Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
သင့်မျက်လုံး အညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ
တီဗီ၊ကွန်ပျူတာနဲ့ စမတ်ဖုန်းများ အသုံးများခြင်းဟာ ကြာလာတာနဲ့အမျှ မျက်စိကိုထိခိုက်လာတာ လူတိုင်းသိကြမှာပါ။ မျက်ရည်ပူကျခြင်း၊မျက်စိယားခြင်း၊ခေါင်းကိုက်ခြင်းတို့ကို ခံစားနေရပြီလာ:?ဒါဆိုရင်တော့ ဖုန်း၊ကွန်ပျူတာအသုံးပြုမှုကို ခေတ္တရပ်ထားရမှာ ဖြစ်ပြီး မျက်စိကြွက်သားများ အညောင်းပြေစေမယ့် လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးရမယ်နော်။
လေ့ကျင့်ခန်း (၁)-အမှောင်ထဲကိုငေးကြည့်ပါ။
-စားပွဲတစ်ခုပေါ်မှာ တံတောင်ဆစ်များကို ထောက်ပါ။
-သင့်မျက်စိ၂ဖက်ကို လက်ဖဝ ါး ဖြင့်အုပ်ပါ။
-စိတ်ကိုလျှော့ချပြီး အမှောင်ထုကိုခံစားပါ။
-မိနစ်အနည်းငယ်ကြာ ထိုအတိုင်းနေပါ။
လေ့ကျင့်ခန်း(၂)- မျက်စိကိုဘယ်ညာကစားခြင်း
-မတ်တပ်ရပ်ပါ သို့မဟုတ် မတ်မတ်ထိုင်ပါ။
-ပထမဦးစွာ အရှေ့တည့်တည့်ကို ကြည့်ပါ။
-ထို့နောက် ခေါင်းကို မရွေ့စေပဲ ဘယ်ဘက်ကို စူးစိုက်စွာကြည့်ပါ။
-တဖန် ညာဘက်သို့ စူးစိုက်စွာ ကြည့်ပါ။
-ဘယ်ညာပြောင်းပြီး ၅ကြိမ်ခန့်ကြည့်ပါ။ ၃ကျော့ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း(၃)-မျက်စိကို အပေါ်အောက်ကစားခြင်း
-မတ်တပ်ရပ်ပါ (သို့)မတ်မတ်ထိုင်ပါ။
-ပထမဦးစွာ ရှေ့တည့်တည့်ကိုကြည့်ပါ။ထို့နောက် နဖူးတွန့်ပြီ အပေါ်ဘက်သို့ကြည့်ပါ။
ထို့နောက်အောက်ဘက်သို့ ကြည့်ပါ။ ၅ကြိမ်ခန့်အပေါ်အောက်ရွေ့လျား ကြည့်ပါ။ ၃ကျော့ ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း(၄)- အဝေး အနီး အာရုံစိုက်ခြင်း
-မျက်စိရှေ့ ၂၀စင်တီမီတာအကွာမှာ ခဲတံသို့ပစ္စည်းတစ်ခုထားပါ။
-ထိုခဲတံကို စူးစိုက်ကြည့်ပေးပါ။
-ထို့နောက် ပိုဝေးသော နေရာကို စူးစိုက်ကြည့်ပြီးနောက် ခဲတံကိုပြန်ကြည့်ပါ
-ထိုအတိူင်း အနီး အဝေး အပြန်အလှန်၅ကြိမ်ခန့် ပြောင်းလဲ ကြည့်ပါ။ ၃ကျော့ပြုလုပ်ပေးရပါမယ်နော်။