အသားအရေလှပစေမယ့်အပြင် ငွေကုန်လည်းသက်သာစေတဲ့ သခွားသီး Body Scrub

သခွားသီးဆိုတာ အလှအပရေးရာအဖြာဖြာအတွက် အရမ်းအသုံးဝင်တယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ Body Scrub ဆိုတာလည်း တစ်ပတ်တစ်ခါသာ ပုံမှန်လုပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းပြီး အသားအရေနူးညံ့စိုပြည်လာစေမယ်။ ဆဲလ်သေတွေဖယ်ရှားပေးလို့ အသားအရေလည်း ကြည်လင်လာစေပါတယ်။ ဒါကြောင့် Body Scrub လည်းလုပ်လို့ရအောင် ငွေကုန်လည်းသက်သာအောင် သခွားသီး Body Scrub ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

သခွားသီး Body Scrub ပြုလုပ်ဖို့အတွက် ရေသန့် – ၁ ခွက်၊ သကြားဖြူ – ၂၀၀ ဂရမ်၊ နုတ်နုတ်စင်းထားတဲ့ သခွားသီး – ခွက်ရဲ့လေးပုံ ပုံ သုံးပုံစာ (၁၁၂ ဂရမ်)၊ အုန်းဆီ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ (၅၂ ဂရမ်)တို့ကို Blender ထဲထည့်ပြီး ၄၅ စက္ကန့်ကြာအောင် မွှေပါ။ အနံ့မွှေးချင်ရင် ပင်စိမ်းရွက်ကိုလည်း ကြိတ်ပြီးထည့်လို့ရပါတယ်။

သေချာမွှေပြီးပြီဆိုရင်တော့ ဘူး (သို့) Jar ထဲကိုထည့်ပြီး ရေခဲသေတ္တာထဲမှာ ၅ ရက်လောက်သိမ်းထားလိုက်ပါ။ ပြီးရင်တော့ Body Scrub အဖြစ် ထုတ်သုံးလို့ရပါပြီ။ သုံးပြီးတိုင်းမှာလည်း ရေခဲသေတ္တာထဲထည့်ထားဖို့ လိုပါတယ်။ ဘယ် Scrub ပဲဖြစ်ဖြစ် အပြင်မှာထုတ်မထားရပါဘူးနော်။ ရေခဲသေတ္တာထဲမှာပဲ သိမ်းထားရမှာပါ။

Zawgyi

သခြားသီးဆိုတာ အလွအပေရးရာအျဖာျဖာအတြက္ အရမ္းအသုံးဝင္တယ္ဆိုတာ အားလုံးလည္းသိၿပီးသားျဖစ္မွာပါ။ Body Scrub ဆိုတာလည္း တစ္ပတ္တစ္ခါသာ ပုံမွန္လုပ္ေပးမယ္ဆိုရင္ ေသြးလည္ပတ္မႈေကာင္းၿပီး အသားအေရႏူးညံ့စိုျပည္လာေစမယ္။ ဆဲလ္ေသေတြဖယ္ရွားေပးလို႔ အသားအေရလည္း ၾကည္လင္လာေစပါတယ္။ ဒါေၾကာင့္ Body Scrub လည္းလုပ္လို႔ရေအာင္ ေငြကုန္လည္းသက္သာေအာင္ သခြားသီး Body Scrub ျပဳလုပ္နည္းေလး မွ်ေဝေပးလိုက္ပါတယ္။

သခြားသီး Body Scrub ျပဳလုပ္ဖို႔အတြက္ ေရသန႔္ ၁ ခြက္၊ သၾကားျဖဴ ၂၀၀ ဂရမ္၊ ႏုတ္ႏုတ္စင္းထားတဲ့ သခြားသီး ခြက္ရဲ႕ေလးပုံ ပုံ သုံးပုံစာ (၁၁၂ ဂရမ္)၊ အုန္းဆီ ခြက္ရဲ႕ ေလးပုံ ပုံ တစ္ပုံစာ (၅၂ ဂရမ္)တို႔ကို Blender ထဲထည့္ၿပီး ၄၅ စကၠန႔္ၾကာေအာင္ ေမႊပါ။ အနံ႕ေမႊးခ်င္ရင္ ပင္စိမ္း႐ြက္ကိုလည္း ႀကိတ္ၿပီးထည့္လို႔ရပါတယ္။

ေသခ်ာေမႊၿပီးၿပီဆိုရင္ေတာ့ ဘူး (သို႔) Jar ထဲကိုထည့္ၿပီး ေရခဲေသတၱာထဲမွာ ၅ ရက္ေလာက္သိမ္းထားလိုက္ပါ။ ၿပီးရင္ေတာ့ Body Scrub အျဖစ္ ထုတ္သုံးလို႔ရပါၿပီ။ သုံးၿပီးတိုင္းမွာလည္း ေရခဲေသတၱာထဲထည့္ထားဖို႔ လိုပါတယ္။ ဘယ္ Scrub ပဲျဖစ္ျဖစ္ အျပင္မွာထုတ္မထားရပါဘူးေနာ္။ ေရခဲေသတၱာထဲမွာပဲ သိမ္းထားရမွာပါ။