ဝိတ်ကျစေဖို့အတွက် ငှက်ပျော်သီး စားပေးသင့်တဲ့ အကြောင်းများ





Unicode ဖြင့်ဖတ်ရန်

ဝိတ်ကျစေဖို့အတွက် ငှက်ပျော်သီး စားပေးသင့်ကြောင်း ကျွမ်းကျင်သူများပြောကြား

ငှက်ပျော်သီးဘယ်လောက်များများစားတယ်ဆိုတဲ့ အပေါ်မှာ ဝိတ်တတ် ၊ ဝိတ်ကျတာတွေဖြစ်စေပါတယ်။ တကယ်လို့သင့်က ငှက်ပျော်သီးကလွဲပြီး တခြားဘာမှမစားဘူးဆိုရင်တော့ ဝိတ်ကျစေပါတယ်။ ငှက်ပျော်သီးက ကျန်းမာရေးအတွက်ကောင်းစေပါတယ်။

ငှက်ပျော်သီးတစ်လုံးမှာ (၁၀၈) ကယ်လိုရီ ရှိပြီး carbohydrate (၁၈) ဂရမ် နဲ့ ညီမျှပါတယ်။ carbohydrate ဆိုတာကတော့ ခန္ဓာကိုယ့်အတွင်းပိုင်းရဲ့ လုပ်ဆောင်မှုတွေအတွက် လိုအပ်ပါတယ်။ ဒါပေမယ့် carbohydrate ပိုလျှံနေရင်တော့ ဝိတ်တတ်လာစေနိုင်ပါတယ်။

ငှက်ပျော်သီးမှာ ဗီတာမင် ၊ သတ္တုဓာတ် နဲ့ အမျှင်ဓာတ်တို့ပါတာကြောင့် အစာခြေဖျက်နှုန်းကိုမြင့်စေပါတယ်။ အစာခြေဖျက်နှုန်းကိုမြင့်တာနဲ့ အလိုအလျှောက် ဝိတ်ကျသွားနိုင်ပါတယ်။ ငှက်ပျော်သီးက အဆာခံတဲ့အတွက်ကြောင့် ဗိုက်တော်တော်နဲ့မဆာပါဘူး။

ငှက်ပျော်သီးမှာ glycemic index နည်းတာကြောင့် ဝိတ်ကျသွားစေဖို့ အထောက်အကူဖြစ်ပါတယ်။ အသီးတော်တော်များများက vitamin B6 ကြွယ်ဝစွာ မပါဝင်တတ်ကြပါဘူး။ ငှက်ပျော်သီးမှာတော့ လုံလောက်တဲ့ vitamin B6 ပါတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာလာစေပါတယ်။ vitamin B5 နဲ့ folic acid နည်းတာတွေက တခြားရောဂါတွေကိုဖြစ်စေနိုင်တဲ့အပြင် နှလုံးရောဂါပါဖြစ်စေနိုင်ပါတယ်။ ငှက်ပျော်သီးစားခြင်းက နှလုံးရောဂါကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။