
Zawgyi ဖြင့်ဖတ်ရန်


(၁) ဖရဲသီး


(၂) သဘောင်္သီး

သဘောင်္သီးဟာဆိုရင်လည်း အသားအရေကို စိုပြည်ကျန်းမာစေတဲ့ အသီးအနှံတမျိုးဖြစ်ပြီး သဘောင်္သီးမှာ ပါဝင်တဲ့ ဗီတာမင် အေ၊ဘီနဲ့စီ ဓာတ်တွေဟာ အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။

(၃) ပန်းသီး


(၄) လိမ္မော်သီး


(၅) ငှက်ပျောသီး


Unicode ဖြင့်ဖတ်ရန်

အသားအရေကို သဘာဝအတိုင်း glow စေနိုင်တဲ့ သစ်သီး (၅) မျိုး

မိတ်ကပ်လိမ်းတဲ့အခါဖြစ်ဖြစ် မလိမ်းပဲနဲ့ဖြစ်ဖြစ် အသားအရေကို သဘာဝအတိုင်းလေး ချင်ကြတာဟာ ပျိုမေတွေအားလုံးမှာရှိတဲ့ ဆန္ဒတခုပါ။ Skincare တွေနဲ့ treatment တွေပြုလုပ်နေပေမယ့် အသားအရေက ထင်သလောက် glow ဖြစ်မလာဘူးဆိုရင်တော့ အစားအသောက်ဘက်ကို တစ်ချက်ပြန်ဂရုစိုက်သင့်ပြီး အခုပြောပြပေးမယ့် အသီးအနှံလေးတွေကို ပိုပြီးစားသုံးပေးသင့်ပါတယ်။

(၁) ဖရဲသီး

ဖရဲသီးဟာ ရေဓာတ်အများအပြား ပါဝင်တဲ့ အသီးအနှံတမျိုးဖြစ်ပြီး စားလို့လည်းကောင်းသလို လွယ်လွယ်ကူကူနဲ့ ဝယ်လို့ရတဲ့ အသီးအနှံတမျိုးလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးခြင်းတွေကိုလည်း ပြန်လည်ကုသပေးနိုင်ပါတယ်။

(၂) သဘောၤသီး

သဘောၤသီးဟာဆိုရင်လည်း အသားအရေကို စိုပြည်ကျန်းမာစေတဲ့ အသီးအနှံတမျိုးဖြစ်ပြီး သဘောၤသီးမှာ ပါဝင်တဲ့ ဗီတာမင် အေ၊ဘီနဲ့စီ ဓာတ်တွေဟာ အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။

(၃) ပန်းသီး

ပန်းသီးဟာဆိုရင်လည်း အသားအရေအတွက်သာမက ကျန်းမာရေးနဲ့ပါ ကိုက်ညီတဲ့ အသီးအနှံတမျိုးဖြစ်တာကြောင့် နေ့စဉ်ပုံမှန်စားသုံးပေးသင့်တဲ့ အသီးအနှံတမျိုးပါ။ အမျှင်ဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

(၄) လိမ္မော်သီး

ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေကို စိုပြည်ကြည်လင်စေသလို ဝက်ခြံနဲ့ အမည်းစက်လို အသားအရေပြဿနာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

(၅) ငှက်ပျောသီး

ငှက်ပျောသီးဟာဆိုရင်လည်း အမျှင်ဓာတ်ကြွယ်ဝပြီး ဗီတာမင် အေ၊ စီ၊ အီးနဲ့ ကေ တို့ပါဝင်တာကြောင့် အသားအရေကို သဘာဝအတိုင်း ကြည်လင်စိုပြည်ချင်တယ်ဆိုရင် စားပေးသင့်တဲ့ အသီးတမျိုး ဖြစ်ပါတယ်။