မေးစေ့နှစ်ထပ်ဖြစ်ခြင်းကို လျှော့ကျစေပြီး ငယ်ရွယ်နုပျိုစေတဲ့ လေ့ကျင့်ခန်း (၇) ခု

သင်ဟာ အဝလွန်သူတစ်ယောက် မဟုတ်ဘူးဆိုရင် မှန်ကြည့်တဲ့အခါ မေးနှစ်ထပ်ဖြစ်နေခြင်းက အတော်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါပေမယ့် မေးအောက်ဘက်တစ်ဝိုက်မှာ အဆီပိုတွေ ရှိနေခြင်းက အဝလွန်မှု တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

1.အစားလျှော့စားတာ နည်းလမ်းမမှန်ရင် သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္ထုတွေက အသားအရေအတွက် အာဟာရ မဖြစ်စေပါဘူး။ အဲဒီအခါ မေးနှစ်ထပ်ဖြစ်ပြီး ကြည့်ရဆိုးစေပါတယ်။

2.အသက်အရွယ်ကြီးလာတဲ့အခါ အရေပြားက ဆန့်နိုင်ကျုံနိုင်တဲ့သတ္တိတွေ အားနည်းလာပြီး မေးနှစ်ထပ်ဖြစ်လာစေပါတယ်။

3.ကိုယ်နေဟန်ထားမမှန်တဲ့အခါ မျက်နှာနဲ့လည်ပင်းမှာရှိတဲ့ ကြွက်သားတွေ အားနည်းလာပြီး မေးနှစ်ထပ်ဖြစ်လာစေပါတယ်။

အစားအသောက်နဲ့ ကိုယ်နေဟန်ထားကို ပြောင်းလဲနိုင်ပေမယ့် အသက်အရွယ်ကြီးလာတာကိုတော့ ရှောင်လွှဲလို့မရပါဘူး။ မျက်နှာနဲ့ လည်ပင်းက ကြွက်သားတစ်သျှူးတွေကို ဖြေလျှော့ပေးပြီး မေးနှစ်ထပ်ဖြစ်တာကို လျော့ကျစေမယ့် လေ့ကျင့်ခန်းအနည်းငယ် ရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေ မလုပ်ခင်မှာ လည်ပင်းကို တစ်ဖက်စီ ညင်သာစွာ လှည့်ပေးခြင်းဖြင့် သွေးပူလေ့ကျင့်ခန်းလုပ်ပါ။ ခေါင်းကို မော့လိုက်၊ ငုံ့လိုက် လုပ်ပေးပါ။

1. မျက်နှာကြက်ကို ကြည့်ပြီး လေချွန်ပါ။

ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်ပါ။ ခေါင်းမော့ပြီး လေချွန်ပေးလိုက်ရုံပါပဲ။ ဒီလေ့ကျင့်ခန်းကို 10 စက္ကန့်ကနေ စက္ကန့် 20 ကြာအောင် လုပ်ပေးရပါမယ်။

2. ကောင်းကင်ကြီးကို အနမ်းတွေ ပေးလိုက်ပါ။

မျက်နှာကိုမော့ပြီး နှုတ်ခမ်းကို ရှေ့ကိုဆန့်ထုတ်နိုင်သမျှ ဆန့်ထုတ်လိုက်ပါ။ ဒီလေ့ကျင့်ခန်းကို 10 စက္ကန့်ကနေ စက္ကန့် 20 ကြာအောင် လုပ်ရပါမယ်။

3. ပါးဖောင်းလိုက်ပါ။

လေကို ပါးစပ်ထဲရှုသွင်းပြီး ပါးဖောင်းလိုက်ပါ။ မျက်နှာနဲ့ မေးစေ့မှာရှိတဲ့ ကြွက်သားတွေ တင်းနေတာကို ခံစားရပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းကိုလည်း 10 စက္ကန့်ကနေ စက္ကန့် 20 ကြာအောင် လုပ်ပေးပါ။

