ေရခဲ ကပ္ရင္ အဆီက်မွာလား

Zawgyiျဖင့္ဖတ္ရန္

အေမးမ်ားလို႔ေရးလိုက္ဦးမယ္။ မေန႔ကႏွစ္ေယာက္ ဒီေန႔ ငါးေယာက္ ၊ ကြန္မန္႔မွာလားမသိ တေယာက္ေမးထားတယ္။ေရခဲ ကို နာရီဝက္ကပ္ရင္ အဆီက်တယ္ဆိုတဲ့သတင္း။ source က တယ္လီဂရပ္ကမို႔ ျပန္ရွာရပါတယ္။ ေရးတာလည္းေတြ႕ပါတယ္။ သတင္းက ၂၀၁၄ ေအာက္တိုဘာက ေရးတဲ့သတင္း။ေရးထားတာက ေရခဲကို အစာအိမ္ေနရာနဲ႔ ေပါင္မွာ နာရီဝက္ကပ္ရင္ အဆီက်တယ္တဲ့။

ခႏၶာကိုယ္မွာ အဆီႏွစ္မ်ိဳးရွိတယ္။ white fat နဲ႔ brown fat။ white fat က ၿပိဳကြဲဖို႔ခက္တယ္။ တင္ပါး၊ေပါင္စတဲ့ေနရာေတြမွာ ရွိတယ္။ ဒါေပမယ့္ အဲဒီေနရာေတြကို ေရခဲတင္လိုက္ရင္(နာရီဝက္ေလာက္အၾကာမွာ) white ကေန brown fat အျဖစ္ေျပာင္းသြားေစတယ္။ brown fat က ၿပိဳကြဲလြယ္တယ္။ အပူထြက္တယ္။ အဆီပိုေတြေလာင္ကၽြမ္းေစတယ္။ ဒါ့ေၾကာင့္ အဆီက်မယ္။ အဓိကအခ်က္က ေရခဲက white ကေန brown ေျပာင္းသြားတာ။ ၊ ဒါ့ေၾကာင့္ အဆီပိုေလာင္ကၽြမ္းလြယ္တယ္။ ေလ့လာမႈကို လူငါးဆယ္ တရာေလာက္နဲ႔ပဲလုပ္ထားတာပါ။ အဆီေသခ်ာေပါက္က်မယ္လိုေျပာမထားပါ။ ေနာက္ၿပီး ရာသီဥတုအေျခေနက လူေတြရဲ႕အဝလြန္ျဖစ္စဥ္မွာ အေရးပါလာႏိုင္တယ္။

ဒါကိုေထာက္ျပခ်င္တာလည္းပါတယ္။လြယ္လြယ္ဘာသာျပန္ေတာ့ ေရခဲ နာရီဝက္ကပ္ရင္ အဆီပိုေတြက်မယ္ျဖစ္သြားေရာ။ တယ္လီဂရပ္မွာ ဝိတ္က်မယ္ေျပာခ်င္တာထက္ ဝိတ္က်ရာမွာ အေထာက္အကူ (သို႔တည္းမဟုတ္) အက်ိဳးတစံုတရာရွိႏိုင္တာကို ဆိုလိုခ်င္တယ္လို႔ နားလည္ထားပါတယ္။ အဲဒီကေန ပိုေလ့လာႏိုင္ရင္ ပိုအက်ိဳးရွိတဲ့နည္းလမ္းတခုခုရေကာင္းရႏိုင္မယ္။ ဒါကိုပဲေျပာခ်င္တာပါ။ အြန္လိုင္းမွာ ပြေနသလို ေရခဲ နာရီဝက္ ကပ္ရံုနဲ႔ ဝိတ္က်မယ္လို႔ေတာ့ ေကာက္ခ်က္ခ်မေစာေစခ်င္ပါ။ တကယ္လည္း ဝိတ္က်မွာ မဟုတ္ဘူးလို႔ ေျဖလိုက္ပါရေစ။

Unicode ဖြင့်ဖတ်ရန်

အမေးများလို့ရေးလိုက်ဦးမယ်။ မနေ့ကနှစ်ယောက် ဒီနေ့ ငါးယောက် ၊ ကွန်မန့်မှာလားမသိ တယောက်မေးထားတယ်။ရေခဲကို နာရီဝက်ကပ်ရင် အဆီကျတယ်ဆိုတဲ့သတင်း။ source က တယ်လီဂရပ်ကမို့ ပြန်ရှာရပါတယ်။ ရေးတာလည်းတွေ့ပါတယ်။ သတင်းက ၂၀၁၄ အောက်တိုဘာက ရေးတဲ့သတင်း။ရေးထားတာက ရေခဲကို အစာအိမ်နေရာနဲ့ ပေါင်မှာ နာရီဝက်ကပ်ရင် အဆီကျတယ်တဲ့။ ခန္ဓာကိုယ်မှာ အဆီနှစ်မျိုးရှိတယ်။ white fat နဲ့ brown fat။ white fat က ပြိုကွဲဖို့ခက်တယ်။

တင်ပါး၊ပေါင်စတဲ့နေရာတွေမှာ ရှိတယ်။ ဒါပေမယ့် အဲဒီနေရာတွေကို ရေခဲတင်လိုက်ရင်(နာရီဝက်လောက်အကြာမှာ) white ကနေ brown fat အဖြစ်ပြောင်းသွားစေတယ်။ brown fat က ပြိုကွဲလွယ်တယ်။ အပူထွက်တယ်။ အဆီပိုတွေလောင်ကျွမ်းစေတယ်။ ဒါ့ကြောင့် အဆီကျမယ်။ အဓိကအချက်က ရေခဲက white ကနေ brown ပြောင်းသွားတာ။ ၊ ဒါ့ကြောင့် အဆီပိုလောင်ကျွမ်းလွယ်တယ်။ လေ့လာမှုကို လူငါးဆယ် တရာလောက်နဲ့ပဲလုပ်ထားတာပါ။ အဆီသေချာပေါက်ကျမယ်လိုပြောမထားပါ။ နောက်ပြီး ရာသီဥတုအခြေနေက လူတွေရဲ့အဝလွန်ဖြစ်စဉ်မှာ အရေးပါလာနိုင်တယ်။ ဒါကိုထောက်ပြချင်တာလည်းပါတယ်။လွယ်လွယ်ဘာသာပြန်တော့ ရေခဲ နာရီဝက်ကပ်ရင် အဆီပိုတွေကျမယ်ဖြစ်သွားရော။

တယ်လီဂရပ်မှာ ဝိတ်ကျမယ်ပြောချင်တာထက် ဝိတ်ကျရာမှာ အထောက်အကူ (သို့တည်းမဟုတ်) အကျိုးတစုံတရာရှိနိုင်တာကို ဆိုလိုချင်တယ်လို့ နားလည်ထားပါတယ်။ အဲဒီကနေ ပိုလေ့လာနိုင်ရင် ပိုအကျိုးရှိတဲ့နည်းလမ်းတခုခုရကောင်းရနိုင်မယ်။ ဒါကိုပဲပြောချင်တာပါ။ အွန်လိုင်းမှာ ပွနေသလို ရေခဲ နာရီဝက် ကပ်ရုံနဲ့ ဝိတ်ကျမယ်လို့တော့ ကောက်ချက်ချမစောစေချင်ပါ။ တကယ်လည်း ဝိတ်ကျမှာ မဟုတ်ဘူးလို့ ဖြေလိုက်ပါရစေ။

Just Now Myanmar