အိပ္ရာေဘးမွာ သံပုယိုသီးျခမ္း ထားအိပ္ျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ာ

Zawgyi ျဖင့္ဖတ္ရန္

သံပုယိုသီးကို အိပ္ယာေဘးမွာ အလုံးလိုက္ ထားအိပ္ထားထက္ ျခမ္းၿပီးထားတာက ပိုေကာင္းပါတယ္။ သံပုယိုသီးကို အစိပ္ေလးေတြ စိပ္လိုက္ၿပီး အေပၚကေန ဆားအနည္းငယ္ ျဖဴးလိုက္ပါ။ ၿပီးရင္ေတာ့ အိပ္ရာေဘး၊ ကုတင္ေဘး၊ ဒါမွမဟုတ္ အိပ္ရာနဲ႔နီးတဲ့ ျပတင္းေပါက္မွာ ထားၿပီး အိပ္စက္ပါ။ အဲလို ထားအိပ္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကေတာ့ –

၁) ႏွာပိတ္ျခင္းကို သက္သာေစတယ္

သံပုယိုသီးရဲ႕အနံ႔ဟာ အသက္ရႉလမ္းေခ်ာင္းကို ေခ်ာေမြ႕ေစၿပီး ဘက္တီးရီးယားေတြကိုလည္း ကာကြယ္ႏိုင္ပါတယ္။ ညဘက္ ႏွာပိတ္လို႔ အိပ္မရဘူးဆိုရင္ သံပုယိုျခမ္းေလး ေဘးမွာ ထားအိပ္ျခင္းက ေကာင္းမြန္စြာ အသက္ရႉႏိုင္မွာပါ။

၂) စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစတယ္

အိပ္ရာေဘး သံပုယိုျခမ္းထားအိပ္ျခင္းရဲ႕ အဓိက အက်ိဳးေက်းဇူးတစ္ခုကေတာ့ စိတ္ဖိစီးမႈေတြကို ေလ်ာ့နည္းေစတာပါ။ သံပုယိုအနံ႔က စိတ္အာ႐ုံေတြကို ေျဖေလွ်ာ့ေပးပါတယ္။ သံပုယိုသီးရဲ႕ အခ်ဥ္အနံ႔ဦးေႏွာက္ကို အနားရေစၿပီး ခႏၶာကိုယ္နဲ႔ စိတ္ကို သက္ေတာင့္သက္သာ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေကာင္းမြန္တဲ့ အိပ္စက္ျခင္းကို ရရွိေစပါတယ္။

၃) အင္းဆက္ပိုးမႊားေတြကို ေျပးေစတယ္

သံပုယိုသီးရဲ႕ စူးရွတဲ့အနံ႔ကို အင္းဆက္ေတြက မခံႏိုင္တာေၾကာင့္ သံပုယိုသီးနံ႔ရရင္ အင္းဆက္ေတြ ေျပးပါတယ္။ ဒါေၾကာင့္ ျခင္ကိုက္မွာကို စိုးရိမ္စရာမလိုဘဲ စိတ္ခ်လက္ခ် အိပ္ႏိုင္ပါတယ္။

၄) အခန္းတြင္းေလကို သန္႔စင္ေပးတယ္

သံပုယိုျခမ္းဟာ ေလထဲက အႏၲရာယ္ရွိတဲ့ ဘက္တီးရီးယားေတြကို စုတ္ယူေပးၿပီး ေလကို သန္႔စင္ေစပါတယ္။ အခန္းတြင္းေလကို သန္႔စင္ေပး႐ုံသာမရ တစ္ခန္းလုံး သံပုယိုနံ႔သင္းသင္းေလး ေမႊးေနေစပါတယ္။

၅) ေသြးဖိအား နည္းေစတယ္

ေသြးဖိအားမ်ားေနတဲ့သူေတြဆိုရင္ သံပုယိုသီးျခမ္းကို အနားမွာ ထားအိပ္သင့္ပါတယ္။ သံပုယိုနံ႔က ေသြးေၾကာေလးေတြကို သက္ေတာင့္သက္သာျဖစ္ေစၿပီး တင္းေနတဲ့ ေသြးေၾကာေလးေတြကို ေျဖေလွ်ာ့ေပးႏိုင္ပါတယ္။

၆) မနက္ခင္းကို လန္းဆန္းစြာ ႏိုးထေစတယ္

သံပုယိုနံ႔ေၾကာင့္ မနက္ႏိုးတဲ့အခါ အားအင္ျပည့္ဝသလို ခံစားရၿပီး လန္းဆန္းေနေစမွာပါ။ သံပုယိုနံ႔ဟာ ဦးေႏွာက္ထဲကေန Serotonin ဓာတ္ေတြထြက္ဖို႔ အားေပးပါတယ္။ အဲဒီ့ဓာတ္ဟာ အိပ္စက္ျခင္းကိုသာမက စိတ္အာ႐ုံကိုပါ တိုးတက္ေကာင္းမြန္ေစပါတယ္။