4. ဘောလုံးကို ညှစ်ပေးပါ။

တင်းနစ်ဘောလုံး ဒါမှမဟုတ် ပန်းသီးတစ်လုံးကို ယူပါ။ အဲဒါတွေမရှိရင် သင့်ရဲ့လက်သီးဆုပ်ကို အသုံးပြုနိုင်ပါတယ်။ တင်းနစ်ဘောလုံးကို မေးစေ့အောက်မှာထားပြီး ရင်ဘတ်ပေါ်ထိ နာနာဖိပေးပါ။ တင်းနစ်ဘောလုံးကို တွန်းဖို့ လည်ပင်းကြွက်သားတွေကို အသုံးပြုပေးပါ။

5. ပါးစပ်ကို ဟထားပါ။

ခေါင်းကိုမော့ကာ မျက်နှာကြက်ကိုကြည့်ပြီး ပါးစပ်ကို ဟထားပါ။ ပြီးတော့ ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်ပေးပါ။ ဒီလေကျင့်ခန်းကိုတော့ 3 စက္ကန့်ကနေ 5 စက္ကန့်ကြာအောင် လုပ်ပေးလို့ရပါတယ်။

6. ပါးထဲကို လေစုပ်ယူလိုက်ပါ။
မေးကိုမော့ပြီး ပါးထဲကို လေစုပ်ယူလိုက်ပါ၊ အဲဒီအခါ မျက်နှာနဲ့လည်ပင်းကြွက်သားတွေ တင်းလာတာကို ခံစားရပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းကို 10 စက္ကန့်ကနေ စက္ကန့် 20 ကြာအောင် လုပ်ပေးနိုင်ပါတယ်။

7. ပါးစပ်ကို အကျယ်ကြီး ဟလိုက်ပါ။

ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ်ဟပြီး လျှာကို အပြင်ထုတ်လိုက်ပါ။ ဒီလေ့ကျင့်ခန်းကိုလည်း 10 စက္ကန့်ကနေ စက္ကန့် 20 ကြာအောင် လုပ်ရပါမယ်။ ဒီလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မေးစေ့၊ လည်ပင်းနဲ့ မျက်နှာမှာရှိတဲ့ ကြွက်သားတွေကို သန်မာလာစေပါတယ်။

အထက်ပါလေ့ကျင့်ခန်းတွေကို နေ့တိုင်းလုပ်ပေးခြင်းဖြင့် မျက်နှာကြွက်သားတွေ ကြံ့ခိုင်သန်မာလာစေပါတယ်။ သွေးလည်ပတ်မှုကိုလည်း တိုးတက်စေပါတယ်။ မလိုချင်တဲ့ မေးနှစ်ထပ်ဖြစ်မှုကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

မျက်နှာနဲ့ လည်ပင်းကလည်း တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ အရေးကြီးပါတယ်။ သူတို့လည်း ကျန်းမာဖို့လိုပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို နေ့စဉ်လုပ်ပေးခြင်းဖြင့် ငယ်ရွယ်နုပျိုကျန်းမာမှုကို ထိန်းသိမ်းနိုင်ပါတယ်။

Zawgyiျဖင့္ဖတ္ရန္

ေမးေစ့ႏွစ္ထပ္ျဖစ္ျခင္းကို ေလွ်ာ့က်ေစၿပီး ငယ္႐ြယ္ႏုပ်ိဳေစတဲ့ ေလ့က်င့္ခန္း (၇) ခု

သင္ဟာ အဝလြန္သူတစ္ေယာက္ မဟုတ္ဘူးဆိုရင္ မွန္ၾကည့္တဲ့အခါ ေမးႏွစ္ထပ္ျဖစ္ေနျခင္းက အေတာ္ကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ ဒါေပမယ့္ ေမးေအာက္ဘက္တစ္ဝိုက္မွာ အဆီပိုေတြ ရွိေနျခင္းက အဝလြန္မႈ တစ္ခုတည္းေၾကာင့္ မဟုတ္ပါဘူး။

