အမ်ိဳးသမီးေတြဟာ အသက္ရလာေလ အမ်ိဳးသမီးအခ်င္းခ်င္း စိတ္၀င္စားမႈ ပိုမ်ားလာေလ ျဖစ္တယ္လို႔ သိရ

Zawgyiျဖင့္ဖတ္ရန္

ေနာက္ဆံုးထုတ္ျပန္လုိက္တဲ့ ေလ့လာေတြ႕ရွိခ်က္အရ အမ်ိဳးသမီးထုရဲ႕ ၆၀ရာခုိင္ႏႈန္းဟာ အမ်ိဳးသမီးအခ်င္းခ်င္း စိတ္၀င္စားေနၾကပါတယ္တဲ့။ သင္ေရာ သူတို႔ထဲက တစ္ေယာက္မ်ားလား။ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ အမ်ိဳးသမီးအခ်င္းခ်င္း ဘယ္သူကေတာ့ ဘယ္လုိဆြဲေဆာင္မႈရွိတာ ဆုိတာမ်ိဳး ေျပာဖုိ႔ ၀န္မေလးၾကပါဘူး။ မင္းသမီးေတြကိုမွ မဟုတ္ပါဘူး။ သူတုိ႔ဟာ လမ္းသြားလမ္းလာ အမ်ိဳးသမီးေတြကစလို႔ ကိုယ့္ပတ္၀န္းက်င္အသိုင္းအ၀ိုင္းက ဘယ္အမ်ိဳးသမီးကျဖင့္ ဘယ္လိုေလး ဆုိတာမ်ိဳး ပြင့္ပြင့္လင္းလင္း ေျပာဆုိေလ့ရွိပါတယ္။

ဒါကို ေလ့လာေတြ႕ရွိခ်က္နဲ႔ သုေသတနျပဳခ်က္ေတြက ထပ္မံအတည္ျပဳေပးလုိက္တာကေတာ့ သူတုိ႔ဟာ အခ်င္းခ်င္း ခ်စ္ႀကိဳက္သြားဖုိ႔လည္း ၀န္မေလးၾကေတာ့ပါဘူးတဲ့။ Boise တကၠသိုလ္က သုေတသနျပဳသူေတြ ေျပာျပခ်က္အရေတာ့ အမ်ိဳးသမီးေတြထဲက ၆၀ရာခုိင္ႏႈန္းဟာ ပံုပန္းသ႑ာန္ေၾကာင့္ တစ္ဦးနဲ႔တစ္ဦး စြဲလန္းသေဘာက်တာမ်ိဳးျဖစ္ၾကျပီး၊ ၄၅ ရာခုိင္ႏႈန္းကေတာ့ အတိတ္မွာတုန္းကတည္းက မိန္းကေလးေတြကိုသာ သေဘာက်ခဲ့ဖူးတဲ့ စိတ္ရွိေနတာေၾကာင့္ ျဖစ္တယ္လို႔ ဆုိပါတယ္။ ေနာက္ထပ္ အမ်ိဳးသမီး ၅၀ရာခုိင္ႏႈန္းက်ျပန္ေတာ့ လိင္တူကိုသာ စိတ္၀င္စားၾကတာေၾကာင့္ပါတဲ့။

ခုလို အမ်ိဳးသမီးအခ်င္းခ်င္း ခ်စ္ႀကိဳက္သြားၾကတဲ့ အဓိကအခ်က္ကေတာ့ သူတုိ႔အခ်င္းခ်င္း နားလည္မႈ၊ ရင္းႏွီးမႈဟာ အမ်ိဳးသားေတြနဲ႔ ႏွစ္ဦးသား တည္ေဆာက္ရသလိုမခက္ခဲတာေၾကာင့္ပါ။ တစ္ခ်ိဳ႕အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြကို နားလည္မႈမေပးႏိုင္ၾကပါဘူး။ သူတုိ႔ဟာ သူငယ္ခ်င္းအဆင့္ကေန ပိုလာတဲ့ သံေယာဇဥ္ႀကိဳးေၾကာင့္ ခ်စ္ႀကိဳးသြယ္တဲ့အထိ ျဖစ္သြားတာမ်ိဳးလည္း ရွိေနပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြဟာ အခ်င္းခ်င္း ရိုင္းပင္းၾကသလို စိတ္ခံစားခ်က္ခ်င္း ပိုမိုနီးစပ္ၾကပါတယ္။ ဒါဟာ ႏွစ္ဦးသားအဆင့္ပိုတက္ဖုိ႔ တြန္းပို႔ေပးေနသလိုပါပဲ။ ဒါ့ေၾကာင့္လည္း တစ္ခါတစ္ေလ သူငယ္ခ်င္းမေလးႏွစ္ေယာက္ သိပ္ခင္မင္ေနျပီဆုိရင္ သူတုိ႔ၾကားမွာ ဘယ္လိုဆက္ႏြယ္မႈေတြရွိေနသလဲ စဥ္းစားရခက္ပါတယ္။

