၀မ္းဗိုက္မွာစုေနတဲ့ခ်ရခက္တဲ့ အဆီျပင္ေတြကို တစ္လအတြင္းခ်ပ္ရပ္သြားေစမယ့္ ေလ့က်င့္ခန္း

Zawgyi ျဖင့္ဖတ္ရန္

ပ်ိဳေမတို႔ရဲ႕ ဝမ္းဗိုက္မွာစုလာတဲ့ အဆီေတြက အခ်ိန္ၾကာလာရင္ အဆီျပင္ေတြျဖစ္သြားၿပီး ေတာ္႐ုံျပန္ခ်ဖို႔ မလြယ္ေတာ့ပါဘူး။ အဲ့ဒီေတာ့ ဝိတ္က်ဖို႔မလြယ္ဘူး၊ ေလ့က်င့္ခန္းလုပ္ေပမယ့္ အဆီေတြမက်ဘူး ဆိုတဲ့ ျပႆနာေတြျဖစ္လာေတာ့တာေပါ့။ ဒါဆို အဲ့ဒီအဆီျပင္ေတြကို ခ်လို႔မရေတာ့ဘူးလားလို႔ ေတြးၿပီး စိတ္ဓာတ္မက်ပါနဲ႔ေနာ္။ အခုေဖာ္ျပမယ့္ ေလ့က်င့္ခန္းေလးေတြက ဝမ္းဗိုက္မွာ စုေနတဲ့ခ်ရခက္တဲ့ အဆီျပင္ေတြကို ေခ်ဖ်က္ေပးႏိုင္တာေၾကာင့္ လိုက္လုပ္ဖို႔မေမ့နဲ႔ေနာ္။

(၁) ပထမဆုံးၾကမ္းျပင္ေပၚမွာ လွဲအိပ္လိုက္ၿပီး လက္ႏွစ္ဖက္ကို ေဘးဘက္အနည္းငယ္ျဖန႔္ကားထားလိုက္ပါ။ ဘယ္လက္နဲ႔ညာဘက္ဒူးကို ကိုင္ၿပီး အတြင္းဘက္ေကြးလိုက္တဲ့ပုံစံလုပ္ၿပီး ခါးကိုတတ္ႏိုင္သေလာက္လိမ္ေပးပါ။ အဲ့ဒီအေနအထားမွာ ဆယ္စကၠန႔္ေလာက္ေနေပးၿပီး အဲ့ဒီပုံစံကို တစ္ဖက္ကို ဆယ္ေခါက္စီ လုပ္ေပးပါ။

(၂) ပက္လက္လွန္အေနအထားနဲ႔ လက္ႏွစ္ဖက္ကိုၾကမ္းေပၚေထာက္ထားၿပီး ေျခေထာက္ေတြကိုေတာ့ ဖေနာင့္ကိုအားျပဳၿပီးေထာက္ထားပါ။ ၿပီးရင္ ေျခေထာက္တစ္ဖက္ကိုအေပၚဘက္ေျမႇာက္ႏိုင္သေလာက္ေျမႇာက္လိုက္ၿပီး နဂိုအေနအထားအတိုင္းျပန္ေနပါ။ ေျခေထာက္တစ္ဖက္ကို ၁၅ ေခါက္စီလုပ္ေပးပါ။

(၃) ၾကမ္းေပၚမွာပက္လက္လွန္အိပ္ပါ။ ၿပီးရင္ ေျခေထာက္ေတြကို ဆန႔္ထားတဲ့အတိုင္း အေပၚကိုေျမႇာက္ထားေပးပါ။ ၿပီးရင္ လက္ႏွစ္ဖက္ကို ဂုတ္ေနရာမွာကိုင္ထားၿပီး ခႏၶာကိုယ္အေပၚပိုင္းကိုလည္းၾကမ္းျပင္ကေနအနည္းငယ္ႂကြေပးပါ။ ဘယ္ဘက္ဒူးကိုေကြးလိုက္ၿပီး ညာဘက္တံေတာင္နဲ႔ထိပါ၊ ညာဘက္ဒူးကိုေကြးၿပီး ဘယ္ဘက္တံေတာင္နဲ႔ထိပါ။ အဲ့ဒီလိုအျပန္အလွန္ထိတာကို ၁၅ ေခါက္လုပ္ေပးပါ။

(၄) ဒိုက္ထိုးတဲ့ပုံစံအတိုင္းေနပါ။ ၿပီးရင္ ညာဘက္ေျခေထာက္ကို ဘယ္ဘက္တံေတာင္ဆစ္နားကိုေကြးလိုက္ၿပီး ဆယ္စကၠန႔္ၾကာမွ နဂိုအေနအထားေရာက္ေအာင္ျပန္ဆန႔္လိုက္ပါ၊ ဘယ္ဘက္ေျခေထာက္ကို ညာဘက္တံေတာင္ဆစ္နားကိုေကြးလိုက္ၿပီး ဆယ္စကၠန႔္ၾကာမွ နဂိုအေနအထားမွာျပန္ေနပါ။ တစ္ဖက္ကို ၁၀ ေခါက္စီလုပ္ေပးပါ။

credit: Aunty may 

Unicode ဖြင့်ဖတ်ရန်

၀မ်းဗိုက်မှာစုနေတဲ့ချရခက်တဲ့ အဆီပြင်တွေကို တစ်လအတွင်းချပ်ရပ်သွားစေမယ့် လေ့ကျင့်ခန်း

