သင့်အသားအရေကိုချက်ချင်းဖြူဝင်းသွားစေမယ့် ရှားစောင်းလက်ပပ်အသုံးပြုနည်း(၄)မျိုး
သင့်အသားအရေကိုချက်ချင်းဖြူဝင်းသွားစေမယ့် ရှားစောင်းလက်ပပ်အသုံးပြုနည်း(၄)မျိုး …
အသားအရေကို ဖြူဝင်းပြီး ကြည်လင်နေတာကို ကြိုက်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခု ရှိပါတယ်။
အဲဒါက ဘာလဲဆိုတော့ ရှားစောင်းလက်ပပ်ကို နည်းလမ်းမှန်မှန် သုံးပေးရင် သင့်အသားအရေကို
အလျင်မြန်ဆုံး ဖြူဝင်းသွားစေနိုင်တယ် ဆိုတာပါပဲ ။
ဒီတော့ အသားအရေကို အချိန်တိုအတွင်း ဖြူဝင်းသွားစေမယ့် ရှားစောင်းလက်ပပ် ပေါင်းတင်နည်းလေးကို ချစ်တို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော် ။
သင့်အသားအရေကိုချက်ချင်းဖြူဝင်းသွားစေမယ့် ရှားစောင်းလက်ပပ်အသုံးပြုနည်း(၄)မျိုး
(၁) ရှားစောင်းလက်ပပ်နဲ့ သကြား”
– ရှားစောင်းလက်ပပ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
– သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပါဝင်ပစ္စည်းများကို သေသေချာချာ သမသွားအောင် ရောမွှေပြီး ရလာတဲ့အနှစ်ကို လိမ်းလိုက်ပါ။
ပြီးရင်တော့ စက်ဝိုင်း ပုံသဏ္ဍာန်နဲ့ ညင်သာစွာ ပွတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် အကြာမှာတော့ ရေအေးလေးနဲ့ ဆေးချပေးလိုက်ရုံပါပဲ ။
သင့်အသားအရေကိုချက်ချင်းဖြူဝင်းသွားစေမယ့် ရှားစောင်းလက်ပပ်အသုံးပြုနည်း(၄)မျိုး
(၂) နွားနို့”
နွားနို့နဲ့ ရှားစောင်းလက်ပပ် အနှစ်ကို ဆတူရောကာ သေသေချာချာ မွှေလိုက်ပါ။
ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်းကာ နာရီဝက်အကြာမှာ ရေနွေးလေးနဲ့ ဆေးကြောပေးလိုက်ရုံပါပဲ။
ဒီနည်းလမ်းလေးဟာ အသားအရေကို အမြန်ဆုံး ဖြူဝင်းလာစေမယ့် နည်းလမ်းလေးတစ်ခုပဲ ဖြစ်ပါတယ် ။
(၃) ပျားရည်”
ပျားရည်နဲ့ ရှားစောင်းလက်ပပ် အနှစ်ကို ဆတူ ရောစပ်လိုက်ပါ။
ပြီးရင်တော့ အရေပြားပေါ်မှာ လိမ်းပြီး ၁၅ မိနစ်အကြာမှာ ရေဆေးလိုက်ရုံပါပဲ။
ဒီနည်းလမ်းလေးဟာ အသားအရေကို ဖြူဝင်းလာစေရုံသာမက ရေဓာတ်ကိုပါ ဖြည့်ပေးနိုင်တဲ့အတွက် အရမ်းကို အသုံးဝင်လွန်းပါတယ် ။
သင့်အသားအရေကိုချက်ချင်းဖြူဝင်းသွားစေမယ့် ရှားစောင်းလက်ပပ်အသုံးပြုနည်း(၄)မျိုး
(၄) သေဘၤာသီး”
သင်္ဘောသီးဟာ အသားအရေကို ဖြူဝင်းစေတဲ့ အစွမ်းထက် သဘာဝ ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။
ရှားစောင်းလက်ပပ် အနှစ်နဲ့ ကြိတ်ချေထားတဲ့ သင်္ဘောသီး မှည့်တို့ကို ဆတူရောစပ်ပြီး လိမ်းကြံပေးပါ ။
နာရီဝက်အကြာမှာတော့ ရေဆေးချ လိုက်ရုံပါပဲ။ ဒီနည်းလမ်းလေးဟာ
ဘယ်လို အသားအရေမျိုးနဲ့မဆို တည့်တဲ့အတွက် Sensitive Skin တွေလည်း အသုံးပြု ပေးနိုင်ပါတယ် ။ ။