မနက္ခင္းအိပ္ရာႏိုးႏိုးခ်င္း ေရေသာက္ျခင္းေၾကာင့္ ကိုယ္ခႏၲာတြင္ ေျပာင္းလဲလာမူမ်ာ

မနက္ခင္း အိပ္ရာနုိးနုိးခ်င္း ဆုိတာဟာ ဗုိက္ထဲမွာ ဘာအစာမွ မထည့္ရေသးခ်ိန္ကုိဆုိလုိပါတယ္။ ဝမ္းဗုိက္ဗလာနဲ႕ ေရေသာက္ျခင္းေၾကာင့္ ကုိယ္ခႏၱာမွာေျပာင္းလဲ လာတဲ႕အရာေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။

လန္းဆန္းတက္ၾကြက္၊ က်န္းမာ

မနက္ခင္း အိပ္ရာနုိးတဲ႕အခ်ိိန္၊ ဝမ္းဗုိက္ဗလာနဲ႕ေရေသာက္ျခင္း ေန႕ရက္အနည္းငယ္ၾကာလာတဲ႕အခါ ပုိမုိ ေပါ့ပါးလန္းဆန္းလာေစပါတယ္။ ကုိယ္ခႏၱာ က အဆိတ္အေတာက္ေတြကုိလဲ လြယ္လြယ္ကူကူ ဖယ္ရွားေပးနုိင္ပါတယ္။

ကုိယ္တြင္းျဖစ္စဥ္မ်ားတုိးတက္

ဒီအေလ့က်င့္ေကာင္းဟာ diet လုပ္ေနတဲ႕သူေတြကုိလဲအကူညီျဖစ္ပါတယ္။ အျမဲတမ္းဗုိက္ဆာေနတတ္တဲ႕သူေတြဆုိရင္ ဒီအေလ့က်င့္ကုိ စအျပီးမွာ ဗုိက္ဆာတတ္ျခင္းခဏခဏ မျဖစ္ေတာ့ပါဘူး။

ဝိတ္က်ေစ

ဒါ႕အျပင္ အစာစားခ်င္စိတ္ပုံမွန္ထက္ ေလ်ာ့က်သြားျခင္းေၾကာင့္ ဝိတ္က်ေစနုိင္တဲ႕လမ္းကုိဦးတည္နုိင္ပါတယ္။ ကုိယ္ဘက္ကပုိၾကိဳးစားသင့္တာေတာ့ က်န္းမာတဲ႕အစားေသာက္နဲ႕ေလ့က်င့္ခန္းလုပ္ေပးျခင္းျဖစ္ပါတယ္။

အသာအရည္ၾကည္လင္

မနက္ခင္းအိပ္ရာထခ်ိန္ေရေသာက္ျခင္္းဟာ ပါးေပၚက အေရးအေၾကာင္းေတြကုိလဲေလ်ာ့နည္းေစျပီး အသားအရည္ကုိ က်န္းမာျပီး ဝင္းလက္စုိေျပေစနိုင္ပါတယ္။ ဒါ႕အျပင္ ေရဓာတ္ဟာ က်န္းမာတဲ႕ ဆံေကသာကုိလဲပုိင္ဆုိင္ဖုိ႕အေထာက္ကူေပးနုိင္ပါတယ္။

မနက္ခင္းေရေသာက္ခ်င္သူေတြကုိအၾကံေပးခ်င္တာကေတာ့

မနက္ခင္းအိပ္ရာနိုးခ်ိန္သြားမတုိက္ခင္ ေရတစ္ဖန္ခြက္ကုိ ခ်က္ခ်င္းေသာက္ေပးပါ။ ဖန္ခြက္ၾကီးၾကီးနဲ႕ေသာက္ပါလို႕ ေဆာင္းပါးေတြမွာေဖာ္ျပေလ့ရွိပါတယ္။ ဒါေပမယ့္ အစပိုင္းမွာ ခက္ခဲတာမို႕ အနည္းကပဲစျပီးၾကိဳးစားပါ။ေရေသာက္ျပီး ေနာက္ ၄၅ မိနစ္အတြင္းအစာမစားပါနွင့္။၄၅ မိနစ္ၾကာျပီး မနက္စာ စားနုိုင္သည္။