အမ်ိဳးသမီးေတြၾကား ခုလို ခ်စ္ႀကိဳးသြယ္ၾကတာမ်ိဳးဟာ လိင္ဆက္ဆံမႈကို အေျခခံ ျငိတြယ္သြားလို႔ မဟုတ္ပဲ တစ္ဦးနဲ႔တစ္ဦး စိတ္သက္သာရာရေစမႈ၊ ႏွစ္သိမ့္ေဖးမမႈ နဲ႔ အျခားစိတ္ခံစားခ်က္ေတြေၾကာင့္သာ ျဖစ္တယ္လို႔ ဆုိထားၾကပါတယ္။

Unicodeဖြင့်ဖတ်ရန်

အမျိုးသမီးတွေဟာ အသက်ရလာလေ အမျိုးသမီးအချင်းချင်း စိတ်ဝင်စားမှု ပိုများလာလေ ဖြစ်တယ်လို့ သိရ

နောက်ဆုံးထုတ်ပြန်လိုက်တဲ့ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးထုရဲ့ ၆၀ရာခိုင်နှုန်းဟာ အမျိုးသမီးအချင်းချင်း စိတ်ဝင်စားနေကြပါတယ်တဲ့။ သင်ရော သူတို့ထဲက တစ်ယောက်များလား။ အမျိုးသမီးတော်တော်များများဟာ အမျိုးသမီးအချင်းချင်း ဘယ်သူကတော့ ဘယ်လိုဆွဲဆောင်မှုရှိတာ ဆိုတာမျိုး ပြောဖို့ ဝန်မလေးကြပါဘူး။ မင်းသမီးတွေကိုမှ မဟုတ်ပါဘူး။ သူတို့ဟာ လမ်းသွားလမ်းလာ အမျိုးသမီးတွေကစလို့ ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ဘယ်အမျိုးသမီးကဖြင့် ဘယ်လိုလေး ဆိုတာမျိုး ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ရှိပါတယ်။

ဒါကို လေ့လာတွေ့ရှိချက်နဲ့ သုသေတနပြုချက်တွေက ထပ်မံအတည်ပြုပေးလိုက်တာကတော့ သူတို့ဟာ အချင်းချင်း ချစ်ကြိုက်သွားဖို့လည်း ဝန်မလေးကြတော့ပါဘူးတဲ့။ Boise တက္ကသိုလ်က သုတေသနပြုသူတွေ ပြောပြချက်အရတော့ အမျိုးသမီးတွေထဲက ၆၀ရာခိုင်နှုန်းဟာ ပုံပန်းသဏ္ဍာန်ကြောင့် တစ်ဦးနဲ့တစ်ဦး စွဲလန်းသဘောကျတာမျိုးဖြစ်ကြပြီး၊ ၄၅ ရာခိုင်နှုန်းကတော့ အတိတ်မှာတုန်းကတည်းက မိန်းကလေးတွေကိုသာ သဘောကျခဲ့ဖူးတဲ့ စိတ်ရှိနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ် အမျိုးသမီး ၅၀ရာခိုင်နှုန်းကျပြန်တော့ လိင်တူကိုသာ စိတ်ဝင်စားကြတာကြောင့်ပါတဲ့။

ခုလို အမျိုးသမီးအချင်းချင်း ချစ်ကြိုက်သွားကြတဲ့ အဓိကအချက်ကတော့ သူတို့အချင်းချင်း နားလည်မှု၊ ရင်းနှီးမှုဟာ အမျိုးသားတွေနဲ့ နှစ်ဦးသား တည်ဆောက်ရသလိုမခက်ခဲတာကြောင့်ပါ။ တစ်ချို့အမျိုးသမီးတွေဟာ အမျိုးသားတွေကို နားလည်မှုမပေးနိုင်ကြပါဘူး။ သူတို့ဟာ သူငယ်ချင်းအဆင့်ကနေ ပိုလာတဲ့ သံယောဇဉ်ကြိုးကြောင့် ချစ်ကြိုးသွယ်တဲ့အထိ ဖြစ်သွားတာမျိုးလည်း ရှိနေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အချင်းချင်း ရိုင်းပင်းကြသလို စိတ်ခံစားချက်ချင်း ပိုမိုနီးစပ်ကြပါတယ်။ ဒါဟာ နှစ်ဦးသားအဆင့်ပိုတက်ဖို့ တွန်းပို့ပေးနေသလိုပါပဲ။ ဒါ့ကြောင့်လည်း တစ်ခါတစ်လေ သူငယ်ချင်းမလေးနှစ်ယောက် သိပ်ခင်မင်နေပြီဆိုရင် သူတို့ကြားမှာ ဘယ်လိုဆက်နွယ်မှုတွေရှိနေသလဲ စဉ်းစားရခက်ပါတယ်။

အမျိုးသမီးတွေကြား ခုလို ချစ်ကြိုးသွယ်ကြတာမျိုးဟာ လိင်ဆက်ဆံမှုကို အခြေခံ ငြိတွယ်သွားလို့ မဟုတ်ပဲ တစ်ဦးနဲ့တစ်ဦး စိတ်သက်သာရာရစေမှု၊ နှစ်သိမ့်ဖေးမမှု နဲ့ အခြားစိတ်ခံစားချက်တွေကြောင့်သာ ဖြစ်တယ်လို့ ဆိုထားကြပါတယ်။