
Zawgyi ဖြင့်ဖတ်ရန်






Unicode ဖြင့်ဖတ်ရန်

ယနေ့ခေတ်စားနေတဲ့ “Collagen”ဈေးကြီးပေးဝယ် သောက်မယ့်အစား ခန္ဓာကိုယ်အတွက် အဟာရလည်းဖြစ် Skin လည်းလှပစေမည့်ကြက်ဥ နှင့် ဘဲဥ

ကြွက်သားယိုယွင်းပျက်စီးမှု လျော့ကျပြီး ကျန်းမာရေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ကြက်ဥ၊ ဘဲဥက အသုံးဝင်ပါတယ်

တစ်နေ့ကို ကြက်ဥ ဒါမှမဟုတ် ဘဲဥတစ်လုံးစားပေးတာက ကြွက်သားတွေရဲ့ ယိုယွင်းပျက်စီးမှုကို လျော့ကျစေပြီး
နှလုံးရောဂါ၊ မျက်စိကွယ်ခြင်းနဲ့ အိုမင်းခြင်း စတဲ့ကျန်းမာရေး အန္တရာယ်တွေကို လျှော့ချပေးနိုင်တယ်လို့ အာဟာရနှင့် သိပ္ပံပညာဂျာနယ်အရ သိရပါတယ်

ကြက်ဥ၊ ဘဲဥမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာယိုယွင်းပျက်စီးမှုကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်မှ အရေးကြီးတဲ့ ပရိုတင်းဓာတ်မဆုံးရှုံးအောင် ကာကွယ်ပေးပါတယ်

ကြက်ဥမှာပါတဲ့ အကာ အရေကြည်ကို သင့်မျက်နှာမှာ ၁၅ မိနစ်ခန့် ပုံမှန်လိမ်းပေးရုံဖြင့် မျက်နှာပေါ်မှ အရေးအကြောင်းနှင့်အရေပြားတွန့်ခြင်းကို လျှော့ကျစေပြီး အသားအရေ ကြည်လင်နုပျိုပြီး ချောမွေ့စေပါတယ်

ဆံပင်ခြောက်သွေ့ပြီး ပျက်စီးနေသူတွေအတွက်လည်း ခေါင်းမလျှော်ခင် ကြက်ဥကိုမွှေခေါက်ပြီး ဦးရေပြားနှင့် ဆံပင်တွေကို ၁၅ မိနစ်ခန့်လိမ်းထားပေးပါက ဦးရေပြားစိုပြေပြီး ဆံပင်အရောင်တောက်ပြောင်စေပါတယ်….။