ညဘက္အိပ္မေပ်ာ္တတ္တဲ့သူေတြဆို သံပုယိုျခမ္းကို ေန႔စဥ္အိပ္ရာေဘး ထားအိပ္ေပးျခင္းအားျဖင့္ ေကာင္းမြန္စြာ အိပ္စက္ႏိုင္လာမွာပါ။ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးဆိုေတာ့ ဒီညပဲ ထားအိပ္လိုက္ေတာ့ေနာ္။ တစ္ခုသတိထားရမွာက မနက္ႏိုးရင္ေတာ့ သံပုယိုျခမ္းကို လႊင့္ပစ္လိုက္ပါ။ သံပုယိုျခမ္းကို တစ္ညထက္ ပိုထားတာ မေကာင္းလို႔ပါ။

Unicode ဖြင့်ဖတ်ရန်

အိပ်ရာဘေးမှာ သံပုယိုသီးခြမ်း ထားအိပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

သံပုယိုသီးကို အိပ်ယာဘေးမှာ အလုံးလိုက် ထားအိပ်ထားထက် ခြမ်းပြီးထားတာက ပိုကောင်းပါတယ်။ သံပုယိုသီးကို အစိပ်လေးတွေ စိပ်လိုက်ပြီး အပေါ်ကနေ ဆားအနည်းငယ် ဖြူးလိုက်ပါ။ ပြီးရင်တော့ အိပ်ရာဘေး၊ ကုတင်ဘေး၊ ဒါမှမဟုတ် အိပ်ရာနဲ့နီးတဲ့ ပြတင်းပေါက်မှာ ထားပြီး အိပ်စက်ပါ။ အဲလို ထားအိပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ –

၁) နှာပိတ်ခြင်းကို သက်သာစေတယ်

သံပုယိုသီးရဲ့အနံ့ဟာ အသက်ရှူလမ်းချောင်းကို ချောမွေ့စေပြီး ဘက်တီးရီးယားတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ ညဘက် နှာပိတ်လို့ အိပ်မရဘူးဆိုရင် သံပုယိုခြမ်းလေး ဘေးမှာ ထားအိပ်ခြင်းက ကောင်းမွန်စွာ အသက်ရှူနိုင်မှာပါ။

၂) စိတ်ဖိစီးမှုကို လျော့နည်းစေတယ်

အိပ်ရာဘေး သံပုယိုခြမ်းထားအိပ်ခြင်းရဲ့ အဓိက အကျိုးကျေးဇူးတစ်ခုကတော့ စိတ်ဖိစီးမှုတွေကို လျော့နည်းစေတာပါ။ သံပုယိုအနံ့က စိတ်အာရုံတွေကို ဖြေလျှော့ပေးပါတယ်။ သံပုယိုသီးရဲ့ အချဉ်အနံ့ဦးနှောက်ကို အနားရစေပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိစေပါတယ်။

၃) အင်းဆက်ပိုးမွှားတွေကို ပြေးစေတယ်

သံပုယိုသီးရဲ့ စူးရှတဲ့အနံ့ကို အင်းဆက်တွေက မခံနိုင်တာကြောင့် သံပုယိုသီးနံ့ရရင် အင်းဆက်တွေ ပြေးပါတယ်။ ဒါကြောင့် ခြင်ကိုက်မှာကို စိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချ အိပ်နိုင်ပါတယ်။

၄) အခန်းတွင်းလေကို သန့်စင်ပေးတယ်

သံပုယိုခြမ်းဟာ လေထဲက အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို စုတ်ယူပေးပြီး လေကို သန့်စင်စေပါတယ်။ အခန်းတွင်းလေကို သန့်စင်ပေးရုံသာမရ တစ်ခန်းလုံး သံပုယိုနံ့သင်းသင်းလေး မွှေးနေစေပါတယ်။

၅) သွေးဖိအား နည်းစေတယ်

သွေးဖိအားများနေတဲ့သူတွေဆိုရင် သံပုယိုသီးခြမ်းကို အနားမှာ ထားအိပ်သင့်ပါတယ်။ သံပုယိုနံ့က သွေးကြောလေးတွေကို သက်တောင့်သက်သာဖြစ်စေပြီး တင်းနေတဲ့ သွေးကြောလေးတွေကို ဖြေလျှော့ပေးနိုင်ပါတယ်။

၆) မနက်ခင်းကို လန်းဆန်းစွာ နိုးထစေတယ်

သံပုယိုနံ့ကြောင့် မနက်နိုးတဲ့အခါ အားအင်ပြည့်ဝသလို ခံစားရပြီး လန်းဆန်းနေစေမှာပါ။ သံပုယိုနံ့ဟာ ဦးနှောက်ထဲကနေ Serotonin ဓာတ်တွေထွက်ဖို့ အားပေးပါတယ်။ အဲဒီ့ဓာတ်ဟာ အိပ်စက်ခြင်းကိုသာမက စိတ်အာရုံကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။

ညဘက်အိပ်မပျော်တတ်တဲ့သူတွေဆို သံပုယိုခြမ်းကို နေ့စဉ်အိပ်ရာဘေး ထားအိပ်ပေးခြင်းအားဖြင့် ကောင်းမွန်စွာ အိပ်စက်နိုင်လာမှာပါ။ အကျိုးကျေးဇူးတွေ အများကြီးဆိုတော့ ဒီညပဲ ထားအိပ်လိုက်တော့နော်။ တစ်ခုသတိထားရမှာက မနက်နိုးရင်တော့ သံပုယိုခြမ်းကို လွှင့်ပစ်လိုက်ပါ။ သံပုယိုခြမ်းကို တစ်ညထက် ပိုထားတာ မကောင်းလို့ပါ။