့္ သက္သာလာေစႏိုင္ပါတယ္။

(ခ) ပ်ားရည္စားပြဲတင္ဇြန္း ၁-ဇြန္း ႏွင့္ ကန္စြန္းရြက္ သတၱဳရည္ စားပြဲတင္ဇြန္း ၄-ဇြန္းကို သမေ အာင္ေရာေမႊကာ ေျခလက္မ်ားကို လိုးရွင္းအျဖစ္ နံက္ ႏွင့္ ည ပံုမွန္လိမ္းေပးျခင္းျဖင့္ အသား အေရ ၀င္းလက္စိုေျပ ေတာက္ပလာေစႏို္င္ပါတယ္။

(ဂ) ကန္စြန္းရြက္ ကို အရည္ညွစ္၍ ေခါင္းဦးေရျပားထဲ စိမ့္၀င္ေအာင္ ႏွိပ္နယ္ေပးျခင္းျဖင့္ ဆံပင္္သန္စြမ္းကာအရွည္ျမန္ေစပါတယ္။ ဒါ့ျပင္ဦးေရျပားကိုေအးျမေစ လို ့၊ ေဗာက္မ်ား ကင္းစင္ေစပါတယ္။

(ဃ) မီးဟပ္ျခင္း ႏွင့္မီးေလာင္ဒဏ္ရာမ်ားအတြက္ ကန္စြန္းရြက္သတၱဳရည္ကို သၾကားနဲ ့ေရာစပ္ လိမ္းေပးျခင္းျဖင့္ အပူ ေလာင္ျခင္းကို သက္သာေစကာ၊ အမာရြတ္မက်န္ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

မွတ္ခ်က္။ (က) မ်ားေသာအားျဖင့္ ကန္စြန္းပင္မ်ားကို စိုက္ခင္းထဲတြင္ သဘာ၀ေရေမွာ္ ကဲ့ သို ့စိုက္ပ်ိဳးထားေလ့ရွိတာမို ့၊ ကပ္ပါး ပိုးမ်ားပါလာတတ္၍ အသံုးမျပဳမီ ေရမ်ားမ်ားျဖင့္ စင္စင္ေ ဆးေၾကာသင့္ပါတယ္။ (ခ) ညွိးေပ်ာ့၍အ၀ါေရာင္သန္းေနေသာ ကန္စြန္းရြက္မ်ားသည္ မလတ္ ဆတ္ဘဲ က်န္းမာေရးအာနိသင္လဲ ပ်က္ျပယ္ေစလို ့ အေရြးမမွားဘို ့လို္ပါတယ္။

ေခတ္မီတိုးတက္လွွ်က္ရွိေသာ ယေန ့ကမၻာတြင္ က်န္းမာေရးအျမင္ရွိသူတိုင္းက၊ သစ္သီး၀လံံႏွ င့္ ဟင္းသီးဟင္းရြက္မ်ားသည္၊ က်န္းမာေရးအေထာက္အကူျပဳ အာဟာရအစားအစာမ်ားအျဖစ္၊ အေရးပါပံုကိုသိျမင္လက္ခံလာၾကၿပီျဖစ္၏။

ထို ့ေၾကာင့္ မိမိတို ့ ပတ္၀န္းက်င္တြင္ ရာသီမေရြးရ ရွိႏို္င္ကာ၊ ေငြကုန္သက္သာလြယ္ကူစြာခ်က္ျပဳတ္ႏို္င္ၿပီး၊ ခံတြင္းလဲျမိန္၊ က်န္းမာေရးကိုလဲ မ်ား စြာ အေထာက္အကူျပဳေစသည့္ ” ေဆးစြမ္းထက္ျမက္ ကန္စြန္းရြက္ ” ကို မီးဖိုေခ်ာင္သံုးေဆး၀ါး အျဖစ္ စားသံုးေပးၾကပါရန္ တိုက္တြန္းလိုက္ရပါသည္။

<<အသိစိတ္ဓါတ္ျပည္႔ဝစြာျဖင့္ ေဆာင္းပါးရွင္အမည္ကို ေျပာင္းလဲျခင္း ခ်န္လွပ္ထားျခင္းမ်ိဳး မျပဳလုပ္ၾကပါရန္ ေမတၱာရပ္ခံပါသည္< p>

(ေဆာင္းပါးရွင္… ေပါက္ေပါက္… မွ်ေ၀သည္)

