ခါးတုတ္လို႔စိတ္ညစ္ေနသူမ်ားအတြက္ ခါးေသးနည္း ေလ့က်င့္ခန္း

Zawgyiျဖင့္ဖတ္ရန္

ခါးတုတ္လို႔ ခါးေသးခ်င္ေနတဲ့ပ်ိဳေမတို႔အတြက္ ပုံမွန္လုပ္ေပးရမယ့္ ေလ့က်င့္ခန္း (၉) မ်ိဳးကို မွ်ေဝေပးလိုက္ပါတယ္။ ဒီ (၉) မ်ိဳးလုံးကို ေန႔တိုင္းအခ်ိန္ေပးၿပီး မလုပ္ႏိုင္ရင္ေတာင္ တစ္ရက္ျခားတစ္ခါ လုပ္ေပးလို႔ရပါတယ္။ ခါးေသးဖို႔တစ္ခုတည္းအတြက္မဟုတ္ပဲ ဗိုက္ခ်ပ္ၿပီး ခႏၶာကိုယ္အခ်ိဳးအစားပါ လွလာေစမယ့္ ေလ့က်င့္ခန္းေတြျဖစ္တာေၾကာင့္ ဇြဲရွိရွိနဲ႔လုပ္ဖို႔ေတာ့ လိုပါတယ္။

နံပါတ္ ၁ ေလ့က်င့္ခန္းကေတာ့ လြယ္ပါတယ္။ အိပ္ထမတင္ပုံစံမ်ိဳး လုပ္ေပးရမွာပါ။ အေပၚပုံမွာျပထားတဲ့အတိုင္း လက္ႏွစ္ဖက္ကိုဆန႔္တန္းၿပီး ေျခမ်က္စိကို တစ္ဖက္စီထိေအာင္ ထရမွာပါ။ ညာဘက္လုပ္ၿပီး ဘယ္လက္လုပ္၊ ဘယ္ဘက္လုပ္ၿပီး ညာဘက္ျပန္လုပ္နဲ႔ အႀကိမ္ ၃၀ ျပည့္ေအာင္လုပ္ပါ။

နံပါတ္ ၂ ေလ့က်င့္ခန္းကေတာ့ အေပၚပုံမွျပထားတဲ့အတိုင္း တစ္ေစာင္းလွဲလိုက္ပါ။ ၿပီးတာနဲ႔ လက္တစ္ဖက္ကိုေထာက္ၿပီး ေျခေထာက္ႏွစ္ဖက္ကို စုံစုကာ V ပုံစံေျမႇာက္ေပးရမွာပါ။ ဒီေလ့က်င့္ခန္းကိုေတာ့ ၈ ႀကိမ္လုပ္ေပးရမွာပါ။

နံပါတ္ ၃ ေလ့က်င့္ခန္းမွာေတာ့ အေပၚပုံမွာျပထားသလို ပထမအေနအထားအတိုင္းရေအာင္ အရင္ေနပါ။ ၿပီးတာနဲ႔ ဘယ္ေျခေထာက္နဲ႔ေထာက္ထားရင္ ညာေျခေထာက္ကို ဒုတိယပုံထဲကအတိုင္း ေျမႇာက္ပါ။ အဲ့အတိုင္း အႀကိမ္ ၃၀ လုပ္ေပးရပါမယ္။ ၿပီးရင္ေတာ့ ညာေျခေထာက္နဲ႔ေထာက္ၿပီး ဘယ္ေျခေထာက္ကို ေျမႇာက္ရပါမယ္။ တစ္လွည့္စီပါ။ ဒါကိုလည္း အႀကိမ္ ၃၀ လုပ္ေပးပါ။ စစလုပ္တဲ့အခ်ိန္မွာ သိပ္မလုပ္ႏိုင္ရင္ တစ္ဖက္ကို ၁၅ ႀကိမ္စီပဲ အရင္လုပ္လို႔ရပါတယ္။

နံပါတ္ ၄ ေလ့က်င့္ခန္းမွာေတာ့ အေပၚပုံမွာျပထားတဲ့အတိုင္း ရေအာင္ေနေပးရပါမယ္။ စကၠန႔္ ၂၀ ျပည့္ေအာင္ ေနေပးပါ။ ေနာက္ပိုင္းလုပ္ႏိုင္ရင္ ဒီထက္ပိုၾကာေအာင္ေနၾကည့္ပါ။ ဗိုက္လည္း သိသိသာသာခ်ပ္လာေစပါတယ္။