ပျိုမေတို့ရဲ့ ဝမ်းဗိုက်မှာစုလာတဲ့ အဆီတွေက အချိန်ကြာလာရင် အဆီပြင်တွေဖြစ်သွားပြီး တော်ရုံပြန်ချဖို့ မလွယ်တော့ပါဘူး။ အဲ့ဒီတော့ ဝိတ်ကျဖို့မလွယ်ဘူး၊ လေ့ကျင့်ခန်းလုပ်ပေမယ့် အဆီတွေမကျဘူး ဆိုတဲ့ ပြဿနာတွေဖြစ်လာတော့တာပေါ့။ ဒါဆို အဲ့ဒီအဆီပြင်တွေကို ချလို့မရတော့ဘူးလားလို့ တွေးပြီး စိတ်ဓာတ်မကျပါနဲ့နော်။ အခုဖော်ပြမယ့် လေ့ကျင့်ခန်းလေးတွေက ဝမ်းဗိုက်မှာ စုနေတဲ့ချရခက်တဲ့ အဆီပြင်တွေကို ချေဖျက်ပေးနိုင်တာကြောင့် လိုက်လုပ်ဖို့မမေ့နဲ့နော်။

(၁) ပထမဆုံးကြမ်းပြင်ပေါ်မှာ လှဲအိပ်လိုက်ပြီး လက်နှစ်ဖက်ကို ဘေးဘက်အနည်းငယ်ဖြန့်ကားထားလိုက်ပါ။ ဘယ်လက်နဲ့ညာဘက်ဒူးကို ကိုင်ပြီး အတွင်းဘက်ကွေးလိုက်တဲ့ပုံစံလုပ်ပြီး ခါးကိုတတ်နိုင်သလောက်လိမ်ပေးပါ။ အဲ့ဒီအနေအထားမှာ ဆယ်စက္ကန့်လောက်နေပေးပြီး အဲ့ဒီပုံစံကို တစ်ဖက်ကို ဆယ်ခေါက်စီ လုပ်ပေးပါ။

(၂) ပက်လက်လှန်အနေအထားနဲ့ လက်နှစ်ဖက်ကိုကြမ်းပေါ်ထောက်ထားပြီး ခြေထောက်တွေကိုတော့ ဖနောင့်ကိုအားပြုပြီးထောက်ထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကိုအပေါ်ဘက်မြှောက်နိုင်သလောက်မြှောက်လိုက်ပြီး နဂိုအနေအထားအတိုင်းပြန်နေပါ။ ခြေထောက်တစ်ဖက်ကို ၁၅ ခေါက်စီလုပ်ပေးပါ။

(၃) ကြမ်းပေါ်မှာပက်လက်လှန်အိပ်ပါ။ ပြီးရင် ခြေထောက်တွေကို ဆန့်ထားတဲ့အတိုင်း အပေါ်ကိုမြှောက်ထားပေးပါ။ ပြီးရင် လက်နှစ်ဖက်ကို ဂုတ်နေရာမှာကိုင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်းကြမ်းပြင်ကနေအနည်းငယ်ကြွပေးပါ။ ဘယ်ဘက်ဒူးကိုကွေးလိုက်ပြီး ညာဘက်တံတောင်နဲ့ထိပါ၊ ညာဘက်ဒူးကိုကွေးပြီး ဘယ်ဘက်တံတောင်နဲ့ထိပါ။ အဲ့ဒီလိုအပြန်အလှန်ထိတာကို ၁၅ ခေါက်လုပ်ပေးပါ။

(၄) ဒိုက်ထိုးတဲ့ပုံစံအတိုင်းနေပါ။ ပြီးရင် ညာဘက်ခြေထောက်ကို ဘယ်ဘက်တံတောင်ဆစ်နားကိုကွေးလိုက်ပြီး ဆယ်စက္ကန့်ကြာမှ နဂိုအနေအထားရောက်အောင်ပြန်ဆန့်လိုက်ပါ၊ ဘယ်ဘက်ခြေထောက်ကို ညာဘက်တံတောင်ဆစ်နားကိုကွေးလိုက်ပြီး ဆယ်စက္ကန့်ကြာမှ နဂိုအနေအထားမှာပြန်နေပါ။ တစ်ဖက်ကို ၁၀ ခေါက်စီလုပ်ပေးပါ။

credit: Aunty may