Unicode ဖြင့်ဖတ်ရန်

မနက်ခင်း အိပ်ရာနိုးနိုးချင်း ဆိုတာဟာ ဗိုက်ထဲမှာ ဘာအစာမှ မထည့်ရသေးချိန်ကိုဆိုလိုပါတယ်။ ဝမ်းဗိုက်ဗလာနဲ့ ရေသောက်ခြင်းကြောင့် ကိုယ်ခန္တာမှာပြောင်းလဲ လာတဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

လန်းဆန်းတက်ကြွက်၊ ကျန်းမာ

မနက်ခင်း အိပ်ရာနိုးတဲ့အချိန်၊ ဝမ်းဗိုက်ဗလာနဲ့ရေသောက်ခြင်း နေ့ရက်အနည်းငယ်ကြာလာတဲ့အခါ ပိုမို ပေါ့ပါးလန်းဆန်းလာစေပါတယ်။ ကိုယ်ခန္တာ က အဆိတ်အတောက်တွေကိုလဲ လွယ်လွယ်ကူကူ ဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ်တွင်းဖြစ်စဉ်များတိုးတက်

ဒီအလေ့ကျင့်ကောင်းဟာ diet လုပ်နေတဲ့သူတွေကိုလဲအကူညီဖြစ်ပါတယ်။ အမြဲတမ်းဗိုက်ဆာနေတတ်တဲ့သူတွေဆိုရင် ဒီအလေ့ကျင့်ကို စအပြီးမှာ ဗိုက်ဆာတတ်ခြင်းခဏခဏ မဖြစ်တော့ပါဘူး။

ဝိတ်ကျစေ

ဒါ့အပြင် အစာစားချင်စိတ်ပုံမှန်ထက် လျော့ကျသွားခြင်းကြောင့် ဝိတ်ကျစေနိုင်တဲ့လမ်းကိုဦးတည်နိုင်ပါတယ်။ ကိုယ်ဘက်ကပိုကြိုးစားသင့်တာတော့ ကျန်းမာတဲ့အစားသောက်နဲ့လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြစ်ပါတယ်။

အသာအရည်ကြည်လင်

မနက်ခင်းအိပ်ရာထချိန်ရေသောက်ခြင်းဟာ ပါးပေါ်က အရေးအကြောင်းတွေကိုလဲလျော့နည်းစေပြီး အသားအရည်ကို ကျန်းမာပြီး ဝင်းလက်စိုပြေစေနိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ဟာ ကျန်းမာတဲ့ ဆံကေသာကိုလဲပိုင်ဆိုင်ဖို့အထောက်ကူပေးနိုင်ပါတယ်။

မနက်ခင်းရေသောက်ချင်သူတွေကိုအကြံပေးချင်တာကတော့

မနက်ခင်းအိပ်ရာနိုးချိန်သွားမတိုက်ခင် ရေတစ်ဖန်ခွက်ကို ချက်ချင်းသောက်ပေးပါ။ ဖန်ခွက်ကြီးကြီးနဲ့သောက်ပါလို့ ဆောင်းပါးတွေမှာဖော်ပြလေ့ရှိပါတယ်။ ဒါပေမယ့် အစပိုင်းမှာ ခက်ခဲတာမို့ အနည်းကပဲစပြီးကြိုးစားပါ။ရေသောက်ပြီး နောက် ၄၅ မိနစ်အတွင်းအစာမစားပါနှင့်။၄၅ မိနစ်ကြာပြီး မနက်စာ စားနိုင်သည်။