နံပါတ္ ၅ ေလ့က်င့္ခန္းမွာေတာ့ အေပၚပုံမွာျပထားသလို ပထမပုံထဲကအတိုင္း အရင္ေနပါ။ ၿပီးရင္ ဒုတိယပုံလိုရေအာင္လုပ္ပါ။ ပထမအေနအထားမွာ လက္နဲ႔ ေျခေထာက္ကို ဆန႔္ထုတ္ထားပါတယ္။ ဒုတိယအေနအထားကေတာ့ လက္ေကာ ေျခေထာက္ေကာ ေကြးထားပါတယ္ေနာ္။ ခႏၶာကိုယ္ႂကြမလာပဲ ၾကမ္းမွာပဲကပ္ေနရမွာပါ။ ဒါကိုေတာ့ အႀကိမ္ ၂၀ လုပ္ေပးပါ။

နံပါတ္ ၆ ေလ့က်င့္္ခန္းမွာလည္း အေပၚပုံမွာျပထားတဲ့အတိုင္းလုပ္ေပးပါ။ ဘယ္ညာ တစ္လွည့္စီ အႀကိမ္ ၃၀ ျပည့္ေအာင္ လုပ္ေပးပါ။

နံပါတ္ ၇ ေ့လက်င့္ခန္းကေတာ့ အေပၚပုံထဲမွာျပထားသလိုေနၿပီး ေျခေထာက္ကိုပဲ ရေအာင္စုၿပီး ေျမႇာက္ေပးရမွာပါ။ ဒီေ့လက်င့္ခန္းကိုေတာ့ ၁၅ ႀကိမ္လုပ္ေပးရပါမယ္။

နံပါတ္ ၈ ေလ့က်င့္ခန္းကေတာ့ အေပၚပုံထဲကလို လက္ကိုဆန႔္ထုတ္ထားၿပီး နံရံကိုေျခဖဝါးႏွစ္ဖက္နဲ႔ စုံကန္ထားရပါမယ္။ ၿပီးရင္ေတာ့ ခႏၶာကိုယ္က ဒီအေနအထားအတိုင္းပဲေနၿပီး ေျခေထာက္ႏွစ္ဖက္ကိုပဲ တစ္ဖက္ကို ေကြးလိုက္ရမွာပါ။ ဒီအတိုင္း ဘယ္ညာ တစ္လွည့္စီ အႀကိမ္ ၃၀ လုပ္ေပးရမွာပါ။

နံပါတ္ ၉ ေလ့က်င့္ခန္းမွာေတာ့ အေပၚပုံထဲကလို ေနရပါမယ္။ ၿပီးရင္ ေျခေထာက္တစ္ဖက္ကို ဆန႔္ထုတ္ရမွာပါ။ ဘယ္ညာ တစ္လွည့္စီ ဆန႔္ထုတ္ရပါမယ္။ ဒါလည္း အႀကိမ္ ၃၀ ပါပဲ။ ဒီေလ့က်င့္ခန္းက ခါးေသး႐ုံတင္မဟုတ္ပဲ တင္ပါထြက္လာေစပါတယ္။

Unicodeဖြင့်ဖတ်ရန်

ခါးတုတ်လို့စိတ်ညစ်နေသူများအတွက် ခါးသေးနည်း လေ့ကျင့်ခန်း

ခါးတုတ်လို့ ခါးသေးချင်နေတဲ့ပျိုမေတို့အတွက် ပုံမှန်လုပ်ပေးရမယ့် လေ့ကျင့်ခန်း (၉) မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီ (၉) မျိုးလုံးကို နေ့တိုင်းအချိန်ပေးပြီး မလုပ်နိုင်ရင်တောင် တစ်ရက်ခြားတစ်ခါ လုပ်ပေးလို့ရပါတယ်။ ခါးသေးဖို့တစ်ခုတည်းအတွက်မဟုတ်ပဲ ဗိုက်ချပ်ပြီး ခန္ဓာကိုယ်အချိုးအစားပါ လှလာစေမယ့် လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် ဇွဲရှိရှိနဲ့လုပ်ဖို့တော့ လိုပါတယ်။

နံပါတ် ၁ လေ့ကျင့်ခန်းကတော့ လွယ်ပါတယ်။ အိပ်ထမတင်ပုံစံမျိုး လုပ်ပေးရမှာပါ။ အပေါ်ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကိုဆန့်တန်းပြီး ခြေမျက်စိကို တစ်ဖက်စီထိအောင် ထရမှာပါ။ ညာဘက်လုပ်ပြီး ဘယ်လက်လုပ်၊ ဘယ်ဘက်လုပ်ပြီး ညာဘက်ပြန်လုပ်နဲ့ အကြိမ် ၃၀ ပြည့်အောင်လုပ်ပါ။