Unicode ဖြင့်ဖတ်ရန်

ကန်စွန်းရွက်ဖြင့် အသားအရေထိန်းသိမ်းနည်း

ကန်စွန်းရွက်ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်း စုံမှ အထောက်အကူဖြစ်စေရုံသာမက၊ အသားအ ရည်ကို ကောင်းမွန်သန့်ရှင်း စေလို့ ပျိုပျိုမေတို့ အတွက်အကောင်းဆုံးအဖော် မွန်ပါဘဲ။

(က) ဝက်ခြံစို၊ ဝက်ခြံခြောက်၊ ဝက်ခြံပုန်း၊ တင်း တိပ်၊ အမည်းစက် များနှင့် မျက်နှာအသား အရေ အရောင်မညီခြင်းများအတွက် စိတ်မပျက်ပါနှင့်။ ကန်စွန်းရွက်ကိုကြိတ်ချေပြီး၊ ထိုသတ္တုရည် တစ်မျိုး တည်းကိုသာ စိတ်ချလက်ချလိမ်းပေးခြင်းဖြင့် သက်သာလာစေနိုင်ပါတယ်။

(ခ) ပျားရည်စားပွဲတင်ဇွန်း ၁-ဇွန်း နှင့် ကန်စွန်းရွက် သတ္တုရည် စားပွဲတင်ဇွန်း ၄-ဇွန်းကို သမေ အာင်ရောမွှေကာ ခြေလက်များကို လိုးရှင်းအဖြစ် နံက် နှင့် ည ပုံမှန်လိမ်းပေးခြင်းဖြင့် အသား အရေ ဝင်းလက်စိုပြေ တောက်ပလာစေနိုင်ပါတယ်။

(ဂ) ကန်စွန်းရွက် ကို အရည်ညှစ်၍ ခေါင်းဦးရေပြားထဲ စိမ့်ဝင်အောင် နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်သန်စွမ်းကာအရှည်မြန်စေပါတယ်။ ဒါ့ပြင်ဦးရေပြားကိုအေးမြစေ လို့၊ ဗောက်များ ကင်းစင်စေပါတယ်။

(ဃ) မီးဟပ်ခြင်း နှင့်မီးလောင်ဒဏ်ရာများအတွက် ကန်စွန်းရွက်သတ္တုရည်ကို သကြားနဲ့ရောစပ် လိမ်းပေးခြင်းဖြင့် အပူ လောင်ခြင်းကို သက်သာစေကာ၊ အမာရွတ်မကျန် ပျောက်ကင်းစေနိုင်ပါတယ်။

မှတ်ချက်။ (က) များသောအားဖြင့် ကန်စွန်းပင်များကို စိုက်ခင်းထဲတွင် သဘာဝရေမှော် ကဲ့ သို့စိုက်ပျိုးထားလေ့ရှိတာမို့၊ ကပ်ပါး ပိုးများပါလာတတ်၍ အသုံးမပြုမီ ရေများများဖြင့် စင်စင်ေ ဆးကြောသင့်ပါတယ်။ (ခ) ညှိးပျော့၍အဝါရောင်သန်းနေသော ကန်စွန်းရွက်များသည် မလတ် ဆတ်ဘဲ ကျန်းမာရေးအာနိသင်လဲ ပျက်ပြယ်စေလို့ အရွေးမမှားဘို့လိုပါတယ်။

ခေတ်မီတိုးတက်လျှက်ရှိသော ယနေ့ကမ္ဘာတွင် ကျန်းမာရေးအမြင်ရှိသူတိုင်းက၊ သစ်သီးဝလံံနှ င့် ဟင်းသီးဟင်းရွက်များသည်၊ ကျန်းမာရေးအထောက်အကူပြု အာဟာရအစားအစာများအဖြစ်၊ အရေးပါပုံကိုသိမြင်လက်ခံလာကြပြီဖြစ်၏။

ထို့ကြောင့် မိမိတို့ ပတ်ဝန်းကျင်တွင် ရာသီမရွေးရ ရှိနိုင်ကာ၊ ငွေကုန်သက်သာလွယ်ကူစွာချက်ပြုတ်နိုင်ပြီး၊ ခံတွင်းလဲမြိန်၊ ကျန်းမာရေးကိုလဲ များ စွာ အထောက်အကူပြုစေသည့် ” ဆေးစွမ်းထက်မြက် ကန်စွန်းရွက် ” ကို မီးဖိုချောင်သုံးဆေးဝါး အဖြစ် စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

<<အသိစိတ်ဓါတ်ပြည့်ဝစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်< p>

(ဆောင်းပါးရှင်… ပေါက်ပေါက်… မျှဝေသည်)