ဆံကေသာနည်းနေလို့ စိတ်မညစ်နဲ့ တစ်ပတ်အတွင်း ဆံပင် (၃)လက်မအထိ ရှည်သွားစေမယ့် နည်းလမ်းလေး 

ဆံပင်ရှည်ရှည်လေးနဲ့ မိန်းကလေး တစ်ယောက်ဖြစ်ဖို့ဆိုတာ မိန်းကလေးတော်တော်များများရဲ့ အိမ်မက်တေွထဲက အိမ်မက်တစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတေွဆိုတာ အမြဲလှလှပပလေး ဖြစ်နေတာကိုပဲ ကြိုက်နှစ်သက်ကြလို့ပါပဲ။ ဒီတစ်ခါမှာတော့ ဆံပင်ရှည်နေှးလို့ စိတ်ညစ်နေပြီး ဆံပင်ရှည်ရှည်လေးနဲ့ မိန်းကလေးဖြစ်ချင်တဲ့ ဆန္ဒတေွကို ကောင်ေးကာင်း အကောင်အထည််ဖော်ပေးမယ့် နည်းလမ်းလေးအကြောင်းကို ပြောပြပေးသွားပါမယ်။ ဒီနည်းလမ်းလေးတေွကိုသာ သေချာ လုပ်ကြည့်ပေးပါ။ တစ်ပတ်အတွင်း (၃)လက်မအထိ သင့်ဆံကေသာ ကောင်းကောင်းနဲ့ရှည်လာမယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။ ကဲ ဒါဆို ကျှန်တော်တို့တေွ အခုပဲ စလိုက်ရအောင်
ထိုနည်းလမ်းလေးတေွကတော့

ပထမနည်း

ကြက်သွန်နီမှာ ပါ၀င်တဲ့ ဆာလဖာဟာ ဆံကေသာသန်စွမ်းစေဖို့အတွက် ကောင်းကောင်း အထောက်အပံ့ပေးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ အရင်ဦးဆုံး ကြက်သွန်နီကို ကြိတ်ချေစက်ထဲမှာ ထည့်ပြီးတော့ ကြိတ်ချေလိုက်ပါ။ ပြီးရင် ကြက်သွန်နီအရည် ရလာပြီဆိုရင် အုန်းဆီ စားပွဲတင်ဇွန်း(၂) ဇွန်းခန့်နဲ့ ရောမေွှလိုက်ပါ။

ခနနေ ခေါင်းမလေှျာ်ခင် ဦးရေပြားနဲ့ ဆံပင်အားလုံးမှာ လိမ်းထားပေးပါ။ ၁ဝ မိနစ်လောက်နေမှ ခေါင်းလေှျာ်ပေးပါ။ းါဆိုရင်တော့ သင့်ဆံကေသာအတွက် အိုကေပါပြီ။ ဒီနည်းလမ်းလေးကိုသာ တစ်ပတ်မှာ (၂) ကြိမ် ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် ဆံပင်အရှည် (၃) လက်မကို အမြန်ဆုံး ပိုင်ဆိုင်ရမှာပါ။

ဒုတိယနည်း

ဒီဒုတိယနည်းလမ်းလေးကတော့ သင့်အတွက် အလွယ်ကူဆုံး ဖြစ်မှာပါ။ အရင်ဦးဆုံး ရှားစောင်းလက်ပတ်ရဲ့ အတွင်းသားဂျယ်လ်လေးတေွကို ယူပြီးတော့ ဆံပင်မှာ လိမ်းထားပေးပါ။ ဒါပေမယ့် ဦးရေပြားထိအောင် လိမ်းပေးဖို့တော့ လိုပါတယ်။ ဒါမှ ဆံပင်သန်စွမ်းခြင်းတေွ ပိုမို ဖြစ်ပေါ်လာစေမှာပါ။ လိမ်းထားပြီး (၁၀) မိနစ်လောက် နေရင် ရေနဲ့ ဖြည်းဖြည်းချင်း လေှျာ်ပေးပါ။

ပြီးမှ ခေါင်းလေှျာ်ရည်နဲ့ သေချာ လေှျာ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်အတွက် လှပတဲ့ဆံကေသာလေးကို ရပါပြီ။ ဒီနည်းလမ်းလေးကိုသာ တစ်ပတ်မှာ (၃) ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် သင့်ဆံကေသာလေး (၃)လက်မ အထိ ရှည်လာမှာပဲ ဖြစ်ပါတယ်။

ကဲ ဒါဆို အားလုံးပဲ ဆံကေသာလှပတဲ့ မိန်းမချောလေးတေွ ဖြစ်ကြပါစေ။