နံပါတ် ၂ လေ့ကျင့်ခန်းကတော့ အပေါ်ပုံမှပြထားတဲ့အတိုင်း တစ်စောင်းလှဲလိုက်ပါ။ ပြီးတာနဲ့ လက်တစ်ဖက်ကိုထောက်ပြီး ခြေထောက်နှစ်ဖက်ကို စုံစုကာ V ပုံစံမြှောက်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၈ ကြိမ်လုပ်ပေးရမှာပါ။

နံပါတ် ၃ လေ့ကျင့်ခန်းမှာတော့ အပေါ်ပုံမှာပြထားသလို ပထမအနေအထားအတိုင်းရအောင် အရင်နေပါ။ ပြီးတာနဲ့ ဘယ်ခြေထောက်နဲ့ထောက်ထားရင် ညာခြေထောက်ကို ဒုတိယပုံထဲကအတိုင်း မြှောက်ပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရပါမယ်။ ပြီးရင်တော့ ညာခြေထောက်နဲ့ထောက်ပြီး ဘယ်ခြေထောက်ကို မြှောက်ရပါမယ်။ တစ်လှည့်စီပါ။ ဒါကိုလည်း အကြိမ် ၃၀ လုပ်ပေးပါ။ စစလုပ်တဲ့အချိန်မှာ သိပ်မလုပ်နိုင်ရင် တစ်ဖက်ကို ၁၅ ကြိမ်စီပဲ အရင်လုပ်လို့ရပါတယ်။

နံပါတ် ၄ လေ့ကျင့်ခန်းမှာတော့ အပေါ်ပုံမှာပြထားတဲ့အတိုင်း ရအောင်နေပေးရပါမယ်။ စက္ကန့် ၂၀ ပြည့်အောင် နေပေးပါ။ နောက်ပိုင်းလုပ်နိုင်ရင် ဒီထက်ပိုကြာအောင်နေကြည့်ပါ။ ဗိုက်လည်း သိသိသာသာချပ်လာစေပါတယ်။

နံပါတ် ၅ လေ့ကျင့်ခန်းမှာတော့ အပေါ်ပုံမှာပြထားသလို ပထမပုံထဲကအတိုင်း အရင်နေပါ။ ပြီးရင် ဒုတိယပုံလိုရအောင်လုပ်ပါ။ ပထမအနေအထားမှာ လက်နဲ့ ခြေထောက်ကို ဆန့်ထုတ်ထားပါတယ်။ ဒုတိယအနေအထားကတော့ လက်ကော ခြေထောက်ကော ကွေးထားပါတယ်နော်။ ခန္ဓာကိုယ်ကြွမလာပဲ ကြမ်းမှာပဲကပ်နေရမှာပါ။ ဒါကိုတော့ အကြိမ် ၂၀ လုပ်ပေးပါ။

နံပါတ် ၆ လေ့ကျင့််ခန်းမှာလည်း အပေါ်ပုံမှာပြထားတဲ့အတိုင်းလုပ်ပေးပါ။ ဘယ်ညာ တစ်လှည့်စီ အကြိမ် ၃၀ ပြည့်အောင် လုပ်ပေးပါ။

နံပါတ် ၇ ေ့လကျင့်ခန်းကတော့ အပေါ်ပုံထဲမှာပြထားသလိုနေပြီး ခြေထောက်ကိုပဲ ရအောင်စုပြီး မြှောက်ပေးရမှာပါ။ ဒီေ့လကျင့်ခန်းကိုတော့ ၁၅ ကြိမ်လုပ်ပေးရပါမယ်။

နံပါတ် ၈ လေ့ကျင့်ခန်းကတော့ အပေါ်ပုံထဲကလို လက်ကိုဆန့်ထုတ်ထားပြီး နံရံကိုခြေဖဝါးနှစ်ဖက်နဲ့ စုံကန်ထားရပါမယ်။ ပြီးရင်တော့ ခန္ဓာကိုယ်က ဒီအနေအထားအတိုင်းပဲနေပြီး ခြေထောက်နှစ်ဖက်ကိုပဲ တစ်ဖက်ကို ကွေးလိုက်ရမှာပါ။ ဒီအတိုင်း ဘယ်ညာ တစ်လှည့်စီ အကြိမ် ၃၀ လုပ်ပေးရမှာပါ။

နံပါတ် ၉ လေ့ကျင့်ခန်းမှာတော့ အပေါ်ပုံထဲကလို နေရပါမယ်။ ပြီးရင် ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ရမှာပါ။ ဘယ်ညာ တစ်လှည့်စီ ဆန့်ထုတ်ရပါမယ်။ ဒါလည်း အကြိမ် ၃၀ ပါပဲ။ ဒီလေ့ကျင့်ခန်းက ခါးသေးရုံတင်မဟုတ်ပဲ တင်ပါထွက်လာစေပါတယ်။