အရေးအကြောင်းတွေကို ဖယ်ရှားဖို့ (Aspirin)အက်စပရင်ကို အသုံးပြုနည်း

ကျွန်တော်တို့အိမ်တွေမှာ အသုံးများတဲ့ ဆေးဝါးတစ်ခုကို အရေးအကြောင်းတွေဖယ်ရှားဖို ပါ၀င်ပစ္စည်းအဖြစ် သုံးလို့ရတယ်ဆိုတာ သင်စဉ်းစားမိပါသလား? နာကျင်ကိုက်ခဲမှုတွေ၊ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ ကူညီပေးတဲ့ (Aspirin)အက်စပရင်ဆေးပြားသည် မျက်နှာပေါ်က အရေးအကြောင်းများကို ကုသတဲ့အခါ အသုံးပြုနိုင်ပါတယ်။ ၎င်း၏ Anti -inflammatory သက်ရောက်မှုများကြောင့် အက်စပရင်ကို တခြားပါ၀င်ပစ္စည်းများနှင့် ပေါင်းစပ်ပြီး မျက်နှာပေါ်က အရုပ်ဆိုးစေတဲ့ အရေးအကြောင်းများကို ပယ်ဖျက်နိုင်ပါတယ်။

၁။ သံပုရာရည်နှင့် အက်စပရင်
ဒါက သင့်အသားအရေကျန်းမာရေးအတွက် သင့်တော်ပါတယ်။ အက်စပရင်ဆေးပြား၃ပြားကို ကြိတ်ပြီး သံပုရာရည် စားပွဲတင်ဇွန်း၃ဇွန်းနဲ့ ခပ်ပျစ်ပျစ် ရောမွှေပါ။ ပြီးမှ သင့်အသားအရေပေါ်မှာ Mask တစ်ခုအဖြစ်လိမ်းပေးပါ။ ၁၀မိနစ်ခန့်နေမှ ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးပါ။

၂။ ပျားရည်၊ ဒိန်ချဉ်နှင့် အက်စပရင်
အက်စပရင် ၅ပြားကို ကြိတ်ပြီး ပျားရည် စားပွဲတင်ဇွန်း တစ်ဝက်၊ ဒိန်ချဉ် စားပွဲတင်ဇွန်း တစ်ဇွန်းကို ပေါင်းစပ်မွှေပေးပါ။ သင့်ချွေးပေါက်တွေကို ပွင့်စေတာကြောင့် ဒီMask ကို လိမ်းဖို့ အကောင်းဆုံးအချိန်ကတော့ ရေမချိုးခင် ချက်ချင်းဖြစ်ပါတယ်။ ဒီMaskကို ခြောက်သွေ့နေတဲ့ သင့်မျက်နှာပေါ်မှာ ၀ါဂွမ်းစတစ်ခုနှင့်အတူ လိမ်းပေးပါ။ မိနစ်၃၀လောက်နေပြီးမှ ရေနွေးနွေးဖြင့် ဆေးကြောပေးပါ။

၃။ ရေနှင့် အက်စပရင်
သင့်အသားအရေကို exfoliate လုပ်ဖို့ အသုံးပြုနိုင်တာကြောင့် အကောင်းဆုံး ပေါင်းစပ်မှုတစ်ခု ဖြစ်ပါတယ်။ ခပ်ပျစ်ပျစ်ရဖို့ ရေနွေးနွေး စားပွဲတင်ဇွန်း ၃ဇွန်းထဲမှာ အက်စပရင်ဆေးပြား ၃ပြားကြိတ်ထည့်ပါ။ သန့်စင်တဲ့ သင့်အရေပြားပေါ်မှာ လိမ်းပြီး ၁၀မိနစ်ောက်ထားပါ။ ပြီးမှ ရေနှင့် မျက်နှာသစ်ပေးပါ။