1.အစားေလွ်ာ့စားတာ နည္းလမ္းမမွန္ရင္ သင့္ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဗီတာမင္နဲ႔သတၳဳေတြက အသားအေရအတြက္ အာဟာရ မျဖစ္ေစပါဘူး။ အဲဒီအခါ ေမးႏွစ္ထပ္ျဖစ္ၿပီး ၾကည့္ရဆိုးေစပါတယ္။

2.အသက္အ႐ြယ္ႀကီးလာတဲ့အခါ အေရျပားက ဆန႔္ႏိုင္က်ဳံႏိုင္တဲ့သတၱိေတြ အားနည္းလာၿပီး ေမးႏွစ္ထပ္ျဖစ္လာေစပါတယ္။

3.ကိုယ္ေနဟန္ထားမမွန္တဲ့အခါ မ်က္ႏွာနဲ႔လည္ပင္းမွာရွိတဲ့ ႂကြက္သားေတြ အားနည္းလာၿပီး ေမးႏွစ္ထပ္ျဖစ္လာေစပါတယ္။

အစားအေသာက္နဲ႔ ကိုယ္ေနဟန္ထားကို ေျပာင္းလဲႏိုင္ေပမယ့္ အသက္အ႐ြယ္ႀကီးလာတာကိုေတာ့ ေရွာင္လႊဲလို႔မရပါဘူး။ မ်က္ႏွာနဲ႔ လည္ပင္းက ႂကြက္သားတစ္သွ်ဴးေတြကို ေျဖေလွ်ာ့ေပးၿပီး ေမးႏွစ္ထပ္ျဖစ္တာကို ေလ်ာ့က်ေစမယ့္ ေလ့က်င့္ခန္းအနည္းငယ္ ရွိပါတယ္။ ဒီေလ့က်င့္ခန္းေတြ မလုပ္ခင္မွာ လည္ပင္းကို တစ္ဖက္စီ ညင္သာစြာ လွည့္ေပးျခင္းျဖင့္ ေသြးပူေလ့က်င့္ခန္းလုပ္ပါ။ ေခါင္းကို ေမာ့လိုက္၊ ငုံ႔လိုက္ လုပ္ေပးပါ။

1. မ်က္ႏွာၾကက္ကို ၾကည့္ၿပီး ေလခြၽန္ပါ။

ထိုင္ခုံေပၚမွာ မတ္မတ္ထိုင္ပါ။ ေခါင္းေမာ့ၿပီး ေလခြၽန္ေပးလိုက္႐ုံပါပဲ။ ဒီေလ့က်င့္ခန္းကို 10 စကၠန႔္ကေန စကၠန႔္ 20 ၾကာေအာင္ လုပ္ေပးရပါမယ္။

2. ေကာင္းကင္ႀကီးကို အနမ္းေတြ ေပးလိုက္ပါ။

မ်က္ႏွာကိုေမာ့ၿပီး ႏႈတ္ခမ္းကို ေရွ႕ကိုဆန႔္ထုတ္ႏိုင္သမွ် ဆန႔္ထုတ္လိုက္ပါ။ ဒီေလ့က်င့္ခန္းကို 10 စကၠန႔္ကေန စကၠန႔္ 20 ၾကာေအာင္ လုပ္ရပါမယ္။

3. ပါးေဖာင္းလိုက္ပါ။

ေလကို ပါးစပ္ထဲရႈသြင္းၿပီး ပါးေဖာင္းလိုက္ပါ။ မ်က္ႏွာနဲ႔ ေမးေစ့မွာရွိတဲ့ ႂကြက္သားေတြ တင္းေနတာကို ခံစားရပါလိမ့္မယ္။ ဒီေလ့က်င့္ခန္းကိုလည္း 10 စကၠန႔္ကေန စကၠန႔္ 20 ၾကာေအာင္ လုပ္ေပးပါ။

4. ေဘာလုံးကို ညႇစ္ေပးပါ။

တင္းနစ္ေဘာလုံး ဒါမွမဟုတ္ ပန္းသီးတစ္လုံးကို ယူပါ။ အဲဒါေတြမရွိရင္ သင့္ရဲ႕လက္သီးဆုပ္ကို အသုံးျပဳႏိုင္ပါတယ္။ တင္းနစ္ေဘာလုံးကို ေမးေစ့ေအာက္မွာထားၿပီး ရင္ဘတ္ေပၚထိ နာနာဖိေပးပါ။ တင္းနစ္ေဘာလုံးကို တြန္းဖို႔ လည္ပင္းႂကြက္သားေတြကို အသုံးျပဳေပးပါ။

5. ပါးစပ္ကို ဟထားပါ။

ေခါင္းကိုေမာ့ကာ မ်က္ႏွာၾကက္ကိုၾကည့္ၿပီး ပါးစပ္ကို ဟထားပါ။ ၿပီးေတာ့ ပါးစပ္ကို ဖြင့္လိုက္ပိတ္လိုက္လုပ္ေပးပါ။ ဒီေလက်င့္ခန္းကိုေတာ့ 3 စကၠန႔္ကေန 5 စကၠန႔္ၾကာေအာင္ လုပ္ေပးလို႔ရပါတယ္။

6. ပါးထဲကို ေလစုပ္ယူလိုက္ပါ။
ေမးကိုေမာ့ၿပီး ပါးထဲကို ေလစုပ္ယူလိုက္ပါ၊ အဲဒီအခါ မ်က္ႏွာနဲ႔လည္ပင္းႂကြက္သားေတြ တင္းလာတာကို ခံစားရပါလိမ့္မယ္။ ဒီေလ့က်င့္ခန္းကို 10 စကၠန႔္ကေန စကၠန႔္ 20 ၾကာေအာင္ လုပ္ေပးႏိုင္ပါတယ္။

7. ပါးစပ္ကို အက်ယ္ႀကီး ဟလိုက္ပါ။

ပါးစပ္ကို က်ယ္ႏိုင္သမွ် က်ယ္က်ယ္ဟၿပီး လွ်ာကို အျပင္ထုတ္လိုက္ပါ။ ဒီေလ့က်င့္ခန္းကိုလည္း 10 စကၠန႔္ကေန စကၠန႔္ 20 ၾကာေအာင္ လုပ္ရပါမယ္။ ဒီေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ ေမးေစ့၊ လည္ပင္းနဲ႔ မ်က္ႏွာမွာရွိတဲ့ ႂကြက္သားေတြကို သန္မာလာေစပါတယ္။

အထက္ပါေလ့က်င့္ခန္းေတြကို ေန႔တိုင္းလုပ္ေပးျခင္းျဖင့္ မ်က္ႏွာႂကြက္သားေတြ ႀကံ့ခိုင္သန္မာလာေစပါတယ္။ ေသြးလည္ပတ္မႈကိုလည္း တိုးတက္ေစပါတယ္။ မလိုခ်င္တဲ့ ေမးႏွစ္ထပ္ျဖစ္မႈကိုလည္း ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္။

မ်က္ႏွာနဲ႔ လည္ပင္းကလည္း တျခားခႏၶာကိုယ္ အစိတ္အပိုင္းေတြလိုပဲ အေရးႀကီးပါတယ္။ သူတို႔လည္း က်န္းမာဖို႔လိုပါတယ္။ ဒီေလ့က်င့္ခန္းေတြကို ေန႔စဥ္လုပ္ေပးျခင္းျဖင့္ ငယ္႐ြယ္ႏုပ်ိဳက်န္းမာမႈကို ထိန္းသိမ္းႏိုင္ပါတယ္။